Thursday, March 23, 2017

Group Selfie ကို တစ်ခေတ်ဆန်းစေမည့် OPPO ၏ F3 Plus ကို မိတ်ဆက်



လျှပ်စစ်နှင့် နည်းပညာ ပစ္စည်းများ ဖြန့်ဖြူးနေသည့် ကုမ္မဏီကြီးတစ်ခုဖြစ်သည့် OPPO သည် ၄င်း၏ နောက်ဆုံးပေါ် ထုတ်ကုန်သစ်ဖြစ်သည့် Selfie ဘုရင်မျိုးဆက် F3 Plus စမတ်ဖုန်းကို ယနေ့ မိတ်ဆက်လိုက်သည်။ OPPO မှ ပထမဆုံးသော Selfie ကင်မရာနှစ်ခု ပါဝင်ကာ group selfie အတွက် ယခင်ထွက်ရှိဖူးသမျှ ဖုန်းများတွင် မပါရှိသေးသော ၁၂၀ ဒီဂရီ wide-angle ကင်မရာ ပါဝင်သည့် F3 Plus စမတ်ဖုန်းကို  ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်  နှင့် မြန်မာနိုင်ငံတို့တွင် ဧပြီလ ရက်နေ့၌ တစ်ပြိုင်တည်း ရောင်းချသွားမည်ဖြစ်သည်။

OPPO F3 Plus တွင် အကောင်းမွန်ဆုံး selfie ပုံများကို ရိုက်ကူးနိုင်မည့် 16-megapixel အရည်အသွေး ရှိသော အရှေ့ကင်မရာပါဝင်လာမည့်အပြင် group selfie ရိုက်ကူးမှုများအတွက် ပိုမိုအဆင်ပြေစေမည့် ၁၂၀ ဒီဂရီ wide-angle lens တပ်ဆင်ထားသည့် ကင်မရာကိုပါ ထည့်သွင်းထားသည်။ F3 Plus ၏ အနောက်ကင်မရာသည် Sony နှင့် ပူးပေါင်းထုတ်လုပ်ထားသည့် IMX398 sensor တပ်ဆင်ထားခြင်းကြောင့် လုပ်ငန်းသုံးကင်မရာများကဲ့သို့ အရည်အသွေးမြင့်မားသော ဓာတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ ယခု OPPO ၏ F3 Plus သည် နည်းပညာကို ဦးစားပေးလာသည့် ယနေ့ခေတ်ကမ္ဘာကြီးအတွက် အမှန်တကယ်လိုအပ်နေသော စွမ်းဆောင်ရည်ကောင်းမွန်ပြီး တာရှည်ခံစိတ်ချရ၍ လှပဆန်းသစ်သော နည်းပညာမြင့် ဖုန်းတစ်လုံး ဖြစ်လာသည်။ 

ပညာရှင်အဆင့် ဓာတ်ပုံများကို ရိုက်ကူးနိုင်မည့် ထူးခြားဆန်းသစ်သော wide-angle နှင့် ရှေ့ကင်မရာ နှစ်ခု

ကောင်းမွန်ပြည့်စုံသော selfie ပုံများကို ရိုက်ကူးနိုင်သည့် နည်းပညာကို ဖန်တီးရန် ဆိုသည်မှာ OPPO လုပ်ငန်းများ စတင်ရာ၊ လွန်ခဲ့သည့် ကိုးနှစ် အချိန်ကပင် OPPO ကြီးမားသော သန္နိဋ္ဌာန်တစ်ခုလည်း ဖြစ်သည်။ ဥပမာဆိုရလျှင် ၂၀၁၂ ခုနှစ်အချိန်က ထုတ်လုပ်ခဲ့သော N1 ဖုန်းသည် အရှေ့အနောက် လှည့်၍ရသော ကင်မရာပါဝင်သော ပထမဦးဆုံး ဖုန်းဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော F1 Plus မှာ 16 megapixel ရှိ အရှေ့ကင်မရာပါဝင်သော ပထမဦးဆုံးဖုန်းဖြစ်ခဲ့သည်။ ယခုထုတ်လုပ်လိုက်သော ခေတ်ရှေ့ပြေးသည့် ကင်မရာနည်းပညာနှင့် selfie ရိုက်ကူးမှု များကို  ဆန်းသစ်စေရန်ရည်ရွယ်၍ ထုတ်လုပ်ထားသော dual selfie အရှေ့ကင်မရာသည် selfie ဓာတ်ပုံ ရိုက်ကူးမှု ကို  နောက်ထပ်အဆင့်တစ်ဆင့်သို့  ရောက်အောင် မြှင့်တင်ပေးနိုင်တော့မည်ဖြစ်သည်။

အလုံးစုံ ပြီးပြည့်စုံသော ‘Selfie ဘုရင်’ ဖုန်းတစ်လုံးဖြစ်လာစေရန်ရည်ရွယ်၍ F3 Plus တွင် selfie ရိုက်ကူးရန် အရှေ့ကင်မရာ နှစ်ခု ထည့်သွင်းထားခြင်းဖြစ်သည်။ 16 megapixel ရှိ အရှေ့ကင်မရာမှာ ယခင် F1s ‘Selfie ဘုရင်’ စီးရီးတွင် ပါဝင်ခဲ့သော နည်းပညာအမွေ ဆက်ခံထားခြင်းဖြစ်ပြီး ကင်မရာတွင် 1/3-inch sensor ပါဝင်ကာ အလင်းရောင်နှင့် ပုံရိပ်ပြတ်သားမှုကို ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ ကြီးမားသော f/2.0 aperture ကြောင့်လည်း မိမိရိုက်ကူးလိုသောအရာဝတ္ထုကို ပြတ်သားစေ၍ နောက်ခံရှုခင်းကို ဝါးသွားစေသည့် depth-of-field effect ကို ကောင်းမွန်စွာ ရရှိစေနိုင်မည်ဖြစ်သည်။

‘Group Selfie’ ရိုက်ကူးခြင်း၏ လျှို့ဝှက်လက်နက်တစ်ခု ဖြစ်လာစေရန် အထူးပြုလုပ်ထားသည့်  အဆိုပါစမတ်ဖုန်း သည် ဈေးကွက်ထဲတွင် ပထမဆုံးသော 8-megapixel ရှိ ၁၂၀ ဒီဂရီ wide-angle ပါရှိသော ကင်မရာကြောင့် သာမာန် ၈၀ ဒီဂရီ ကင်မရာများထက် မြင်ကွင်းကို ၁၀၅ ရာခိုင်နှုန်းအထိ ပို၍ကျယ်ကျယ်ရိုက်ကူးနိုင်မည်ဖြစ်သည်။ ထို 6P camera lens ကြောင့် ဓာတ်ပုံအတွင်း လူများများဝင်ဆံ့နိုင်မည်ဖြစ်ပြီး ပုံရိပ်များ မသဲကွဲခြင်းကိုလည်းလျှော့ချပေး  နိုင်မည်ဖြစ်သည်။ အဆိုပါ 8-megapixel ကင်မရာတွင် ¼-inch sensor လည်းပါဝင်သည်။
 
ဖုန်းတွင် ပါဝင်သော Group Selfie ကင်မရာသည် သုံးစွဲသူများကို အလေးထားသော OPPO တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်။ F3 Plus ဖုန်းတွင် ပါဝင်သော smart face recognition ကြောင့် လူသုံးဦးထက် ပို၍ရိုက်မည်ဆိုပါက ‘Group Selfie’ mode သို့ ပြောင်းလဲရိုက်ကူးရန် အသုံးပြုသူအား အသိပေးမည်ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများအနေဖြင့် လက်တစ်ဖက်တည်းဖြင့် ကိုင်၍ group selfie ရိုက်ကူးရစဉ် အခြေအနေများ တွင်လည်း ပုံရိပ်များကို တည်ငြိမ်စွာဖြင့် အဆင်ပြေပြေ ရိုက်ကူးနိုင်မည်ဖြစ်သည်။

F3 Plus ၏ ထူးခြားကောင်းမွန်သော အနောက်ကင်မရာသည် လုပ်ငန်းသုံးကင်မရာတစ်လုံးကဲ့သို့ ပုံရိပ်များကို   မြန်ဆန်သော focusing speed နှင့် ရိုက်ကူးနိုင်မည့်အပြင် အသံဆူညံမှုကို လျှော့ချပေးခြင်းနှင့် အလင်းရောင်နည်း
သည့် အခြေအနေများတွင်ပါရိုက်ကူးနိုင်သော စွမ်းဆောင်ရည်များ ပါရှိသည်။ 16-megapixel ရှိ အနောက်ကင်မ ရာတွင် 1/2.8-inch IMX 398 sensor ပါရှိပြီးအဆိုပါ sensor ကို OPPO နှင့် Sony တို့ ပူးပေါင်းဖန်တီး ထားခြင်းဖြစ်ကာ Dual PDAF နည်းပညာကိုလည်း ပေါင်းစပ်ထည့်သွင်း ထားသည်။ PDAF ဆိုသည်မှာ phase detection autofocus ရဲ့အတိုကောက်ဖြစ်ပြီး ရွေ့လျားနေသော အရာဝတ္ထုများကို ကြည်လင်ပြတ်သားသော ပုံရိပ်များရရှိစေရန်အတွက် အလင်းဆုံရပ်ကို အလိုလျောက် အာရုံခံရိုက်ကူးပေးသည့် နည်းပညာတစ်ခု ဖြစ်သည်။

ထို့ကြောင့် focus speed သည် အလင်းရောင်နည်းသော အခြေအနေမျိုးမှာပင် ၄၀ရာခိုင်နှုန်းပိုမိုမြန်ဆန်သွားပြီး ကြီးမားတဲ့အလင်းဝင်ပေါက် f/1.7 aperture နှင့်လည်းတွဲဖက်ထားခြင်းကြောင့် ကြည်လင်ပြတ်သား၍ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပုံရိပ်တွေကိုရရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် အသုံးပြုသူများအတွက် ပြည့်စုံကောင်းမွန်ပြီး အပြစ်အနာအဆာမရှိသော selfie ပုံများရိုက်ကူး နိုင်ရန်အတွက် အခြားဖန်တီးဆန်းသစ်ထားသည့် နည်းပညာများကို ထည့်သွင်းထားသေးသည်။ OPPO အလှအပဆိုင်ရာ software တစ်ခု ဖြစ်သည့် Beautify 4.0 ကလည်း သုံးစွဲသူများကို မိမိတို့၏ ဓာတ်ပုံများ ပိုမိုလှပလာစေရန်အတွက် beautification mode အမျိုးအစားများစွာနှင့် သင့်လျော်သော effect များစွာကို စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်စေမည်ဖြစ်သည်။

ပြီးပြည့်စုံသော စမတ်ဖုန်း
The F3 Plus ဖုန်းတွင် 4GB RAM 64GB ROM ပါဝင်သော  octa-core processor နဲ့ ဖန်တီးထုတ်လုပ်ထားသည်။ Nano SIM card နှစ်ခု သို့မဟုတ် Nano SIM card တစ်ခုနှင့် Micro SD card တစ်ခုအတွက် double-slot card tray ပါဝင်ပြီး storage အနေဖြင့် 256GB ထိ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ အဆင့်မြင့် ColorOS 3.0 ပါဝင်သောကြောင့် အသုံးပြုရာတွင် မြန်ဆန်စေပြီး စွမ်းအင်အသုံးပြုမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။ ဖုန်း၏ လုံခြုံရေးစနစ်အနေဖြင့် Avast-based virus scanner ကို ထည့်သွင်းပေးထားသည်။

နေ့စဉ်အသုံးပြုရာတွင် ပိုမိုကြာမြင့်စွာအသုံးပြုနိုင်ခြင်းမှာလည်း OPPO အဓိကထူးခြားချက်ပင်ဖြစ်သည်။ 4000 mAh ရှိသော ဘက်ထရီပါဝင်ခြင်းကြောင့် F3 Plus ကို ၂၈၄ နာရီကျော်ကြာ standby ထားရှိနိုင်မည်ဖြစ်သည်။ OPPO ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်သော VOOC Charging Solution ကြောင့် အားသွင်းရာတွင် သာမာန် ဘက်ထရီများ ထက် လေးဆပိုမိုမြန်ဆန်မည်ဖြစ်ပြီး မိနစ်ခန့် အားသွင်းလိုက်ရုံဖြင့် နာရီကြာ ဖုန်းပြောနိုင်မည် ဖြစ်သည်။

လုံခြုံစိတ်ချရမှုသည်လည်း OPPO ဦးစားပေးချက်တစ်ခုပင်ဖြစ်သည်။ F3 Plus Lightning-Fast Touch Access နည်းပညာသည် ဈေးကွက်အတွင်းရှိဖုန်းများထဲတွင် အမြန်ဆုံးဖုန်းတစ်လုံးအနေနှင့် အငြင်းပွားဖွယ်ရှိမည်မဟုတ်ပါ။ Home-button တွင်ပါဝင်သော finger print reader က ဖုန်းဖွင့်ရန်အတွက် . စက္ကန့်သာ ကြာမြင့်မည်ဖြစ်သည်။ လက်ဗွေအသုံးပြု၍ ဖုန်းခေါ်ဆိုခြင်းနှင့် app launch function တို့ပါဝင်ခြင်းကြောင့် finger print reader ကို အသုံးပြုရာတွင် ပို၍လွယ်ကူစေမည်ဖြစ်သည်။

သုံးစွဲသူများအတွက် F3 Plus မှာ အဆင်ပြေချောမွေ့၍ လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပြီး ဘက်ထရီသက်တမ်းတာရှည်  ခံသောကြောင့် အလုပ်လုပ်ရာတွင်ရော၊ ဓာတ်ပုံရိုက်ရာတွင်ပါ အဆင်ပြေစေမည့် ဘက်စုံသုံး စမတ်ဖုန်းတစ်လုံး ပင်ဖြစ်သည်။
 
 


 
Continue Reading...