Friday, December 30, 2016

အောင်မြင်မှုရရှိခဲ့သည့် MPT ၏ Mobile Seminar များကို တစ်နိုင်ငံလုံး အနှံ့ထပ်မံပြုလုပ်မည်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မိုလ်ဘိုင်းဖုန်းအသုံးပြုသူများ၏ လုံခြုံရေးနှင့် အင်တာနက်အသုံးပြုမှုများအတွက် Mobile seminar များကို ၂၀၁၇ ခုနှစ်တွင်   တစ်နိုင်ငံလုံး အနှံ့တွင် ထပ်မံ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်တွင် နောက်ဆုံးထားဆောင်ရွက်ရမည့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သော လိုအပ်သည့် အကြောင်းအရာများအပြင်၊ အရေးပါသော ကဏ္ဍများဖြစ်သည့် မှန်ကန်သော မိုဘိုင်းလ်ဖုန်းအသုံပြုနည်းနှင့် ထားရှိသင့်သည့် ခံယူချက်များ၊ အင်တာနက်လုံခြုရေးနှင့်  မိမိတို့ အသုံးပြုရာ အွန်လိုင်းပတ်ဝန်းကျင်တွင် အတွေ့ရများသည့် အန္တရာယ်ရှိသော ဆိုက်ဘာအနိုင်အထက်ပြုခြင်း သို့ မဟုတ် အနှောက်အယှက်ပေးခံရခြင်းတို့မှ ကာကွယ်ရန် နည်းလမ်းများ၊ တစ်ဦးနှင့်တစ်ဦးအမြဲတစေ အချိတ်အဆက်ရှိသော ကွန်ရက်ကြီးပေါ်တွင် မိမိ၏ကိုယ်ပိုင်အချက်အလက် များကို လုံခြုံစေရန် မည်သို့ပြုလုပ်သင့်သည် စသည့် အကြောင်းအရာများကို MPT အဖွဲ့ မှ ဆွေးနွေးသွားမည်ဖြစ်သည်။

MPT သည် ၂၀၁၆ခုနှစ်အတွင်း နိုင်ငံအနှံ့အပြားရှိ ကျောင်းများ ၊ တက္ကသိုလ်များ နှင့် စက်မှုဇုန်များတွင် မိုဘိုင်းလ်ဆွေးနွေး ပွဲပေါင်း ၁၂၃ ခုပြုလုပ်ခဲ့ပြီး MPT သုံးစွဲသူပေါင်းများစွာကို အသိပညာများ မျှဝေနိုင်ခဲ့ပါတယ်။

ယခုလည်း ၂၀၁၇ ခုနှစ်အတွင်း နောက်ထပ်တစ်ကြိမ် ထပ်မံပြုလုပ်သွားမည့် ဆွေးနွေးပွဲများကို တိုင်ဒေသကြီးများနှင့် ပြည်နယ်များဖြစ်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တို်င်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစသည့် တိုင်းဒေသကြီးများနှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊  မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိသော ပြည်နယ်များရှိ မြို့နယ်ပေါင်း  ၇၀ ခုတွင် ဆွေးနွေးပွဲပေါင်း ၇၁ ခုကို ပြုလုပ်သွားမည် ဖြစ်သည်။ 

ပထမဆုံးအဖြစ် မိုဘိုင်းလ် ဆွေးနွေးပွဲကို ဧရာဝတီတိုင်း၊  ဇလွန်မြို့ရှိ ကြာသပတေးပတ်ဆွမ်းလောင်း အသင်းတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်သဖြင့် ယင်းဒေသရှိအများပြည်သူတို့ ပါဝင်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားသည်။

Continue Reading...

Tuesday, December 27, 2016

ဝန်ထမ်း ၁၀၀၀ ခန့်ကို နောက်ဆုံးပေါ်စမတ်ဖုန်းတွေ အခမဲ့ပေးတဲ့ Huawei



ဒီဇင်ဘာလက စတင်ပြီး Huawei က သူ့ရဲ့ ဝန်ထမ်း တွေကို ကုမ္ပဏီရဲ့ အထင်ကရ စမတ်ဖုန်းတွေ ဖြစ်တဲ့ Huawei P9 နှင့် Mate 8 မော်ဒယ်အမျိုးအစား မိုဘိုင်းဟန်းဆက်များနဲ့ ဆင်းမ်ကတ်များကို အခမဲ့ ပေးအပ် နေပါတယ်။

ဝန်ထမ်းတွေက အဆိုပါမော်ဒယ်နှစ်မျိုးထဲမှ ကြိုက်နှစ်သက်ရာစမတ်ဖုန်းကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ အဆိုပါလှုပ်ရှားမှုအစီအစဉ်အရ ကုမ္ပဏီမှ ၀န်ထမ်းပေါင်း ၁၀၀၀ ခန့်ကို စမတ်ဖုန်းများ၊ ဆင်းမ်ကတ်များ ပေးအပ်သွားမည်ဟု Huawei မြန်မာမှ ဆိုပါတယ်။

Continue Reading...

Sunday, December 25, 2016

နိုင်ငံတစ်ဝှမ်းရှိ စာတိုက်များ၌ MPT ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ပြီ



မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာတိုက်ပေါင်း ၇၈၂ ခုတွင် MPT ၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်နိုင်ပြီဖြစ်သည်။
စာတိုက်များတွင် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ရန်အတွက် MPT သုံးစွဲသူများသည် မှတ်ပုံတင်မည့် လက်ရှိဆင်းမ်ကတ်နှင့် နိုင်ငံသားမှတ်ပုံတင်ကတ်၊ ကျောင်းသားကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် အစရှိသည့် အထောက်အထားတစ်ခုခု၊ နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလတ်မှတ်တို့ကို ယူဆောင်လာရန် လိုအပ်ပါသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ပြုလုပ်ခြင်းကို မြန်မာ့စာတိုက်ပေါင်း ၇၈၂ တွင် ပြုလုပ်နိုင်ရုံမက မြန်မာနိုင်ငံတစ်ဝှမ်းရှိ အိတ်ချိန်းရုံးပေါင်း ၃၀၀ ကျော်တွင်လည်း ဆောင်ရွက်နိုင်ပြီး MPT လက်လီအရောင်းဆိုင်ပေါင်း ၃၅,၀၀၀ တွင်ပါ မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ ထို့အပြင် CB ဘဏ် ၊ KBZ ဘဏ်နှင့် Bestone မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင်လည်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်နိုင်ရန် MPT မှ စီစဉ်ပေးထားပြီးဖြစ်ပါသည်။ 

အွန်လိုင်းမှမှတ်ပုံတင်ခြင်းနည်းလမ်းအပါအ၀င် MPT အမှတ်တံဆိပ် အရောင်းဆိုင်များ၊ ဆင်းမ်ကတ်မှတ်ပုံတင် ပွဲတော်များ၊ ကျေးလက်ဒေသအရောက် ၀န်ဆောင်မှုပေးနေသော မော်တော်ယာဉ်များအပါအ၀င် အခြားသော ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာများနှင့် ပတ်သက် အသေးစိတ်သိရှိလိုပါက http://mpt.com.mm/en/sim-registration/ တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။
Continue Reading...