Sunday, February 21, 2016

ချင်းပြည်နယ်သို့ အလည်

Jovago မှ ချင်းပြည်နယ်တွင် ခရီးသွားလာမှု ပိုမိုဖွံ့ဖြိုးမှုရလာစေရန်အတွက် ချင်းပြည်နယ်အတွင်းရှိ ဟိုတယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားတော့မှာပါ။
ချင်းပြည်နယ်သို့ ပြည်တွင်းပြည်ပခရီးသွားလာမှုများမြင့်တက်လာပြီးနောက် Jovago အနေဖြင့် ချင်းပြည်နယ်ရှိ ဟိုတယ်များနှင့် ချိတ်ဆက်ရန် ဆောင်ရွက်ပေးလာခြင်းလည်းဖြစ်ပါတယ်။
“ချင်းပြည်နယ်မှာရှိတဲ့ ဟိုတယ်တွေကို ခရီးသွားလို့ကောင်းတဲ့နေရာတစ်ခုဖြစ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဟိုတယ်တွေအားလုံးနဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အားလုံးကိုလည်း အကြောင်းကြား ထားပြီးဖြစ်ပါတယ် “ လို့ Jovago ရဲ့မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr. Hugo Schleicher က ပြောခဲ့ပါတယ်။
မကြာသေးခင်ကမှ ချင်းပြည်နယ်ကို တရားဝင်ခရီးစဉ်များစတင်လာပြီးနောက် ကန်ပက်လက်မြို့၊ နတ်မတောင်၊ ချင်းတောင်တန်းပေါ်ရှိ ရှာလ်လုမ်းခံတပ်၊ ကနေဒီတောင်၊ တီးတိန်လွင်ပြင်ဒေသနှင့် ရိဒ်ရေကန်များဟာ အများဆုံးသွားရောက်ကြတဲ့နေရာများ ဖြစ်လာတာပါ။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ရှာဖွေတူးဖော်အသုံးပြုရသေးခြင်းမရှိသေးသော သဘာဝအလှတရားများနှင့် ပြည့်စုံတဲ့ ဒေသတစ်ခုဖြစ်ပြီး ချင်းပြည်နယ်(တောင်ပိုင်း) ရှိ နတ်မတောင် အမျိုးသားဥယျာဉ်ဟာလည်း အာဆီယံယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ထင်ရှားတဲ့နေရာတစ်ခုဖြစ်တဲ့ အသည်းပုံသဏ္ဌာန်ရှိ ရိဒ်ရေကန်ကလည်း မသွားမဖြစ်သွားရောက်ရမယ့် နေရာတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုဟာ ပိုမို မြင့်တက်လာနေကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အချက်အလက်တချို့အရ သိရပါတယ်။ လက်ရှိမှာ ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ လိုင်စင်ရဟိုတယ်သုံးလုံးနဲ့ အခြား ဟိုတယ်လုပ်ငန်းဆောင်ရွက်နေတဲ့ ဟိုတယ်များ အတန်သင့်ရှိနေပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုကြောင့် ထပ်မံဆောက်လုပ်ရန် ဟိုတယ်များလည်းရှိနေပါတယ်။
အခုကဲ့သို့ ခရီးသွားများ စိတ်ဝင်စားမှုမြင့်တက်လာခြင်းကြောင့် Jovago အနေဖြင့် ချင်းပြည်နယ်ရှိ ဟိုတယ်များနှင့် ချိတ်ဆက်နိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ချင်းပြည်နယ်အနေဖြင့် အိန္ဒိယနိုင်ငံအရှေ့ဖျားပိုင်းပြည်နယ်များနဲ့ ဆက်သွယ်သွားလာမှုများရှိသည့် အတွက်လည်း နယ်စပ်ဖြတ်ကျော် ခရီးသွားလာလိုသူများအတွက် စိတ်ဝင်စားစရာနေရာဖြစ်ပါတယ်။
Jovago ကို ၂၀၁၃ ခုနှစ်တွင် အာရှ-ပစိဖိတ်အင်တာနက် အုပ်စုမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Rocket Internet နှင့် Ooredoo တို့က အဓိက ရင်းနှီးမြှုပ်နှံထားတာလည်းဖြစ်ပါတယ်။
Continue Reading...

Tuesday, February 2, 2016

Telenor ဝန်ဆောင်မှုတွေစုစည်းထားခြင်း

My Tune
သင့် စိတ်ကြိုက် တေးသွားကို ရွေးချယ်လိုက်ပါ

- တစ်ဖက် ဖုန်းခေါ်ဆိုသူမှ ကိုယ်ထည့်ထားသော ring tone ကို နားထောင်နိုင်မည်။
- တစ်ပတ်လျှင် ဝန်ဆောင်ခ ၃၀၀ ကျသင့်မည်ဖြစ်သည်။
- ၇ရက်လျှင်တစ်ကြိမ် အလိုလျောက် ကျသင့်ငွေ ကောက်ခံသွားမည်ဖြစ်သည်။
- တေးသွားတစ်ခုကို ကျပ် ၃၀၀ ကျသင့်မှာဖြစ်ပြီး ၃၆၅ရက် အသုံးပြုနိုင်မည်ဖြစ်သည်။
- IVR ခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ကျပ်

စတင်အသုံးပြုလိုလျှင်:


SMS - “MT ON “ စာရိုက်ပြီး 333 သို့ စာပို့ပါ။ USSD - ဖုန်း key pad မှ * 979# ကို နှိပ်ပါ

၃၃၃ သို့ဖုန်းခေါ်ဆိုပြီး နှစ်သက်ရာ တေးသွားကို ရွေးချယ် အသုံးပြုနိုင်ပါပြီ။ သီချင်းအသစ်

အသုံးပြုလိုလျှင် ၃၃၃ သို့ NEW ဟု sms ပို့ပါ။


Facebook zero

သင့် မိုဘိုင်းဖုန်းမှ အခမဲ့ facebook အသုံးပြုလိုက်ပါ


- 0.facebook.com သို့သွားပါ။

- Data အသုံးပြုခ ကောက်ခံမည် မဟုတ်ပါ။

- အသုံးပြုခ ကောက်ခံမည့် စာမျက်နှာများ အခမဲ့မဟုတ်သော စာမျက်နှာများ

ရောက်သွားလျှင် သတိပေးမှာ ဖြစ်ပါတယ်။


Facebook SMS

အင်တာနက် မလိုအပ်ဘဲ facebook မှာ status တင်မယ်-မြန်မာပြည် ရဲ့ ပထမဆုံး


- ငွေကျပ် ၅၀ပေးပြီး Facebook SMS မှတစ်ဆင့် Facebook ပေါ်တွင် status တင်နိုင်မည်။

- Facebook notifications များကို sms မှ အခမဲ့ ရရှိနိုင်မည်။

- Facebook Mobile မှ setting ကိုသွားပါ ၊ text messaging သို့သွားပြီး

သင့်ဖုန်းနံပါတ်ကို ထည့်ပြီး စတင် အသုံးပြုနိုင်ပါပြီ။


Telenor mobile Portal

Digital Content များ download ပြုလုပ်ရန် မြန်မာနိုင်ငံ၏ ပထမဆုံး မိုဘိုင်းဆိုဒ်


- မိုဘိုင်းဆိုဒ်မှ စိတ်ဝင်စားဖွယ်ရာ digital content များ download ပြုလုပ်နိုင်ပါပြီ။

- Wallpaper များ ၊ ဗီဒီယိုများ ၊ သီချင်းများ ၊ ဂိမ်းများနှင့် အခြားသော digital content

များ download ပြုလုပ်နိုင်ပါပြီ။

- မိုဘိုင်းဆိုဒ် ကိုဝင်ရောက်ကြည့်ရှူ့ရာတွင် Internet ဖိုးပေးရန်မလိုပါ။

- Download လုပ်သော နှုန်းထားကိုသာ မိမိ ငွေလက်ကျန်ထဲမှ နှုတ်ယူသွားမှာဖြစ်ပါတယ်။

အသုံးပြု ခ ထပ်မံပေးရန်မလိုပါ။

- m.telenor.com.mm ကိုသင့်ရဲ့ တယ်လီနော ဖုန်းမှ ဝင်ရောက် ကြည့်ရှူ့နိုင်ပါတယ်


Free Wikipedia

အခမဲ့ အသုံးပြုနိုင်သော ဝီကီပီးဒီးယား


- ဗဟုသုတ များကို အခမဲ့ ရယူလိုက်ပါ။

- ဝီကီပီးဒီးယားမှ ဆောင်းပါးများကို အခမဲ့ ဖတ်ရှုနိုင်မည်။

- တယ်လီနောမိုဘိုင်းဖုန်းမှ ဝီကီပီးဒီးယားကို ကြည့်ရှုလျှင်

အင်တာနက် အသုံးပြုခ ပေးရန်မလိုပါ။

- တယ်လီနော မိုဘိုင်းမှ m.wikipedia.org သို့ သွားပြီး စတင်အသုံပြုနိုင်ပါပြီ။

- အသုံးပြုခ ကောက်ခံမည့် စာမျက်နှာများ အခမဲ့မဟုတ်သော စာမျက်နှာများ

ရောက်သွားလျှင် သတိပေးမှာ ဖြစ်ပါတယ်။


Opera Mini browser

သင့်မိုဘိုင်းမှ ပိုမိုမြန်ဆန်သော အင်တာနက်ကို စတင် အသုံးပြုလိုက်ပါ။


- တယ်လီနောနှင့် အကျိုးတူ ပူးပေါင်းထားသော Opera software

ကို အသုံးပြုထားသည့် mobile browser

- ပိုမိုမြန်ဆန်သော အင်တာနက်ကို မိုဘိုင်းဖုန်းမှတစ်ဆင့်အသုံးပြု နိုင်ပါပြီ။

- Smart phone မှအသုံးပြုရသလို Feature phone များမှသုံးနိုင်ခြင်း

- သင့် android ဖုန်းပေါ်သို့ apk file download လုပ်လိုက်ပါ။

- M.opera.com မှလည်း Opera mini ကို download လုပ်နိုင်သည်။


Missed Call အသိပေးချက်

Missed call များအတွက် sms notification များရရှိမည်။


- လိုင်းမိသောနေရာ သို့မဟုတ် ဖုန်းပြန်ဖွင့်လိုက်သည်နှင့် sms notification

ရရှိမည်ဖြစ်သည်။

- အသုံးပြုရန် subuscribe ပြလုပ်ရမည်ဖြစ်ပြီး တစ်ပတ်လျှင် ကျပ် ၃၀၀ ကောက်ခံမည်။

- Voice Mail သို့မဟုတ် Missed call alert တစ်ခုကိုသာ

အသုံးပြုနိုင်မှာ ဖြစ်ပြီး ဝန်ဆောင်မှု နှစ်ခုလုံးအား တစ်ပြိုင်နက် အသုံးပြုလို့ မရပါ။


စတင် အသုံးပြုရန်


၂၂၂ သို့ “MCA ON” ဟု ပေးပို့ပါ။


Voice Mail ဝန်ဆောင်မှု

သင် မအားလပ်တဲ့အခါ သင့်အစား ဖုန်းဖြေဆိုပေးမည့် voicemail ကို စတင်အသုံးပြုလိုက်ပါ


- ဖုန်းလိုင်းမမိသော နေရာသို့ရောက်နေလျှင် သို့မဟုတ်

ဖုန်းပိတ်ထားလျှင် ခေါ်ဆိုသူမှ voice message ထားခဲ့နိုင်မည်။

- ဤဝန်ဆောင်မှူ ကိုအသုံးပြုရန် လစဉ် ၁၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

- ဖုန်းပြန်ဖွင့်တဲ့အချိန်တွင် voice mail notification ရရှိမည်ဖြစ်ပြီး

နားထောင်နိုင်ရန်အတွက် နံပါတ်တိုတစ်ခုကို ခေါ်ဆိုရမည်ဖြစ်သည်။

အသုံးပြုရန် subscribe ပြုလုပ်ရမည်ဖြစ်ပြီး တစ်လအသုံးပြုခ ၁၀၀၀ ကျပ်

ကျသင့်မည်ဖြစ်သည်။Voice Mail Box စစ်လျှင် ၁မိနစ်ကို ၅၀ကျပ်

ကျသင့်မည်ဖြစ်သည်။


စတင်အသုံးပြုရန်:


၉၇၉ သို့ ခေါ်ဆိုပြီး ၄ကိုနှိပ်ပါ။ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။


လက်ကျန်ငွေ လွှဲပြောင်းပေးခြင်း

တယ်လီနော ဖုန်းတစ်လုံးမှ တစ်လုံးသို့ လက်ကျန်ငွေ လွှဲပြောင်း ပေး နိုင်မည်။


- သင့် တယ်လီနော ဖုန်းထဲမှ လက်ကျန်ငွေအား အခြား

တယ်လီနော အသုံးပြုသူထံသို့ လွှဲပြောင်းပေးနိုင်မည်။

- ကျပ် ၅၀၀ မှ ၁၀၀၀၀ ကြား လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။

- လက်ခံရရှိသူအတွက် ရရှိသော ပမာဏကို အသုံးပြုရမည့် အချိန်သတ်မှတ်ချက် မရှိပါ။

- လွှဲပြောင်းပေးသူထံမှ လွှဲပြောင်းပေးသော ပမာဏ၏ ၅ရာခိုင်နှုန်းကို

ကောက်ခံသွားမည်ဖြစ်သည်။

- အသုံးပြုရန် *979# သို့ ခေါ်ဆိုပြီး ညွှန်ကြားချက်များ အတိုင်း ဆောင်ရွက်ပါ။


SMS မှတစ်ဆင့်သင့်တင့်သောဈေးဖြင့်ရရှိနိုင်သောဝန်ဆောင်မူများ


- တစ်ပတ်ကို ၂၅၀ ကျပ်ကျသင့်မည်ဖြစ်သည်။

- သတင်းများ ၊ အားကစား သတင်းများနှင့် ဗေဒင်တွက်ချက်

မှုများ စသည်ဖြင့် sms မှတစ်ဆင့် ရရှိနိုင်မည်ဖြစ်သည်။

- ဝန်ဆောင်မှုများသည် အလိုလျောက် အသစ်စတင်သွားမည်ဖြစ်ပြီး sms

မှ တစ်ဆင့် အသိပေးသွားမည်ဖြစ်သည်။

- နေ့စဉ် သတင်းအချက်လက်များ အခမဲ့ ရရှိမည်ဖြစ်သည်။

- နေ့စဉ် သို့မဟုတ် တိုက်ရိုက်သတင်းများ

( ဥပမာ ဘောလုံးပွဲမှ ဂိုးအရေအတွက် ) ရရှိမည်ဖြစ်သည်။

- ရရှိသော သတင်းများအတွက် သတင်းရေးသားသူမှာသာ တာဝန်ရှိသည်။

- အသုံးပြုလိုသော ဝန်ဆောင်မှုအား ၆၆၁၁ သို့မဟုတ် ၆၆၂၂ သို့ sms ပေးပို့ပါ။

- သိလိုသောဝန်ဆောင်မှုများ ရရှိရန် keyword များလည်းပေးပို့နိုင်သည်။

- ထီတိုက်သည့် ဝန်ဆောင်မှုကိုလည်း တစ်ခါစစ်ဆေးလျှင် ကျပ် ၁၀၀ဖြင့် အသုံးပြုနိုင်သည်။

Continue Reading...