Thursday, November 24, 2016

မြန်မာနိုင်ငံမှ လေယာဉ်မောင်မယ်များ Vietjet လေကြောင်းလိုင်းဖြင့် ကောင်းကင်ပေါ်တွင် ပျံသန်းနိုင်ပြီ

ကြော်ငြာပို့စ်


 အာရှ၏ ကြိုက်နှစ်သက်သော ဈေးနှုန်းသက်သာသည့် Vietjet လေကြောင်းလိုင်းသည် ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ပြီးသည့်နောက် အရှေ့တောင်အာရှနိုင်ငံများရှိ လေယာဉ်မောင်မယ်များကို လေကြောင်း လိုင်း၏ ပြည်တွင်းပြည်ပခရီးစဉ်ပေါင်း (၅၃)ခုကို ပြေးဆွဲနေသော လေယာဉ်များပေါ်တွင် အလုပ်လုပ်ကိုင် နိုင်ရန်အတွက် အောင်မြင်စွာခန့်အပ်ပြီးဖြစ်သည်။ ၂၀၁၅ခုနှစ် အောက်တိုဘာလတွင် Vietjet လေကြောင်း လိုင်းသည် ၎င်းတို့၏ ဟိုချီမင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသော ခရီးစဉ်အတွက် မြန်မာနိုင်ငံမှ မဆုမြတ်မို (Sierra)ကို  အလုပ်ခန့်အပ်ပြီးနောက် သူမ၏ အလုပ်နယ်ပယ်အသစ်အကြောင်းအား ပြောပြ၍ မြန်မာ့ လူငယ်မောင်မယ်တို့အားလုံးကိုလည်း ဗီယက်နမ်နိုင်ငံ၏ လျင်မြန်စွာတိုးတက်လာသော လေကြောင်းလိုင်း တွင် လုပ်ကိုင်ကြရန် အကြံပေးပြောကြားသည်။

 နိုင်ငံတကာ ခရီးစဉ်
အင်္ဂလိပ်စကားပြော ကျွမ်းကျင်ပြီး မိခင်ဘာသာစကားမှာ မြန်မာစကားဖြစ်နေခြင်းကြောင့် Sierra သည် Vietjet လေကြောင်းလိုင်း၏ ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့အား ပျံသန်းသော ခရီးစဉ်များအတွက် ဦးစားပေးရွေးချယ်ခံရသူများတွင် အမြဲလိုလို ပထမနေရာမှ ပါဝင်သည်။

ဗီယက်နမ်နိုင်ငံ သို့ လေ့လာရေး
Sierra မှ စိတ်အားထက်သန်စွာဖြင့် “ကျွန်မက Vietjet မှာအလုပ်လုပ်ရတာကို အရမ်းကြိုက်ပါတယ်။ ကျွန်မကို ကမ္ဘာပေါ်မှာရှိတဲ့ နေရာဒေသတွေကိုသွားရောက် လေ့လာခွင့်ပေးပြီးတော့ တစ်ချိန်တည်းမှာပဲ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေ မတူညီတဲ့ လူမျိုးတွေကို တွေ့ဆုံလေ့လာခွင့်လည်း ရပါတယ်။ ဟိုချီမင်းမြို့မှာ အခြေစိုက်တာကြောင့် ကျွန်မက အရသာရှိတဲ့ ဗီယက်နမ် အစားအစာတွေကိုလည်း မြည်းစမ်းခွင့်ရတယ်၊ ရှော့ပင်းမောလ်တွေ အဝတ်အစားဆိုင်တွေမှာ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေကို ဝယ်ယူခွင့်ရပါတယ်။ ဒါ့အပြင် ဗီယက်နမ်မှာရှိတဲ့ ကမ်းခြေတွေဖြစ်တဲ့ Phu Quoc, Nha Trang, Da Nang ဒါမှမဟုတ် Cua Lo တို့မှာ နေပူဆာလုံရတာ ကျွန်မရဲ့ အကြိုက်ဆုံး အပန်းဖြေနည်းတစ်ခု ဖြစ်လာပါတယ်။” ဟု ပြောကြားသည်။


 ရင်းနှီးဖော်ရွေသော လေကြောင်းလိုင်း
ဗီယက်နမ်နိုင်ငံနှင့် အခြားဒေသတွင်းနိုင်ငံအချို့တွင် သင်တန်းပေါင်းများစွာတက်ရောက်ခဲ့သော Sierra က Vietjet လေကြောင်းမှ လေယဉ်မောင်မယ်အနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံး ကျန်းမာသန်းစွမ်းရန်လိုအပ်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့်ပါ တသားတည်းလုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း ပြောသည်။ သို့သော် ယခုအခါသူမအနေဖြင့် အာရှမှရင်းနှီးဖော်ရွေသော လေယာဉ်မယ်များအနက် တစ်ဦးအဖြစ် ဂုဏ်ယူနိုင်ပြီ ဖြစ်သည်။

ထင်ပေါ်ကျော်ကြားသည့် နေထိုင်မှုဘဝ
Vietjet တွင် အလုပ်လုပ်ကိုင်နေသော Sierra နှင့် သူမ၏လုပ်ဖော်ကိုင်ဖက်များသည် စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းသော ဟနွိုင်းမြို့ သို့မဟုတ် ဟိုချီမင်းမြို့များတွင် အကောင်းစား ဟိုတယ်ကြီးများတွင် နေထိုင်ခွင့်ရပြီး ကောင်းမွန်သော လစာနှုန်းကိုလည်း ရရှိထားပါသည်။ Vietjet လေကြောင်းလိုင်းမှ ဗီယက်နမ်နိုင်ငံနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများကို ဆက်သွယ်ပေးနေသော ကွန်ရက်တစ်ခု ဖြစ်သောကြောင့် Sierra မှ “ကျွန်မဖြစ်ချင်တဲ့ စိတ်ကူးတွေကို အားလပ်ချိန်မှာ အလွယ်တကူ အကောင် အထည်ဖော်နိုင်ပါတယ်။ ကျွန်မအတွက်တော့ ဒီလိုပျော်စရာကောင်းတဲ့ အာရှရဲ့ လေကြောင်းလိုင်းတစ်ခုမှာ အလုပ်လုပ်ရင်း ကျွန်မရဲ့တခြားအိမ်မက်တွေကိုလည်း အလွယ်တကူ အကောင်အထည်ဖော် ဖြည့်ဆည်းလို့ ရပါတယ်” ဟု ဖြေကြားခဲ့သည်။

ဝန်ထမ်းရှာဖွေခြင်း 
Vietjetမှသွက်လက်ပြီး ခရီးသည်များအားဦးစားပေးဝန်ဆောင်မှုပေးတတ်သော အလုပ်အကိုင် ရှာဖွေသူများအတွက် လူတွေ့မေးမြန်းခြင်းများကို ပုံမှန်ပြုလုပ်လေ့ရှိသည်။ Vietjet လေကြောင်းလိုင်းတွင် အလုပ်လုပ်ကိုင်ရန် စိတ်ပါဝင်စားသော မြန်မာတို့အနေုဖြင့် Vietjet Website ဖြစ်သည့် http://www.vietjetair.com/Sites/Web/en-US/News/about-us/549/career တွင် online မှတဆင့် အလုပ်လျှောက်ထားနိုင်ပါသည်။ လူတွေ့မေးမြန်းခြင်း အောင်မြင်သူများအား ဗီယက်နမ်နိုင်ငံနှင့် အခြားနိုင်ငံများတွင် သွားရောက် သင်တန်းတက်ရောက်ခွင့်ရမှာဖြစ်ပြီး ကောင်းမွန်သော လစာ၊ လုပ်ငန်းလုပ်ကိုင်ခွင့်အပြင် အဖွဲ့အစည်းအတွင်းကန့်သတ်ချက်မရှိ ရာထူးတိုးမြှင့်ခြင်း အခွင့်အရေးများ ရရှိသွားမည်ဖြစ်သည်။

Vietjet အကြောင်း
Vietjet သည် သက်သာသည့်နှုန်းထားများ၊ ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် ခရီးသည်များ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးလျက်ရှိသည့် ခေတ်သစ်လေယာဉ်ပျံသန်းမှုအယူအဆများဖြင့် ပြေးဆွဲလျက်ရှိသောဗီယက်နမ်နိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်သည်။ ၃ နှစ်ကြာ လုပ်ငန်းလုပ်ကိုင်ပြီးနောက် Vietjet သည် နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) မှ IOSA လက်မှတ်ကိုရရှိထားသည်။ Vietjet သည် ခရီးသွားများ၊ ခရီးသွား အေဂျင်စီများနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများမှ ရွေးချယ်သော TTG Travel Award 2015 ၏ “Best Asian Low Cost Carrier ” ဆုကိုရရှိခဲ့သည်။ လှုမှုကွန်ယက်စီမံခန့်ခွဲရေးနှင့် လှုမှုကွန်ယက်ပေါ်ရှိအမှတ်တံဆိပ်များ၏ အချက် အလက်များကို လေ့လာဆန်းစစ်လျက်ရှိသည့် Socialbakers ကုမ္ပဏီက Vietjet အား ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်းသုံးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည့်အပြင် ၂၀၁၅ခုနှစ်အတွင်း ဗီယက်နမ်၏လူကြိုက်အများဆုံး လေကြောင်းလိုင်းဆုကိုလည်း ရရှိထားပြီး ဖြစ်သည်။ Socialbakers မှ ပေးအပ်သည့် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်းစာရင်းတွင် ထိပ်ဆုံး ၃ ခုမှ တစ်ခုအပါအဝင်အဖြစ် Facebook ပေါ်တွင် ရပ်တည်လျက်ရှိသည်။ 

လက်ရှိတွင် Vietjet သည် A320 နှင့် A321 အပါအ၀င် လေယာဉ် ၄၁ စီးဖြင့် နေ့စဉ် ခရီးစဉ်အကြိမ်ရေ ၃၀၀ ပျံသန်း ပြေးဆွဲလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံတစ်ဝှမ်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်းရှိ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံများသို့ ခရီးစဉ်လမ်းကြောင်းအခု ၅၃ ခုဖြင့် ပျံသန်း ပြေးဆွဲလျက်ရှိသည်။ Vietjet သည် စတင်ပြေးဆွဲခဲ့သည့် လွန်ခဲ့သည့် သုံးနှစ်မှ စတင်၍ ခရီးသည်ပေါင်း ၂၅ သန်းကို လိုရာခရီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ရှေ့ဆက်ပြီး Vietjet သည် ၄င်း၏ဒေသတွင်းကွန်ယက်ကို ဆက်လက်ချဲ့ထွင်သွားမည် ဖြစ်သည်။ အဆိုပါချဲ့ထွင်မည့် အစီအစဉ်အတွက် နောက်ဆုံးပေါ် ခေတ်မီလေယာဉ်သစ်များ ၀ယ်ယူရန် နာမည်ကျော် လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီ များနှင့် သဘောတူ လက်မှတ်များရေးထိုးထားပြီးဖြစ်သည်။ Like Vietjet on Facebook, https://www.facebook.com/Vietjetmyanmar, follow us on Twitter, @Vietjetvietnam, and watch our videos at https://www.youtube.com/user/Vietjetvietnam. 
Continue Reading...

Wednesday, November 23, 2016

ဗီယက်နမ်ကို ဟန်းနီးမွန်းသွားနိုင်ရန် Vietjet လက်မှတ်များ လျော့ဈေးဖြင့်ရောင်းချလျက်ရှိနေ

ကြော်ငြာပို့စ်

သင့်မင်္ဂလာပွဲအတွက် စီစဉ်နေလား ?

ဗီယက်နမ်ကို ဟန်နီးမွန်းသွားပြီး သင့်မင်္ဂလာပွဲကို အများနဲ့မတူအောင် ဖန်တီးလိုက်ပါ




ဝါကျွတ်ကာလသင်္ကေတဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့နောက်ပိုင်းဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအရ လက်ထပ်မင်္ဂလာပွဲကျင်းပဖို့ အသင့်တော်ဆုံးအချိန်ဖြစ်သလို မင်္ဂလာမောင်နှံတွေ အတွက်လည်း မင်္ဂလာပွဲဆင်နွှဲဖို့ရာတင်မကပဲ လက်ထပ်ပြီးခါစ စုံတွဲတစ်တွဲရဲ့ ပထမဆုံးအားလပ် ရက်ကို အတူဖြတ်သန်းဖို့ စတင်ပြင်ဆင်နေကြတဲ့ အချိန်လည်းဖြစ်ပါတယ်။
ဟန်းနီးမွန်းဆိုတာ အခြားဒေသတစ်ခုမှာရှိတဲ့ ကမ္ဘာ့လောကနိဗ္ဗာန်ဘုံအလား နေရာတစ်ခုအတွက် ငွေကြေး အမြောက်အမြားသုံးစွဲခြင်းလို့ ဆိုပါတယ်။ ဒီကမ္ဘာပေါ်က စားရိတ်သင့်တင့်မျှတတဲ့ အကောင်းဆုံးဟန်းနီးမွန်းသွားစရာနေရာတွေထဲက အကောင်းတကာ့အကောင်းဆုံးတစ်ခုကို ဘာကြောင့် မရွေးချယ်ရမှာလဲ? ။ ဗီယက်နမ်နိုင်ငံရဲ့ ကြွယ်ဝတဲ့ သစ်ပင်ပန်းပင်တွေ၊ နွေးထွေးကြင်နာ တဲ့ အပြုံးတွေနဲ့ အစား အသောက်ကောင်းတွေဟာ သင့်ရဲ့မင်္ဂလာနှစ်ပတ်လည် ဒါမှမဟုတ် ချိုမြိန်တဲ့ ဟန်းနီးမွန်းခရီးစဉ်အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်စေမှာပါ။
Nha Trang
ဗီယက်နမ်နိုင်ငံရဲ့အဓိကအချက်အချာကျတဲ့ ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာ နိုင်ငံရဲ့သာယာ အလှပဆုံးကမ်းခြေတွေ တည်ရှိပြီး အလှဆင်ထားတဲ့ အုန်းပင်တွေ၊ တမူထူးခြားတဲ့ တံငါရွာလေး တွေနဲ့အတူ ဟန်းနီးမွန်းအားလပ်ရက်အတွက် အပြည့်စုံဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ကိုးကီလိုမီတာ ရှည်လျားတဲ့ ရွှေရောင်သဲပြင်ပေါ်မှာ ကြီးမားတဲ့ အုန်းပင်တွေ၊ အရောင်စုံပန်းပွင့်တွေနဲ့ အလှဆင်ထား တဲ့အပြင် ပင်လယ်ကမ်းခြေတလျှောက်လုံးမှာလည်း စားသောက်ဆိုင်၊ ဘားတွေရှိတဲ့ Nha Trang ဒေသ၊ Tran Phu ကမ်းခြေမှာ အပန်းဖြေဖို့အတွက် နေရာတစ်ခုကို ရွေးချယ်လိုက်ပါ။ 


Hue
ဟွေးဟာ စွန့်စားခြင်းကို ကြိုက်နှစ်သက်တဲ့ စုံတွဲတွေအတွက် ဗီယက်နမ်မှာ ဟန်းနီးမွန်းခရီးတစ်ခု စီစဉ်ဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ ရှုပ်ထွေးပြန့်ကျဲနေတဲ့ ပြန်လည်အောက်မေ့အမှတ်ရစရာ ဘုရားကျောင်းတွေနဲ့အတူ ကြာကန်ငယ်လေးတွေ၊ လှပတဲ့ဥယျာဉ်လေးတွေရဲ့အလည်က ပွဲကြည့်စင် ခရမ်းရောင်ကန့်သတ်နယ်မြေထဲက တော်ဝင်နန်းတော်က လက်ထပ်ပြီးစချစ်သူစုံတွဲတွေကို သွားရောက်စူးစမ်းရှာဖွေဖို့ တိုက်တွန်းနေပါတယ်။
တနည်းအားဖြင့် ရေမွှေးမြစ်(Huong မြစ်)ထဲမှာ အပျော်စီးသင်္ဘောစီးတာ ဒါမှမဟုတ် ဆိုင်ကယ်၊ စက်ဘီးတစ်စီးငှားပြီး စိမ်းလန်းတဲ့ဥယျာဉ်တွေ၊ ငြိမ်သက်အေးချမ်းတဲ့ ရေကန်တွေကိုကျော်ဖြတ်ပြီးရင် တော့ ဗီယက်နမ်အုပ်ချုပ်သူနောက်ဆုံးမင်းဆက် Nguyen ဘုရင်များရဲ့ အသေးစိတ်ကျပြီး ပြိုင်ဘက်ကင်း ဂူသင်္ချီိုင်းတွေကို ဗိသုကာရူ့ထောင်က စူးစမ်းလေ့လာခြင်းတို့ပြုလုပ်နိုင်ပါတယ်။
Hanoi
ဗီယက်နမ်မှာ ထူးခြားဆန်းပြားတဲ့ ဟန်နီးမွန်းကို ရှာဖွေနေတဲ့ လက်ထပ်ပြီးခါစစုံတွဲတွေအတွက် ဟနွိုင်းဟာ အကောင်းဆုံးခရီးသွားနေရာတစ်ခုပါ။ စိတ်ချမ်းမြှေ့စရာ လမ်းတစ်လျှောက် ညီညာပြန့်ပြူး တဲ့ သစ်ပင်တန်းတွေ၊ ရေကန်တွေ၊ ပန်းခြံတွေနဲ့ မြို့တော်ဟနွိုင်းဟာ စိတ်ဝင်စားဖွယ် တရုတ်-အင်ဒို ရောယှက်မှုတွေ၊ ပြင်သစ်ကိုလိုနီခေတ်ပုံစံ လွမ်းမိုး နေတဲ့ ပုံရိပ်တွေကို ထင်ဟပ်နေပါတယ်။ အိုဟောင်းနေတဲ့ရပ်ကွက်ရဲ့ ရုပ်ပုံကားချပ်တစ်ခုလို ကျဉ်းမြောင်းရှုပ်ထွေးတဲ့ လမ်းကျဉ်းတွေမှာ ခြေဦးတည့်ရာလျှောက်သွားမလား။ ဒါမှမဟုတ် ပြင်သစ်နိုင်ငံအပြင်က အကောင်းဆုံးကိတ်မုန့်တွေနဲ့ pastries တွေကို မြည်းစမ်းကြည့်မလား။
 
Ho Chi Minh City
စုံတွဲတွေ ဗီယက်နမ်ကို ဟန်းနီးမွန်းထွက်ဖို့ စီစဉ်တဲ့အခါ ခရီးစဉ်အစနေရာအဖြစ်ရွေးချယ်လေ့ရှိပြီး အများအားဖြင့် ဆိုင်ဂုံလို့ သိကြတဲ့ ဟိုချီမင်းမြို့ဟာ တောင်ဗီယက်နမ်ရဲ့မြို့တော်ဟောင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီမြို့ကြီးရဲ့ အရောင်စုံ မြင်ကွင်းတွေ၊ အသံတွေ၊ လှုပ်ရှားမူတွေဟာ လျင်မြန်စွာလည်ပတ်နေတဲ့ ချားရဟတ်တစ်စင်းလိုပါပဲ။ ကျောက်စိမ်းဧကရာဇ်ဘုရားမှာရှိတဲ့ ရွှေပိန်းချဇာတ်ရုပ်တွေနဲ့ ရိုးရာနတ်ဘုရားတွေရဲ့ သစ်သားပန်းပု အနုစိတ်လက်ရာတွေကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
Vietjet နဲ့အတူ စီးနင်းလိုက်ပါလာတဲ့ ဟိုချီမင်းလေဆိပ်ကိုရောက်တာနဲ့ လက်ထပ်ပြီးခါစ မြန်မာခရီးသွားစုံတွဲ တွေအနေနဲ့ ဗီယက်နမ်ရဲ့ကျော်ကြားတဲ့ ရိုမန်တစ်စခရီးသွားနေရာတွေကို တိုက်ရိုက်ဆက်သွယ် သွားလာနိုင်ပါတယ်။

လေယာဉ်ခရီးစဉ်အချိန်တွေ သိချင်လို့ ဖြစ်စေ ဒါမှမဟုတ်လို့ အွန်လိုင်းမှာ လေယာဉ်လက်မှတ်မှာယူချင်လို့ပဲ ဖြစ်ဖြစ် www.vietjetair.com (စမတ်ဖုန်းများအတွက် https://m.vietjetair.com) တွင် သို့မဟုတ် www.facebook.com/vietjetmyanmar မှ (“Booking” tab ကို နှိပ်ရုံဖြင့်)ဝယ်ယူနိုင်သည်။ ငွေပေးချေမှုများ ကို Visa, MasterCard, JCB နှင့် American Express ကတ်များဖြင့် ပေးချေနိုင်သည်။
Continue Reading...

Thursday, November 10, 2016

မြန်မာခရီးသွားများအတွက် ဟနွိုင်း - တောင်ကိုရီးယားခရီးစဉ်သစ်ကို Vietjet စတင်

ဟနွိုင်း - ဘူဆန်ခရီးစဉ်သစ်ကို ၂၀၁၆ ဒီဇင်ဘာ ၁၆ ရက်တွင် ပထမဆုံး စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Vietjet က တောင်ကိုရီးယား၏ ဒုတိယအကြီိးဆုံးမြို့တွင် ယနေ့ကြေညာလိုက်သည်။ အဆိုပါ ခရီးစဉ်သစ်မိတ်ဆက်ခြင်းကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမေရိကန်ဒေါ်လာ သုည ဒေါ်လာ (စည်းကမ်းသတ်မှတ်ချက်များရှိ) မှစတင်သည့် ပရိုမိုးရှင်း လက်မှတ်စောင်ရေ နှစ်သိန်းကို ရောင်းချပေးသွားမည်ဖြစ်သည်။ အဆိုပါ ဈေးလျော့ရောင်းချမှုသည်www.vietjetair.com မှ “It’s time to Vietjet” အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီိး ၂၀၁၆ ခုနှစ် နိုဝင်ဘာ၁၆ရက်မှ ၁၈ရက်အတွင်း အွန်လိုင်းမှ ကြိုတင်ဘွတ်ကင်မှာယူခြင်းများအားလုံးအတွက် အကျုံးဝင်မည်ဖြစ်သည်။
ယခုပြေးဆွဲမည့် ဟနွိုင်း - ဘူဆန်ခရီးစဉ်သစ်ကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ နှင့် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲသွားမည်ဖြစ်ပြီး ကြာမြင့်ချိန်မှာ လေးနာရီခွဲ ဖြစ်သည်။ လေယာဉ်သည် ဟနွိုင်းမှ မနက် ၁ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ဘူဆန် ၏ ဒေသစံတော်ချိန် မနက် ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။ အပြန်ခရီးစဉ်မှာမူ Busan ၏ ဒေသစံတော်ချိန် မနက် ၈ နာရီတွင် စတင် ထွက်ခွာမည်ဖြစ်ပြီး ဟနွိုင်းသို့ မနက် ၁၁ နာရီ ၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။

Continue Reading...