Wednesday, September 28, 2016

မြန်မာပြည်၏ အကြီးဆုံးဖြစ်သော နိုင်ငံတကာစက်မှုလုပ်ငန်းသုံး စက်ယန္တရားများနှင့်အကျိုးတူပူးပေါင်းလုပ်ဆောင်ရေး စတုတ္တအကြိမ်မြောက်ပြပွဲကြီး

ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သည့်အာဆီယံ၏အကြီးမားဆုံးနိုင်ငံတကာစက်မှုလုပ်ငန်းသုံးပစ္စည်းနှင့်တွဲဖက်ပစ္စည်း ပြပွဲဖြစ်သည့်INTERMACH & SUBCONပြပွဲအောင်မြင်မှုနောက်ဆက်တွဲအနေဖြင့်မြန်မာနိုင်ငံတွင်စတုတ္ထအကြိမ် မြောက်အဖြစ်INTERMACH & SUBCONပြပွဲကိုယခုအောက်တိုဘာလတွင်ဂုဏ်ယူစွာဖြင့်တင်ဆက်ပြသသွားမည် ဖြစ်ပါသည်။ယခုပြပွဲသည်မြန်မာ့ထိပ်တန်းအပြည်ပြည်ဆိုင်ရာစက်မှုလုပ်ငန်းသုံးပစ္စည်းများနှင့်တွဲဖက်ပစ္စည်းများပြပွဲ အဖြစ်ရည်ရွယ်ပြသမည်ဖြစ်ပြီး၂၀၁၆ခုနှစ်အေက်တိုဘာ၂၀ရက်နေ့မှ၂၂ရက်နေ့အထိရန်ကုန်မြို့တပ်မတော်ခန်းမတွင်ကျင်းပသွားမည်ဖြစ်သည်။

INTERMACH 2016တွင်စက်ပစ္စည်းအမျိုးအစားပေါင်း၃၀၀ကျော်ကိုတင်ဆက်ပြသသွားမည်ဖြစ်ပြီးယူကေ၊ အမေရိကန်၊သြစတေးလျ၊ဆွီဒင်၊အိန္ဒိယ၊ဂျပန်၊မလေးရှား၊အင်ဒိုနီးရှား၊စကာင်္ပူ၊ထိုင်း၊မြန်မာတို့အပါအ၀င်နိုင်ငံပေါင်း၂၂နိုင်ငံမှနာမည်ကြီးအမှတ်တံဆိပ်ပေါင်း၂၀၀ကျော်မှပါဝင်ပြသသွားမည်ဖြစ်ပါသည်။ယခုနှစ်တွင်ယခင်နှစ်များနှင့်မတူဘဲစီးပွားရေးဆွေးနွေးပွဲများ၊အလုပ်ရုံဆွေးနွေးပွဲများနှင့်INTERMACHပြပွဲစီစဉ်သူများမှဦးစီးကျင်းပသည့်အထူးတင်ဆက်မှုများပါဝင်သွားမည်ဖြစ်ပါသည်။အဆိုပါဆွေးနွေးပွဲများနှင့်တင်ဆက်ပြသမှုများမှတစ်ဆင့်မြန်မာ့စီးပွားရေးလုပ်ငန်း များကိုကမ္ဘာ့အဆင့်မီတိုးတက်စေရန်နှင့်ကုန်ထုတ်လုပ်မှုစနစ်များပိုမိုကောင်းမွန်လာစေရန်ကူညီပေးသွားရန်ရည်ရွယ်ထားပြီးINTERMACH and SUBCON Myanmar အနေဖြင့်နိုင်ငံအားအာဆီယံထုတ်ကုန်စင်တာနှင့်ကမ္ဘာလုံး     ဆိုင်ရာ ထုတ်လုပ်မှုအချက်အချာနေရာအဖြစ်အထောက်အပံ့ပြုသွားမည်ဖြစ်ပါသည်။

Continue Reading...

Friday, September 23, 2016

Myanmar Build & Décor ပြပွဲတွင် နိုင်ငံတကာကုမ္ပဏီပေါင်း ၂၀၀ကျော် ပါဝင်ပြသမည်

ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၊ ပရိဘောဂများ၊ အိမ်တွင်းအလှဆင် ပစ္စည်းများအတွက် အကောင်းဆုံးပြပွဲဖြစ်သည့် တတိယအကြိမ် Myanmar Build & Décor ပြပွဲတွင် နိုင်ငံတကာမှ ကုမ္ပဏီပေါင်း၂၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ပြီး ထိုပြပွဲကို ၂၀၁၆ခုနှစ် အောက်တိုဘာလ ၆ ရက်မှ ၈ရက်အထိ Myanmar Event Park (MEP) တွင်ကျင်းပမည်ဖြစ်သည်။

ပြပွဲတွင် ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗီယက်နမ်၊ ကိုရီးယား၊ စင်ကာပူ၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနှင့်အခြား နိုင်ငံများမှ ပြည်တွင်းပြည်ပ ကုမ္ပဏီများ ပါဝင်ပြသမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များ၊ အိမ်တွင်းအလှဆင်ပညာရှင်များ၊ အိမ်ခြံမြေ အကျိုးဆောင်များ နှင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူများ မဖြစ်မနေ တက်ရောက်လေ့လာသင့်သည့် ပြပွဲတစ်ခုဖြစ်သည်။ ထိုပြပွဲတွင် ခေတ်အလိုက် ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုး ကိုလေ့လာနိုင်မည့်အပြင် ထုတ်လုပ်သူများနှင့် ဝယ်ယူသူများ တိုက်ရိုက်ချိတ်ဆက် နိုင်မည့် နေရာတစ်ခုဖြစ်သည်။


အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဈေးကွက်တွင် ရင်းနှီးမြှပ်နှံလိုသည့် နိုင်ငံတကာကုမ္ပဏီများအတွက် မြန်မာနိုင်ငံသည် စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်လာပြီး အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဈေးကွက်သည် လျင်လျင်မြန်မြန်ဖွံဖြိုးတိုးတက် နေသည်။ ၂၀၁၅ခုနှစ်တွင် ရင်းနှီးမြှပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈.၂ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၂၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃.၅သန်းအထိ တိုးမြှင့်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ လျင်မြန်စွာ တိုးတက်လာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အများပိုင်အခြေခံအဆောက်အဦး လိုအပ်ချက်များအတွက် အစိုးရ၏ရင်းနှီးမြှပ်နှံမှု တိုးတက် လာခြင်းနှင့် တိုးတက်များပြားလာသည့် လူဦးရေ၏ အိမ်ယာလိုအပ်ချက်များအတွက် ပြည်တွင်းပြည်ပ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားမှုပိုမိုများပြားလာခြင်းတို့ကြောင့် မြန်မာ့အိမ်ခြံမြေနှင့် ဆောက် လုပ်ရေးဈေးကွက်အား အပြုသဘောဆောင် ရှုမြင်သုံးသပ်ကြသည်။

Myanmar Build & Décor 2016 ပြပွဲသို့ ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်လေ့လာနိုင်ပြီး ပြပွဲမစခင် ကြိုတင်စာရင်းပေးသွင်း
သူများထဲမှ Bangkok Airways လေကြောင်းလိုင်းဖြင့် ရန်ကုန်-ဘန်ကောက် အသွား၊အပြန် လက်မှတ် ၃စောင် ကံစမ်းနိုင်
သည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။ ကြိုတင်စာရင်းပေးသွင်းခြင်းကို www.myanmarbuilddecor.com မှတဆင့်
စာရင်းပေးသွင်းနိုင်သည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်းနံပါတ် ၀၉ ၇၇၈၂၃၉၆၃၅ သို့မဟုတ် အီးမေးလ်လိပ်စာ info@icvex.com တွင်လည်း မေးမြန်းနိုင်သည်။ 
Continue Reading...

Wednesday, September 21, 2016

Vietjet မှ လေယာဉ်ခရီးစဉ်အတွင်း ဘေးကင်းလုံခြုံရေးအတွက် Samsung Galaxy Note 7 နှင့်ပတ်သက်သည့် သတိပေးချက်ထုတ်ပြန်

ဗီယက်နမ်နိုင်ငံ၏ လေကြောင်းညွှန်ကြားမှုဌာနမှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် 3729/CT – CHK အရ Vietjet လေကြောင်းလိုင်းမှ Samsung Galaxy Note 7 ဖုန်းအမျိုးအစားကို လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့်မပြုရန် တရားဝင်ထုတ်ပြန် လိုက်သည်။

ထို့အပြင် ထပ်မံ၍ ညွှန်ကြားချက်မထွက်မချင်း Vietjet မှ မည်သည့် စမတ်ဖုန်းအမျိုးအစားကိုမဆို လေယာဉ်ပေါ်တွင် အသုံးပြုခြင်းနှင့် အားသွင်းခြင်းများအားလည်း မပြုလုပ်ရန် ညွှန်ကြားထားမည်ဖြစ်သည်။

ဤတားမြစ်ချက်များမှာ စမတ်ဖုန်းများ အားသွင်းထားစဉ် ပေါက်ကွဲ၍ မီးလောင်ခြင်း အဖြစ် အပျက်များအား တွေ့ရှိရသဖြင့် ဗီယက်နမ်နိုင်ငံ၏ လေကြောင်းညွှန်ကြားမှုဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။


သတိပေးချက်ကို www.vietjetair.com တွင်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ Vietjet ၏ check-in ကောင်တာများ တွင်လည်းကောင်း၊ နိုင်ငံတကာလေဆိပ်များတွင်လည်းကောင်း ထုတ်ပြန်ထားသည်။ Vietjet လေယာဉ်များပေါ်ရှိ တီဗီများတွင်လည်း ထုတ်ပြန်မည်ဖြစ်သည်။ 
Continue Reading...

Monday, September 19, 2016

KBZ Gateway မှ အိုင်တီပညာရပ်ဆိုင်ရာ လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်လှစ်

ကမ္ဘောဇအုပ်စုကုမ္ပဏီကြီး၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော KBZ Gateway ကုမဏီလီမိတက်သည် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းကာ အနာဂတ်၏ အိုင်တီပညာရှင်များဖြစ်မည့် ကျောင်းသားကျောင်းသူများ အတွက် လုပ်ငန်းခွင်အကြိုသင်တန်းတစ်ရပ်ကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါသည်။

KBZ Gateway ၏ HR ဌာနမှတာဝန်ရှိဝန်ထမ်းများသည် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်သို့ ယမန်နေ့က သွားရောက်ကာ နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြိုသင်တန်းအတွက် ကျောင်းသား ကျောင်းသူများကို အင်တာဗျူးရွေးချယ်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားကျောင်းသူများ လုပ်ငန်းခွင်မတိုင်မီ KBZ Gateway မှ ကျွမ်းကျင်ဝန်ထမ်းများနှင့် ထိတွေ့စေပြီး တကယ့်လုပ်ငန်းခွင်အတွက် လိုအပ်သည်များကို ပိုမိုကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားနိုင်ရန် ဖြစ်ပါသည်။

KBZ Gateway ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနိုင်ထွန်းကျော်သည် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၎င်းတို့၏ တောက်ပသော အနာဂတ်များအတွက် အကျိုးရှိစေမည့် KBZ Gateway ၏ လုပ်ငန်းများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။

“မြန်မာနိုင်ငံရဲ့ အိုင်တီကဟာ လျင်မြန်စွာ ကြီးထွားလျက်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသားလူငယ်များနဲ့ နီးကပ်စွာ ထိတွေ့ဆက်ဆံပြီး တိုင်းပြည်ရဲ့လာမယ့်အနာဂတ်အတွက်  ပြင်ဆင်စရာများကို ကြိုတင်ပြင်ဆင်နိုင်ဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကျောင်းသားလူငယ်များရဲ့ လက်ထဲမှာပဲရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ KBZ Gateway ဟာ ဒီကျောင်းသားလေးတွေအတွက် သူတို့ကျွမ်းကျင်မှုတွေကို ပိုမိုထက်မြက်လာအောင် မြင့်တင်ပေးနိုင်မည့်၊ ဒစ်ဂျစ်တယ်နည်းပညာရပ်ဆိုင်ရာများနဲ့ ပေါင်းကူးတံတားသဖွယ် ဆောင်ကျဉ်းပေးနိုင်တဲ့ နေရာကောင်းတစ်ရပ် ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းကပြောကြားခဲ့ပါသည်။

KBZ Gateway သည် အဆိုပါလုပ်ငန်းခွင်အကြိုသင်တန်းများကို နိုဝင်ဘာလတွင် တစ်ကြိမ်၊ ဧပြီလတွင်တစ်ကြိမ်၊ စုစုပေါင်း တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အိုင်တီအခြေခံအဆောက် အအုံပိုင်းဆိုင်ရာတွင်သာမက လက်ရှိနှင့်အနာဂတ်မြန်မာနိုင်ငံ၏ အိုင်တီကျွမ်းကျင်ပညာရှင်များအတွက် လိုအပ် သော ကျွမ်းကျင်မှုများအတွက်ပါ ပိုမိုတိုးတက်ကောင်းမွန်လာစေမည် ဖြစ်ပါသည်။

“ကျွန်တော်တို့ဟာ တက္ကသိုလ်ကျောင်းသားကျောင်းသူများနဲ့ နီးကပ်စွာ အလုပ်အတူတွဲလုပ်ကြဖို့ အထူးလိုအပ်ပါတယ်။ ဒါမှလည်း အနာဂတ်ရဲ့ နည်းပညာရှင်၊ အတတ်ပညာရှင်များကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ခေါင်းဆောင်ဖြစ်လာမယ့် ကျောင်းသားလူငယ်များရဲ့ စွမ်းဆောင်ရည်တွေ ပိုမိုမြင့်မားလာစေဖို့ဆိုတာ ကျွန်တော်တို့ KBZ Gateway ရဲ့ အဓိကဦးစားပေးအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်” ဟု KBZ Gateway ၏ အမှုဆောင်အရာရှိချုပ် Stephane Lamoureux က ဆိုခဲ့ပါသည်။

ယခုဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြိုသင်တန်း အောင်မြင်စွာပြီးဆုံးသွားသည့်အခါ KBZ Gateway သည် ၂၀၁၇ ခုနှစ် ဒုတိယလေးလပတ်တွင် ဒုတိယအကြိမ်သင်တန်းကို ဆက်လက်ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများ ကို ယခုထက် ပိုမိုခေါ်ယူသွားမည်ဖြစ်ပါသည်။

ယခုလုပ်ငန်ခွင်အကြိုသင်တန်းဖွင့်လှစ်ခြင်းဟာ KBZ Gateway ရဲ့ လုပ်ငန်းခွင်များအတွက် ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းနှင့် ၀န်ထမ်းကောင်းများ ဖန်တီးပေးနိုင်ဖို့ ဆောင်ရွက်သွားမယ့် အစီအစဉ်များထဲမှ ပထမဦးဆုံးခြေလှမ်းပဲဖြစ်ပါတယ်”
Continue Reading...

Monday, September 12, 2016

Hilton နေပြည်တော်မှ အချက်အပြုတ်ပညာရှင်များ “Asian Food Festival and Battle of the Chefs 2016” တွင် ဆုတံဆိပ်များဆွတ်ခူး

Hilton နေပြည်တော်၏ စားဖိုမှုး အပါအဝင် အဖျော်ယမကာဖျော်စပ်သူနှစ်ဦး တို့သည် မကြာမီက မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ကျင်းပပြီးစီးခဲ့သော အာရှဆိုင်ရာအစားအသောက်ပွဲတော်နှင့် စားဖိုမှုးပြိုင်ပွဲ ၂၀၁၆ (Asian Food Festival and Battle of the Chefs 2016) တွင် မြန်မာနိုင်ငံကိုယ်စားပြု၍ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ခုနှစ်ခု အနက်မှ ငွေတံဆိပ်ဆု လေးဆု ဆွတ်ခူးရရှိခဲ့ကြသည်။

Hilton နေပြည်တော်၏ စားဖိုမှုး ကိုဇင်မော်ဝင်းသည် တစ်ဦးချင်းအလိုက်ပြိုင်ပွဲတွင် ၎င်း၏ ဆော်လမွန်ငါးအဓိက ဟင်းလျာကို ပုံစံနှစ်မျိုးဖြင့်ချက်ပြုတ်ပြသခဲ့ပြီး ငွေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့သည်။ ပထမ ပုံစံတစ်မျိုးမှာ မီးအပူပေးထားသော ဆော်လမွန်ငါးကို ထောပတ်နှင့် သံပုရာသီးတို့၏ အရသာသွင်းထားသော ဟင်းလျာဖြစ်ပြီး ဒုတိယတစ်မျိုးမှာ sous vide ချက်ပြုတ်နည်း (အသားလွှာအား အတွင်းအပြင်အကျက်ညီစေရန် အချိန်ယူချက်ပြုတ်ရသော ပြင်သစ်ချက်ပြုတ်နည်း) ဖြင့် ပြုလုပ်ထားသော ဆော်လမွန်ငါးကို သံလွင်ဆီ၊ မှိုအစာသွတ်ထားသော tortellini (အီတလီပတ်စတာ)၊ ပြောင်းဖူးပူတင်း၊ ထောပတ်သုတ်ထားသော ဟင်းသီးဟင်းရွက်ပြုတ်နှင့် ချဉ်သောအရသာရှိသည့် ခရင်မ်ဆော့စ်တို့ဖြင့် မျှတအောင် ပေါင်းစပ်ဖန်တီး ထားသော ဟင်းလျာဖြစ်သည်။

စားဖိုမှုး ကိုဇင်မော်ဝင်းသည် တစ်ဦးချင်းစီအလိုက်ပြိုင်ပွဲတွင် ရမှတ် ၈၆ မှတ်ဖြင့် ငွေတံဆိပ်ဆုရရှိခဲ့ပြီး ရွှေတံဆိပ်ဆုနှင့် ရမှတ် လေးမှတ်သာ ကွာခြားသည်။ ထို့ပြင် ၎င်းသည် အသင်းလိုက် အနောက်တိုင်းအစားအစာတည်ခင်းဧည့်ခံမှု ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ပြီး ငွေတံဆိပ်ဆုရယူပေးနိုင်ခဲ့သည်။ စားဖိုမှုး ကိုဇင်မော်ဝင်းနှင့်အတူ Hilton နေပြည်တော် မှ အဖျော်ယမကာဖျော်စပ်သူများဖြစ်ကြသည့် ကိုဇွဲမာန်ဦး၊ ကိုနိုင်လင်းအောင်တို့သည် Le Planteur မှ ကိုဇင်မျိုးနွယ်၊ အဖျော်ယမကာဖျော်စပ်သူ ကိုကျော်ကျော်တို့နှင့် အသင်းဖွဲ့၍ အဓိကဟင်းလျာ၊ ဟင်းရည်၊ အချိုပွဲ စသည်ဖြင့် အစားအသောက်ငါးမျိုးကို အချိန်လေးနာရီအတွင်း လူ ၁၃ ယောက်စာပြင်ဆင်ခဲ့သည်။

“အာရှမှာရှိတဲ့ အကောင်းဆုံးသော စားဖိုမှုးတွေနဲ့ ယှဉ်ပြိုင်ရတာဟာ အတွေ့အကြုံကောင်းတစ်ခုဖြစ်သလို၊ ဂုဏ်ယူ မိပါတယ်။ ကမ္ဘာ့ဘယ်နေရာဒေသမှာမဆို အောင်မြင်နိုင်တဲ့အလားအလာရှိတဲ့ လူငယ်စားဖိုမှုးတွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ အခုလို ဆုရရှိမှုဟာလည်း သူတို့ကို အကောင်းဆုံးကြိုးစားဖို့နဲ့ နောက်တကြိမ် ကျွန်တော်တို့ ရွှေတံဆိပ်ဆုရရှိဖို့ လှုံ့ဆော်လိုက်သလိုပါပဲ” ဟု စားဖိုမှုး ကိုဇင်မော်ဝင်းက ပြောသည်။

စားဖိုမှုး ဇင်မော်ဝင်း နှင့် အခြားဟိုတယ်များမှ စားဖိုမှုးလေးယောက်တို့သည် အောက်တိုဘာလ၌ ဂျာမနီတွင် ကျင်းပမည့် Culinary Olympics တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်းခံရသည်။
Continue Reading...

Tuesday, September 6, 2016

A321 လေယာဉ်အစီးသစ် ၂၀ ထပ်မံဝယ်ယူရန်အတွက် Vietjet နှင့် Airbus တို့ သဘောတူလက်မှတ်ရေးထိုး

Vietjet လေကြောင်းကုမ္ပဏီနှင့် Airbus တို့သည် A321 လေယာဉ် သစ် အစီး ၂၀- ထပ်မံဝယ်ယူခြင်းအတွက် သဘောတူညီချက်စာချုပ်ကို ယနေ့နံနက် (ဗီယက်နမ်စံတော်ချိန်) ၉ နာရီ က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၏ သမ္မတဖြစ်သူ Mr. Trần Đại Quang နှင့် ပြင်သစ်သမ္မတဖြစ်သူ Francois Hollande တို့က ဤအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ၂.၃၉ ဘီလျံဒေါ်လာ တန်ဖိုးရှိ လေယာဉ်များဝယ်ယူခြင်း လက်မှတ်ရေးထိုးမှုကို Vietjet ၏ အကြီးအကဲနှင့် ဥက္ကဌဖြစ်သူ Nguyễn Thị Phương Thảo နှင့် Airbus ၏ အကြီးအကဲနှင့် ဥက္ကဌ ဖြစ်သူ Fabrice Brégier တို့က ပြုလုပ်ခဲ့ကြသည်။



ယခု Airbus မှ ဝယ်ယူလိုက်သည့် လေယာဉ်သစ် အစီး ၂၀ အား ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း Vietjet ထံသို့ ပေးအပ်သွားမည်ဖြစ်သည်။  
Continue Reading...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ပြုပြင်ရန် Huawei မှ မြန်မာကျပ်ငွေသိန်း ၁၀၀၀ နှင့်ညီမျှသည့်အထောက်အပံ့များ ပေးအပ်လှူဒါန်းခဲ့

 ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၌ ရစ်ချက်တာစကေး ၆.၈ အဆင့်ရှိ မြေငလျင်တစ်ခုဖြစ်ပွားခဲ့မှုကြောင့် မြန်မာ့သမိုင်းဝင်အဖိုးတန် ယဉ်ကျေးမှုနယ်မြေများတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ သက်ဆိုင်ရာမှ လိုအပ်သည့်ပြန်လည်ပြုပြင်ထိန်းသိမ်းမှု များပြုလုပ်နိုင်ရန် Huawei P9 မော်ဒယ်အလုံးတစ်ရာနှင့်တကွ မြန်မာကျပ်ငွေသိန်း ၅၀၀၊ စုစုပေါင်းကျပ်ငွေ သိန်း ၁၀၀၀ နှင့်ညီမျှသော တန်ဖိုးပမာဏကို ပေးလှူသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်း၊ ပုဂံတွင်လှုပ်ခါခဲ့သည့် မြေငလျင်မှာ ရာစုနှစ်ပေါင်းများစွာ သက်တမ်းကြာမြင့်နေပြီဖြစ်သော ဘုရားကျောင်းတော်များ၊ စေတီနှင့် စွယ်တော်များအပါအ၀င် များစွာသော ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဒေသများတွင် အဆောက်အဦးပိုင်းဆိုင်ရာ ပျက်စီးထိခိုက်မှုများရှိခဲ့သည့်အတွက် ပြန်လည်မွမ်းမံမှုများ အထူးလိုအပ်နေပါသည်။ သို့ဖြစ်ရာ Huawei သည် တာဝန်သိပြည်သူတစ်ဦးအနေဖြင့် မြေငလျင်သင့်ဒေသများ တွင် ဆောင်ရွက်နေသည့် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့များကို ကူညီထောက်ပံ့ပေးပြီး ပြုပြင်ရေးလုပ်ငန်းများ၌ တစ်တပ်တစ်အား ပါဝင်ချင်ခဲ့ပါသည်။
Huawei သည် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အဦးများနှင့် စွယ်တော်များကို ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် UNESCO အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသော ကျွမ်းကျင် ပညာရှင်များကို Huawei P9 စမတ်ဖုန်းအလုံးတစ်ရာ ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်သည်။ P9 တွင် အဆင့်မြင့် Leica ကင်မရာများကို dual lens ဖြင့် တပ်ဆင်ထားမှုကြောင့် ပညာရှင်များမှ ပျက်စီးဆုံးရှုံးမှုများကို စစ်တမ်းကောက်ခြင်းနှင့် အကဲဖြတ်လေ့လာခြင်းများပြုလုပ်ရာတွင် အထောက်အကူပေးနိုင်သည့်အပြင် အဖွဲ့နှင့်အလုပ်လုပ်ရာတွင် တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေး ပိုမိုအားကောင်းကာ အချိတ်အဆက်မိမိရှိစေရန် ကူညီပေးမည် ဖြစ်သည်။
Continue Reading...

Monday, September 5, 2016

မြန်မာခရီးသွားများ Vietjet ၏ ဟိုချီမင်းခရီးစဉ်ကို ချိတ်ဆက်စီးနင်းကာ ထိုင်ပေနှင့် ကောင်းရွှမ်မြို့များသို့ သွားလာနိုင်ပြီ

ဟိုချီမင်းမြို့မှ တဆင့်အခြားဒေသများသို့ သွားရောက်လည်ပတ်မည့် မြန်မာခရီးသွားများအနေဖြင့် Vietjet မှ အသစ်ထပ်မံတိုးချဲ့လိုက်သည့် နိုင်ငံတကာ ခရီးစဉ် ၂ ခုကိုပါ သွားရောက်နိုင်တော့မည် ဖြစ်သည်။ ယင်းခရီးစဉ် ၂ ခုမှာ ဟနွိုင်း-ထိုင်ပေ နှင့် ဟိုချီမင်း-ကောင်းရွှမ် (ထိုင်ဝမ်)တို့ ဖြစ်သည်။ ထို့အပြင် ဟိုချီမင်း-ထိုင်နန် ခရီးစဉ်များကိုလည်း တစ်ပတ်လျှင် ၅ ကြိမ် အထိ တိုးမြှင့်ပေးဆွဲနေသောကြောင့် ခရီးသွားများ  ပိုမိုအဆင်ပြေလွယ်ကူစေမည်ဖြစ်သည်။ ယခု ခရီးစဉ်သစ် များ စတင်သည့်ကာလအတွက် လက်မှတ်များကို အမေရိကန်ဒေါ်လာ ၁၄ နှင့် အမေရိကန်ဒေါ်လာ ၉ တို့မှ စတင်ရောင်းချသွားမည်ဖြစ်သည်။

ဟနွိုင်း-ထိုင်ပေ ခရီးစဉ်ကို အောက်တိုဘာလ ၃၀ မှစ၍ နေ့စဉ်စတင်ပြေးဆွဲမည်ဖြစ်ပြီး ပျံသန်းချိန်ကြာမြင့်မှုမှာ ၂ နာရီ ၄၅ မိနစ်ဖြစ်သည်။ ဟနွိုင်းမှ နေ့လည် ၂း၁၅ တွင် ထွက်ခွာပြီး ထိုင်ပေသို့ ညနေ ၆ နာရီ (ထိုင်ဝမ် စံတော်ချိန်)တွင် ဆိုက်ရောက်ကာ အပြန်ခရီးစဉ်အတွက် ည ၇ နာရီတွင် ထွက်ခွာပြီး ဟနွိုင်းသို့ (ဗီယက်နမ်စံတော်ချိန်) ည ၈း၄၅ တွင် ဆိုက်ရောက်မည်ဖြစ်သည်။
Continue Reading...

Huawei မှ ကိုယ်စားလှယ်တော်များ မြန်မာအစိုးရနှင့်အဖွဲ့အား ဘေဂျင်းတွင် ဧည့်ခံတွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဖြစ်လဲ နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် အစိုးရ ခရီးစဉ်ဖြင့် ရောက်ရှိနေသဖြင့် Huawei မှ တာဝန်ရှိသူများသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ခရီးစဉ်တွင်ပါဝင်ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများနှင့် ဘေဂျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာတွင် သြဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံကာ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုခေတ်ဖြစ်ထွန်းလာစေရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။



တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် Huawei မှ အစိုးရရေးရာ ဥက္ကဌ Mr. Jimmy Pang, Huawei Technologies Co., Ltd. (ရန်ကုန်)၏ CEO ဖြစ်သူ Mr. Zhang Liman, Huawei ၏ ICT planning ကျွမ်းကျင်ပညာရှင်နှင့် Huawei Technologies Co., Ltd. (ရန်ကုန်)မှ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အကြီးတန်း အရာရှိများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ e-Government အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စွမ်းအင်ဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို ၀န်ကြီးဌာနအသီးသီးတို့နှင့် ပူးပေါင်းဆွေးနွေးခဲ့သည်။ Mr. Zhang Liman မှ “ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လက ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံရဲ့ စီပွားရေးဆိုင်ရာ မူဝါဒမှာ ဖော်ပြထားတဲ့အတိုင်း မြန်မာအစိုးရအနေနဲ့ data ID card system, ဒီဂျစ်တယ်အစိုးရမဟာဗျူဟာနဲ့ e-Government စနစ်တို့ကို တည်ဆောက်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။ ယင်းကဏ္ဍများ တိုးတက်လာစေဖို့ အင်တိုက်အားတိုက်နဲ့ အကောင်အထည်ဖော်နေတဲ့ မြန်မာအစိုးရရဲ့ကြိုးပမ်းမှုများအပေါ် ကျွန်တော်တို့ ဘက်ကလည်း ဆန်းသစ်တဲ့နည်းပညာတွေ၊ အားကိုးရတဲ့ဝန်ဆောင်မှုတွေ၊ ထိရောက်တဲ့ အကြံပေးမှုတွေနဲ့ ဆက်လက်ပြီး ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ Huawei အနေဖြင့် မြို့ပေါင်း (၁၀၀)ကျော်ပါဝင်တဲ့ နိုင်ငံပေါင်း (၃၀)ကျော်မှာ ပြည်တွင်းနဲ့ မြို့နယ်အဆင့် ICT (city-level ICT) စီမံကိန်းတို့တွင်သာမကဘဲ လုပ်ငန်းဆိုင်ရာ မူဝါဒအကြံပေးအနေနဲ့ပါ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဆွေးနွေးခဲ့ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ “e-government စနစ်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် Huawei ရဲ့ ကျယ်ပြန့်တဲ့ အတွေ့အကြုံနဲ့ ပံ့ပိုးမှုတွေက ကျွန်တော်တို့နိုင်ငံအတွက် အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပေမယ့် ဒီစိန်ခေါ်မှုတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပစ်ရပါမယ်။ မြန်မာနိုင်ငံအနေနဲ့ Huawei ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ကြိုဆိုနေပြီး e-Government ဖွံ့ဖြိုးလာရေးအတွက် Huawei ရဲ့ အကောင်းဆုံးနည်းလမ်းတွေကို အဆိုတင်သွင်းမှုအပြင် လျှပ်စစ်နှင့် စွမ်းအင်ကဲ့သို့ အဓိကျတဲ့ အခြားကဏ္ဍတွေမှာလည်း Huawei က ပူးပေါင်းဆောင်ရွက်သွားဖို့ စောင့်မျှော်နေပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ ပြောကြားခဲ့သည်။  

Huawei သည် “Better Connected Myanmar” ခေါင်းစဉ်ဖြင့် မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ ပြီးခဲ့သည့်လက ကြီးမှူးကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ပထမဦးဆုံး Myanmar Broadband Forum တွင် ၀ိုင်းဝန်းပံ့ပိုးပေးခဲ့သည်။ အဆိုပါပွဲတွင် အိုင်စီတီနယ်ပယ်အသီးသီးမှ အကြီးအကဲများတက်ရောက်ကာ မြန်မာ နိုင်ငံ၌ ကြိုးမဲ့အင်တာနက်စနစ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် နည်းလမ်းများ ပါဝင်ဆွေးနွေးနိုင်စေရန် ပံ့ပိုးပေးနိုင်ခဲ့သည့်အပြင် Huawei သည် မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်းများထွန်းကားလာစေရန် အခွင့်အလမ်း ကောင်းများကိုလည်း ကူညီဖန်တီးပေးနေသည့် မိတ်ဖက်ကောင်းတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။
Continue Reading...