Tuesday, January 31, 2017

FrieslandCampina မှ ပိုမိုကျယ်ပြန့်သည့် ဖြန့်ချိရေးစနစ်သစ်ဖြင့် မြန်မာနိုင်ငံ ဈေးကွက်တွင် အားဖြည့်မြှုပ်နှံ

နယ်သာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး နို့ ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းစုတစ်ခုဖြစ်သော  Royal FrieslandCampina သည် ဇွန်လ ၂၀၁၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင်း ကုန်ပစ္စည်းဖြန့်ချိရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။  ကုမ္ပဏီမှ  ထိပ်တန်းနိ့ထွက်ပစ္စည်းအမှတ်တံဆိပ်များ ဖြစ်ကြသည့် Dutch Lady, My Boy, Falcon, Ship, Foremost နှင့် Yomost တို့ကို နိုင်ငံတဝှမ်းလုံး ဒေသတစ်ခုချင်းစီအလိုက် တာဝန်ယူဖြန့်ချိပေးနိုင်မည့်   ကိုယ်စားလှယ်များကို ခန့်အပ်ခဲ့သည်။  ကုမ္ပဏီအနေဖြင့် အဆင့်အတန်းမြင့်မားသည့် အဆိုပါ  ဖြန့်ချိရေးကွန်ရက်မှတစ်ဆင့် ဝယ်ယူအားပေးသူများနှင့် စားသုံးသူများထံ ပိုမိုထိရောက်စွာ ဖြန့်ဖြူးရောင်းချပေး နိုင်ရန် ရည်ရွယ်ဖြင်းဖြစ်သည်။ 

FrieslandCampina အနေဖြင့် မြန်မာနိုင်ငံတွင် နို့ဆီ၊နို့စိမ်း မှ အာဟာရဖြည့် ကြာရှည်ခံ နွားနို့ အထိ နို့ထွက်ပစ္စည်း အမျိုးအစားများစွာကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ထပ်မံတိုးချဲ့လိုက်သည့်  ဖြန့်ချိရေးစနစ်သည် ကုန်ပစ္စည်းများကို နေရာမရွေး ဝယ်ယူနိုင်စေရန်၊ မည်သည့်နေရာတွင် ဝယ်ယူသည် ဖြစ်စေ ဈေးနှုန်းမှန်ကန်မှုရှိနိုင်ရန်နှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရန်အတွက် ဝန်ဆောင်မှုပေးနိုင်သည့်အပြင်  စားသုံးသူများအနေဖြင့်  မြန်ပြည်တစ်ဝှမ်းရှိ လက်လီအရောင်းဆိုင်များမှသည် စူပါမားကတ်များအထိ၊  စားသောက်ဆိုင်များသာမက လက်ဖက်ရည်ဆိုင်များတွင်ပါ ဝယ်ယူရရှိနိုင်စေရန်အတွက် အချိန်မီပို့ဆောင်  ပေးနိုင်ခြင်းဖြင့် FrieslandCampina အား ဈေးကွက်တွင်နေရာကောင်းရှိစေမည်ဖြစ်သည်။

ဖြန့်ချိရောင်းချရေးကွန်ရက်သစ်မှ လုပ်ငန်းပါတနာများ သို့မဟုတ် ထုတ်ကုန်ရောင်းချမှုများနှင့်ပတ်သက်၍  သိလိုသည်များရှိပါက နီးစပ်ရာ ဖြန့်ဖြူးရောင်းချသူများထံသို့ လည်းကောင်း၊ ၀၁-၂၃၀-၅၃၇၄/၅ သို့လည်းကောင်း ဆက်သွယ်နိုင်သည်ဟု သိရသည်။ 
Continue Reading...

Friday, January 27, 2017

MPT ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းရှိမရှိ မိုဘိုင်းလ်ဖုန်းများပေါ်မှ အလွယ်တကူ စစ်ဆေးနည်း



MPT သုံးစွဲသူများသည် က်ုတ်နံပါတ*601# သို့ခေါ်ဆိုခြင်းဖြင့် မိမိတို့၏ MPT ဆင်းမ်ကတ်များ မှတ်ပုံတင်ထားခြင်းရှိမရှိ လွယ်ကူလျင်မြန်စွာ စစ်ဆေးကြည့်ရှုနိုင်ပြီ ဖြစ်သည်။ 

အဆိုပါကုတ်နံပါတ်သို့ ခေါ်ဆိုပြီးနောက် သုံးစွဲသူ၏ဖုန်းမျက်နှာပြင်ပေါ်တွင် ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း ရှိမရှိ စာတန်းပေါ်လာမည်ဖြစ်ပါသည်။ ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်းမရှိပါက MPT ၀က်ဘ်ဆိုက်၏ Self-Care စာမျက်နှာသို့ တိုက်ရိုက်ဝင်ရောက်ကာ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့် လင့်ခ်တစ်ခုကို MPT မှ စာတိုဖြင့် ပေးပို့သွားမည် ဖြစ်ပါသည်။ 

ယခုအစီအစဉ်သည် မတ်လ ၃၁ ရက်နေ့မတိုင်မီ MPT သုံးစွဲသူများအားလုံး ဆင်းမ်ကတ်မှတ်ပုံတင် ပြီးစီးရေးအတွက် MPT-KSGM Joint Operations မှ ဆောင်ရွက်ပေးလျက်ရှိသော နည်းလမ်းများထဲမှ တစ်ခု ဖြစ်ပါသည်။ MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းဝန်ဆောင်မှုများကို ဆိုင်များ၊ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း အထူးပွဲတော်များ၊ စာတိုက်ရုံးများ၊ ဘဏ်များ၊ အိတ်ချိန်းရုံးများ အစရှိသည့်နေရာပေါင်း များစွာတို့တွင် အလွယ်တကူ ဆောင်ရွက်နိုင်ပြီဖြစ်ပြီး မကြာသေးမီကလည်း MPT၏ Self-Care အက်ပလီကေးရှင်း MPT4U ကို အသစ်မွမ်းမံကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ထပ်မံထည့်သွင်းထားပါသည်။ 

ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းမရှိသေးသူများကိုလည်း MPT မှ SMS များ ပေးပို့ကာ အကြောင်းကြား နှိုးဆော်သွားမည် ဖြစ်ပါသည်။ စာတိုလက်ခံရရှိခြင်းနှင့် USSD ကုတ် အသုံးပြုမှုများမှာ အခမဲ့ ဖြစ်ပါသည်။

MPTရုံးများ နှင့် MPT အမှတ်တံဆိပ်ဆိုင်များ တွင်မှတ်ပုံတင်ထားပါက (၁၀) ရက်ခန့်စောင့်ဆိုင်းပြီးမှ စစ်ဆေးနိုင်မည်ဖြစ်ပါသည်။ *601# သို့ခေါ်ဆိုမှုကို CDMA သုံးစွဲသူများမှအပ MPT သုံးစွဲသူများအားလုံး အသုံးပြုနိုင်မည် ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် USSD Menu နှင့် အသိပေးချက်များ၏ ဘာသာစကားကို ပြောင်းလဲလိုပါက *106# သို့ခေါ်ဆိုပြီး၊ ဘာသာစကားအတွက် နံပါတ် (၉)ကို ရွေးချယ်ပါ၊ ထို့နောက် English ဘာသာစကားအတွက် နံပါတ် (၁) သို့မဟုတ် Myanmar ဘာသာစကားအတွက် နံပါတ် (၂) ကို ရွေးချယ်ပေးရန် MPT မှ အကြံပြုလိုပါသည်။

ထို့ပြင် https://care.mpt.com.mm/ မှတစ်ဆင့်ဝင်ရောက်ကာ Self-Care စာမျက်နှာတွင် ဆင်းမ်ကတ်မှတ်ပုံ တင်သူများနှင့် MPT4U အပလီကေးရှင်း မှတစ်ဆင့် မှတ်ပုံတင်သူများအတွက် ဒေတာအပိုဆု 400MB ကို လည်း ပေးအပ်သွားမည် ဖြစ်ပါသည်။ 



Continue Reading...

Thursday, January 26, 2017

Samsung Gear နာရီများကို iOS နှင့်တွဲဖက်အသုံးပြုနိုင်ပြီ

Samsung ရဲ့ နောက်ဆုံးပေါ် Gear မျိုးဆက်သစ်ထုတ်ကုန်တွေဖြစ်တဲ့ Gear S3၊ Gear S2 နဲ့ Gear Fit2 တို့ကို iOS နဲ့အတူ စတင်တွဲဖက်ချိတ်ဆက်အသုံးပြုနိုင်ပါပြီ။
 
ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး Gear S2 နှင့် Gear S3 အတွက် Samsung Gear S app အက်ပလီကေးရှင်း သို့မဟုတ် Gear Fit2 အတွက် Samsung Gear Fit app အက်ပလီကေးရှင်း ကို Apple App Store ကနေတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်ပြီး iOS ထုတ်ကုန်တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ သက်ဆိုင်ရာ အက်ပလီကေးရှင်း တွေကို ဒေါင်းလုတ် ပြုလုပ်ပြီးတဲ့အခါ တွဲဖက်ချိတ်ဆက်အသုံးပြုနိုင်စေဖို့ တစ်ဆင့်ချင်းစီ ညွှန်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။
 
လုပ်ဆောင်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေကတော့ ထုတ်ကုန်အလိုက်ပြောင်းလဲမှုတွေရှိပေမယ့် iOS သုံးစွဲသူတွေ အနေနဲ့ Samsung Gear S3 ရဲ့ စတိုင်ကျတဲ့ ဒီဇိုင်း၊ IP68 အဆင့်ရှိ ရေဒဏ်နှင့် ဖုန်ဒဏ်များခံနိုင်ရည်ရှိမှု တို့အပြင် GPS၊ Alti/barometer နဲ့ Speedometer အက်ပလီကေးရှင်းတွေကိုလည်း စိတ်တိုင်းကျအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Gear S3 ကို အကြမ်းခံနိုင်တဲ့ ဒီဇိုင်းနဲ့အဖြစ် ဖန်တီးထားတဲ့ Gear S3 frontier နဲ့ တန်ဖိုးကြီးနာရီများတွင်တွေ့နိုင်သည့် လှပကျော့ရှင်းသော ဒီဇိုင်းထည့်သွင်းထားသော Gear S3 Classic ဆိုပြီး ဒီဇိုင်းနှစ်မျိုးရှိပါတယ်။ သုံးစွဲသူများအနေဖြင့် သွားလာလှုပ်ရှားမှု အကွာအဝေး နဲ့ လမ်းကြောင်းတွေ၊ ပြေးလွှားမှု၊ ကယ်လိုရီလောင်ကျွမ်းမှု နှင့် နှလုံးခုန်နှုန်းအား လေ့လာမှတ်သားနိုင်ခြင်း စတဲ့ စွမ်းဆောင်မှုတွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။
 
iOS နဲ့ တွဲဖက်ချိတ်ဆက်အသုံးပြုနိုင်တဲ့ Samsung ရဲ့ ထုတ်ကုန်တွေကို ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်ပါပြီ။ Gear ထုတ်ကုန်တွေရဲ့ ဝန်ဆောင်မှု နဲ့ လုပ်ဆောင်ချက်တွေက သက်ဆိုင်ရာ iOS ထုတ်ကုန်တွေရဲ့ အက်ပလီကေးရှင်းတွေအပေါ် မူတည်ပြီး ကန့်သတ်ချက်တွှေရှိပါတယ်။ ထုတ်ကုန်အကြောင်း အသေးစိတ်သိရှိလိုပါက www.samsungmobilepress.comတွင် သွားရောက် လေ့လာနိုင်ပါတယ်။
Continue Reading...

Social Impact Forum 2017 ကျင်းပမည်

စင်္ကာပူအခြေစိုက် ပြိုင်ဘက်ကင်းထောက်ပံ့သူများကွန်ယက်တစ်ခုဖြစ်သည့် Asian Venture Philanthropy Network - AVPN (အာရှစွန့်ဦးစီးပွားပရဟိတ ကွန်ယက်) မှ ဦိးစီးကာ Myanmar Social Impact Forum 2017 ကို ၂၀၁၇ ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ကိုးနာရီမှ ညနေ ငါးနာရီိအထိ ရန်ကုန်မြို့၊ Chatrium ဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါကွန်ယက်မှ ယနေ့ထုတ်ပြန်ကြေညာသည်။ 

တစ်ရက်တာကျင်းပမည့် အဆိုပါဆွေးနွေးပွဲဖိုရမ်တွင် YOMA Strategic Holdings ၊ Parami Energy နှင့် GIVO တို့မှ အဓိကဟောပြောဆွေးနွေးသူများအဖြစ် ပါဝင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် အာရှပစိဖိတ် ဒေသတို့မှများပြားလှသော အလွှာစုံစီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ၊ ကျွမ်းကျင် ပညာရှင်များ၏ ဆွေးနွေးပွဲများလည်းပါဝင်မည်ဖြစ်သည်။ ယခုဆွေးနွေးပွဲဖိုရမ်သည် မြန်မာနိုင်ငံရှိ အပြန်အလှန်အကျိုးပြုရင်းနှီးမြှုပ်နှံမှုများ၊ ပရဟိတလုပ်ငန်းများနှင့် လူမှုစီးပွားရေးလုပ်ငန်းများနှင့် ပက်သက် သည့်ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ အတွေးအမြင်ဖလှယ်ခြင်းများပြုလုပ်နိုင်မည့် တန်ဖိုးရှိသောရပ်ဝန်းတစ်ခု ဖြစ်လာနိုင်သည်။
ဆွေးနွေးပွဲတွင် မြန်မာ့လူမှုရင်းနှီးမြှုပ်နှံမှု၏ မီးမောင်းထိုးပြစရာ ဒေသတွင်းအောင်မြင်မှုများ ၊ မြန်မာနိုင်ငံအတွင်း ကောင်းမွန်သော လူမှုအပြောင်းအလဲများဖန်တီးမှုအပေါ် အလားအလာကောင်းများ၊ မြန်မာ့ အစပျိုး စွမ်းအင်လုပ်ငန်းများ၏ လူမှုရင်းနှီးမြှုပ်နှံခြင်းနှင့် ငွေကြေးအထောက်အပံ၊ အပြန်အလှန်အကျိုးပြု ရင်းနှီးမြှုပ်နှံမှုနှင့် ပရဟိတလုပ်ငန်းများရှာဖွေခြင်း စသည့်အကြောင်းအရာများ အဓိကပါဝင်မည်ဖြစ်သည်။
AVPN သည် မြန်မာနိုင်ငံသို့ ပထမဆုံးချိတ်ဆက်မှုတစ်ခုအဖြစ် AVPN အာရှမူဝါဒရေးရာစကားလက်ဆုံ အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် လူမှုရင်းနှီးမြှုပ်နှံမှုအဓိပ္ပာယ်သတ်မှတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် လူမှုရင်းနှီးမြှုပ်နှံမှု၊ တနည်းအားဖြင့် လူမှုစွန့်ဦးတီထွင်ခြင်းနှင့်ပက်သက်၍ တစည်းတလုံး တည်း သဘောပေါက်နားလည်မှု တိုးတက်မြင့်မားစေရန် ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ လူမှုရင်းနှီးမြှုပ်နှံမှုရပ်ဝန်းများမှ မတူကွဲပြားသောကိုယ်စားလှယ် ၂၅ ဦးတက်ရောက်ခဲ့ကြသည်။
Continue Reading...

Monday, January 23, 2017

Galaxy Note 7 ပေါက်ကွဲရခြင်းက ဘက်ထရီပြဿနာကြောင့်လို့ Samsung တရားဝင် ထုတ်ပြန်



ပြီးခဲ့သည့် လပိုင်းအတွင်းက ပေါက်ကွဲမှုပြဿနာကြောင့် ဈေးကွက်ထဲမှ ပြန်လည်သိမ်းဆည်း လိုက်ရတဲ့ Samsung Galaxy Note 7 ဗားရှင်းဟာ ဖုန်းဘက်ထရီချို့ယွင်းချက် ကြောင့် ဖြစ်တယ်လို့ ဆမ်ဆောင်းက တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

ဆမ်ဆောင်းက Galaxy Note 7 ကို ဖြန့်ချိရန် အလောတကြီး ပြင်ဆင်ခဲ့ကြပြီး ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဘက်ထရီရဲ့ ချို့ယွင်းချက်နှစ်ခုက Note 7 ဖုန်းအချို့ကို အပူလွန်ကဲစေခဲ့ပြီး အချို့ကမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီဖုန်းတွေမှာ ပါဝင်တဲ့ ဘက်ထရီက အရွယ်အစားကြီးမားလွန်းတာကြောင့် အပူလွန်ကဲမှုတွေ ဖြစ်ပွားခဲ့သလို ဘတ်ထရီတွေမှာ Positive (+) နှင့် Negative (-) တို့ကို ပိုင်းခြားထားတဲ့ အလွှာက ပါးလွှာနေပြီး အတွင်းပိုင်း ဆားကစ် ပတ်လမ်းတို ဖြစ်ပေါ်နိုင်ခြေ မြင့်တက်နိုင်ခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ယခုလို မီးလောင်ကျွမ်းမှုများလာခြင်း ဖြစ်ကြောင်း UL စစ်ဆေးချက်အဖြေကို ကိုးကားပြီး ဆိုပါတယ်။

ဆမ်ဆောင်းက ပထမပိုင်းဖြန့်ချိတဲ့ ဖုန်းတွေမှာသာ ပြဿနာဖြစ်ပွားခဲ့တာလို့ ဆိုခဲ့ပေမယ့် နောက်တကြိမ်ဖြန့်ချိတဲ့ ဖုန်းတွေမှာပါ တူညီတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့
တာကြောင့် နောက်ဆုံးမှာတော့ Note 7 ဖုန်းအားလုံးကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်။
ဒီပြဿနာကြောင့် ဆမ်ဆောင်းဟာ အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။
Continue Reading...

Tuesday, January 17, 2017

အမ်ပီတီ ဆင်းမ်ကတ်ကို MPT4U အက်ပလီကေးရှင်းဖြင့် မှတ်ပုံတင်ခြင်း နည်းလမ်းအဆင့်ဆင့်



အမ်ပီတီ၏ MPT4U အက်ပလီကေးရှင်းကိုအသုံးပြု၍ ကိုယ်တိုင်မှတ်ပုံတင်ခြင်းပြုလုပ်နိုင်မည့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ဖော်ပြပါ နည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါပြီ။ 

ပြုလုပ်ပုံ အဆင့်ဆင့်
ဒေါင်းလုတ်ပြုလုပ်ပုံ အဆင့်ဆင့်
၁) အသုံးပြုရန် App ကိုဒေါင်းလုတ် လုပ်ပါ။
Android အသုံးပြုသူများအတွက် အောက်ပါလင့်ခ်တွင် ဒေါင်းလုတ် လုပ်ပါ။
IOS အသုံးပြုသူများအတွက် အောက်ပါလင့်ခ်တွင် ဒေါင်းလုတ် လုပ်ပါ။

Log in ဝင်ရောက်ပုံအဆင့်ဆင့်
၁)  Log in ဝင်ရန်အတွက် Wifi ကိုပိတ်၍ MPT အွန်လိုင်းဒေတာကိုအသုံးပြုရမည်ဖြစ်ပါသည်။
၂) Web Self Care (care.mpt.com.mm) တွင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း မပြုလုပ်သေးလျှင် လျှို့ဝှက်နံပါတ်ကို ရိုက်ပါ။
၃) လျှို့ဝှက်နံပါတ်သည် အနည်းဆုံး ၈ လုံး ပါရှိရပါမည်။ ( ဂဏန်း သို့မဟုတ် အက္ခရာများ အားလုံးမဖြစ်ရပါ)

ဆင်းမ်ကတ်မှတ်ပုံတင်ဆောင်ရွက်ရန် ပြုလုပ်ပုံအဆင့်ဆင့်
၁) မိမိ၏ ကိုယ်ရေးအကျဉ်း (ကျွန်ုပ်) ကို ဝင်ပါ။
၂) မိမိ၏ နာမည်ကို ဖြည့်သွင်းပါ။
၃) မိမိ၏ မှတ်ပုံတင်နံပါတ်ကို ဖြည့်သွင်းပါ။
၎) ဓါတ်ပုံရိုက်ထားသော မိမိ၏ မှတ်ပုံတင် ရှေ့ဘက်ခြမ်းနှင့် နောက်ဘက်ခြမ်းကို ဖြည့်သွင်းပါ (သို့) ဓါတ်ပုံရိုက်ထားသော နိုင်ငံကူးလက်မှတ်ကို ဖြည့်သွင်းပါ။
၅) တင်သွင်းခြင်းဆောင်ရွက်ပါပြီ။


Continue Reading...