Thursday, December 22, 2016

အမြန်လမ်းပေါ်၌ မန္တလာမင်းယာဉ်တိမ်းမှောက် ၇ဦးသေ ၃၇ဦးဒဏ်ရာရ

Share it Please
နပြည်တော်-ရန်ကုန် သို့မောင်းနှင်လာသော မန္တလာမင်း ယာဉ်သည် အမြန်လမ်း ၉၁ မိုင် ၄/၅ ဖာလုံကြားတွင် တံတားနှစ်ဖက်ကြားသို့ ပြုတ်ကျကာ ၇ဦးသေဆုံးပြီး ၃၇ဦး ဒဏ်ရာရရှိခဲ့သည်။

"ဒဏ်ရာရတဲ့လူတွေကို ၈၃မိုင်ဆေးရုံနှင့် ကျောက်တံခါးဆေးရုံတွေမှာပို့ထားတယ်၊ ဒဏ်ရာပြင်းထန်တဲ့လူတွေလဲရှိတယ်"ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော မန္တလာမင်း ခရီးသည်တင်ယာဉ်တစ်စီးသည် ဒီဇင်ဘာလ ၂၂ ရက် ည ၇ နာရီအချိန်ခန့်က ရန်ကုန်-မန္တ​လေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၁ မိုင် ၄ဖာလုံနှင့် ၅ဖာလုံကြားတွင် လမ်းလယ်ကျွန်းပေါ်သို့ ကျော်တက်ကာ တံတားနှစ်စင်းကြား ရောက်ရှိတိမ်းမှောက်


မှုဖြစ်ပွားခဲ့ရာ ၇ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

No comments:

Post a Comment