Thursday, April 28, 2016

Vietjet နှင့်အတူ ဟွေး ပွဲတော်သို့ ပျံသန်းပြီး မိုးပျံပူဖောင်းစီးနိုင်ပြီ

Vietjet သည် ၉ ကြိမ်မြောက်ပြုလုပ်မည့် ဟွေးပွဲတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မိုးပျံပူဖောင်းများဖြင့် ကောင်းကင်ယံထက်တွင် ပျံသန်းပေးသွားမည်ဖြစ်သဖြင့် Vietjet နှင့် ဟွေး မြို့တော်သို့ ပျံသန်းသော ခရီးသည်များအနေဖြင့် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းသော မီးပုံးပျံစီးနင်းခြင်း အတွေ့အကြုံကို အခမဲ့ရရှိမည့်အပြင် ၆ရက်ကြာကျင်းပမည့် မီးရှူးမီးပန်းအစီအစဉ်များ၊ ယဉ်ကျေးမှုပြပွဲများနှင့် ယခင်ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သည့် ဟွေးမြို့၏  ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။


Vietjet မိုးပျံပူဖောင်းသည် အခြားသော အင်္ဂလန်၊ နယ်သာလန် ၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား၊ ထိုင်း၊ မလေးရှား နှင့် ဖိလစ်ပိုင် အစရှိသော နိုင်ငံများမှ တက်ရောက်သရုပ်ပြကြမည့် ဟွေးပွဲတော် နိုင်ငံတကာ မိုးပျံပူဖောင်း သရုပ်ပြပွဲ၌ ပါဝင်ခွင့်ရသည့် ဗီယက်နမ်နိုင်ငံ၏ တစ်ခုတည်းသော ကိုယ်စားပြုလည်းဖြစ်သည်။

ယင်းကဲ့သို့သော အထူးသယ်ယူပို့ဆောင်မှုကို တွေ့ကြုံခံစားနိုင်ရန် ခရီးသွားများအနေဖြင့်  ဟွေး ရှိ  Ham Nghi  ကွင်းပြင်သို့ မေလ ၄ ရက် (သို့မဟုတ်) ၅ ရက်နေ့တွင် ၄င်းတို့၏ Vietjet လေယာဉ်ဖြင့် လေယာဉ်ထွက်ခွာခွင့်လက်မှတ် (Boarding Pass)ကို ယူဆောင်လာရန်လိုအပ်မည်ဖြစ်သည်။  လေယာဉ်ပေါ် ရောက်သည်နှင့် ခရီးသည်များသည်  မိုးပျံပူဖောင်း သရုပ်ပြပွဲ ပျော်ရွှင်စရာ လှုပ်ရှားမှုများတွင် ပါဝင်ပြီး ဓါတ်ပုံများ ရိုက်ကူးနိုင်သကဲ့သို့ လေယာဉ်မောင်းသူများနှင့်ပါ တွေ့ဆုံနိုင်မည်ဖြစ်သည်။ လေယာဉ်ချိန်ကို ကန့်သတ်ထားသည့်အတွက် အစောဆုံး ရောက်ရှိသူများကိုသာ ဦးစားပေး သွားမည်ဖြစ်သည်။

Vietjet ၏ မိုးပျံပူဖောင်းများသည် အမြင့်ပေ ၂၅ မီတာရှိပြီး ၁၈ မီတာ ကျယ်ဝန်းသည့်အပြင် ပျံသန်းအကွာအဝေး ၅ ကီလိုမီတာနှင့် အမြင့်ဆုံး ၁၅၀ မီတာအထိ ပျံသန်းနိုင်သည်။ မီးပုံးပျံများဖြင့် သရုပ်ပြမှုများ၊ ဖျော်ဖြေမှုများ ပြုလုပ်ပေးမည့်အပြင် လိုက်ပါစီးနင်းသည့် ဧည့်သည်များအား ဟွေးမြို့တော်၏ အပေါ်စီးမြင်ကွင်းအလှများကို ပြသပေး သွားမည်ဖြစ်သည်။

ခရီးသည်များအား သက်တောင့်သက်သာဖြစ်စေရေးဝန်ဆောင်မှုပေးရာတွင် အမြဲရှေ့မှဦးဆောင်နေသော Vietjet ၏ မီးပုံးပျံခရီးစဉ်သည် အခြားနိုင်ငံများ၏ မီးပုံးပျံသရုပ်ပြပွဲများတွင်လည်း ဗီယက်နမ်ကိုယ်စားပြုအဖြစ်ပါဝင်ခဲ့သည်။ ၂၀၁၆ ဇူလိုင်လတွင် ထိုင်ဝမ်နိုင်ငံ၌လည်းကောင်း၊ ၂၀၁၆ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ဂျပန်နိုင်ငံ၌ လည်းကောင်း၊ ၂၀၁၇ မတ်လတွင် မလေးရှားနိုင်ငံ၌လည်းကောင်း၊ ၂၀၁၇ ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံ၌ လည်းကောင်း၊ ၂၀၁၇ ဧြ့ပီလတွင် ထိုင်းနိုင်ငံ၌လည်းကောင်း ပါဝင်ပြသသွားမည်ဖြစ်သည်။


သက်သာသောဈေးနှုန်းများဖြင့် လေယာဉ်စဉ်သန်းပေါင်းများစွာကို ပျံသန်းခဲ့သည့်အပြင် Vietjet သည် လူမှုဆက်ဆံရေးနယ်ပယ်တွင်လည်းကောင်း၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင်လည်း စဉ်ဆက်မပြတ် ပါဝင်ခဲ့သည်။ ဂီတပညာရှင် Trinh Cong Son အထိမ်းအမှတ်ဖျော်ဖြေပွဲ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ထောက်ပံ့ပေးခြင်း၊ Da Lat ပန်းပွဲတော်၊ Forbes 30 under 30 နှင့် ဟနွိုင်းမြို့တော်၏ နှစ် ၆၀ ပြည့်လွတ်မြောက်ရေးနေ့အထိမ်းအမှတ် အနုပညာအစီအစဉ်များတွင်လည်း ကူညီထောက်ပံ့မှုများပြုခဲ့သည်။ ထို့ပြင် နောက်ဆက်လက်၍လည်း စိတ်ဝင်စားဖွယ်ရာအစီအစဉ်များနှင့် ခရီးသည်များအတွက် အကျိုးရှိစေမည့် လှုပ်ရှားမှုများကို ကူညီထောက်ပံ့သွားမည်ဖြစ်သည်။

၂၀၁၆ ခုနှစ် ဟွေးပွဲတော်အတွက် အသေးစိတ်များကို သိရှိလိုပါက http://goo.gl/cAuthp တွင်ကြည့်ရှုနိုင်သည်။
Continue Reading...