Tuesday, July 26, 2016

Vietjet လက်မှတ်လျှော့ဈေးစတင်

မြန်မာပြည်ရှိ ခရီးသွားများနှင့် ပြည်ပသို့ ဈေးဝယ်ထွက်သူများ၏ တောင်းဆိုမှုကြောင့်  Vietjet မှ (၀)ကျပ်မှစတင်မည့် လေယာဉ်လက်မှတ်ပေါင်း ၁ သိန်းကို အရှေ့တောင်အာရှနိုင်ငံများမှ လည်ပတ်ရန်ကောင်းသည့် မြို့များဖြစ်ကြသော ရန်ကုန်၊ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များအတွက် ရောင်းချပေးတော့မည်ဖြစ်သည်။ “Vietjet နဲ့ ပျံသန်းစို့” အစီအစဉ်အရ ယခုအထူးလျှော့ဈေးလက်မှတ်များကို ဇူလိုင်လ ၂၇ မှ ဇူလိုင်လ ၂၉ ရက်အတွင်း ဝယ်ယူနိုင်ပြီး ခရီးသွားရက်မှာ ၂၀၁၆ ခုနှစ်၏ သြဂုတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (အစိုးရရုံးပိတ်ရက်များမပါဝင်ဘဲ) ဖြစ်သည်။ 



သြဂုတ်လသည် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားတို့တွင် လျှော့ဈေးပွဲတော်များဖြင့် စည်ကားသော ဈေးဝယ်ချိန်ဖြစ်ပြီး ဈေးတန်သော ကုန်ပစ္စည်းများဝယ်ယူလိုသူ ခရီးသွားများနှင့် ဈေးဝယ်ဝါသနာပါသူများအတွက် သွားရောက်လည်ပတ်သင့် သောအချိန်အခါလည်းဖြစ်သည်။ 
Continue Reading...

လှိုင်သာယာဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ရန် နေ့တိုင်းကြိုးစားနေဟု ဝန်ကြီးချုပ် ဆို

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုံများကိုအဆင့်မြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် နေ့တိုင်းကြိုးစားနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ဇူလိုင်လ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းအတွင်း မှုခင်းကျဆင်းရေး ရှေ့ပြေးလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဆင်းရဲမှုကို ပြုပြင်ပြောင်းလဲလိုက်နိုင်မှ ကျူးကျော် ပြဿနာပဲ ဖြစ်ဖြစ်၊ ရာဇဝတ်မှု ပြဿနာပဲ ဖြစ်ဖြစ် လျော့နည်းသွားမှာ ဖြစ်ပါတယ်။ လှိုင်သာယာမှာ စက်မှုဇုံတွေကို အဆင့်မြှင့်တင်ပြီး လှိုင်သာယာဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့က နေ့တိုင်းကြိုးစားနေပါတယ်"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့ပြင် လျှပ်စစ်မီးလုံလောက်စွာရရှိရန်၊ အမှုက်သိမ်းစနစ်များ ကောင်းမွန်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာရန်နှင့် ရေဆိုးများ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက်ကိုလည်း နေ့စဉ် ပြင်ဆင်နေသည့်ဟုလည်း ၎င်းကဆိုသည်။
Continue Reading...

Thursday, July 14, 2016

Vietjet မှ တောင်းဆိုသူများလာခြင်းကြောင့် ရန်ကုန်-ဟိုချီမင်းခရီးစဉ်များ ပိုမိုတိုးချဲ့

အာရှ၏လူကြိုက်အများဆုံး တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သည့် Vietjet မှ လူကြိုက်များတောင်းဆိုမှုများလာခြင်းကြောင့် ရန်ကုန်-ဟိုချီမင်းခရီးစဉ်များ၏ ပြေးဆွဲမှုအကြိမ်ရေကို ထပ်မံတိုးချဲ့လိုက် ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ခရီးသွားများ စီးပွားရေးကိစ္စရပ်များဖြင့် သွားလာမှုများပြားခြင်း ကြောင့် လူကြိုက်များနေသော ဤခရီးစဉ်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ တပတ်လျှင် ၇ ကြိမ်အထိ ပြေးဆွဲတော့ မည်ဖြစ်သည်။ ယင်းသို့ တိုးချဲ့ပြေးဆွဲခြင်းကြောင့် မြန်မာခရီးသွားများအနေဖြင့် ဗီယက်နမ်၏ အံ့သြဖွယ်ရာ လှပမှုများနှင့် အပန်းဖြေခြင်းတို့အတွက် ရက်သတ္တပတ်တစ်ခု၏ နေ့ရက်တိုင်းတွင် ဈေးနှုန်းသက်သာစွာဖြင့် သွားလာနိုင်တော့မည် ဖြစ်သည်။



Vietjet မှ ရန်ကုန်-ဟိုချီမင်း ခရီးစဉ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ထိုအချိန် က တစ်ပတ်လျှင် အသွားအပြန်ခရီးစဉ် ၅ ခုသာ ပြေးဆွဲခဲ့သော်လည်း ယခုအခါ တစ်ပတ်လျှင် ခရီးစဉ် ၇ ခု အထိ ပြေးဆွဲ တော့မည်ဖြစ်သည်။ မြို့ ၂ မြို့အကြားပျံသန်းမှု ကြာမြင့်ချိန်မှာ ၂ နာရီ ၁၅ မိနစ်ခန့် ရှိမည်ဖြစ်သည်။ ရန်ကုန်လေဆိပ်မှ နေ့လည် ၁ နာရီ (မြန်မာစံတော်ချိန်) တွင် ထွက်ခွာပြီး ဟိုချီမင်းသို့ ညနေ ၃း၃၅ နာရီ (ဗီယက်နမ်စံတော်ချိန်)တွင် ဆိုက် ရောက်မည်ဖြစ်သည်။ အပြန်ခရီးစဉ်အတွက် ဟိုချီမင်းမှ နံနက် ၁၀း၂၅ နာရီ (ဗီယက်နမ်စံတော်ချိန်)တွင် ထွက်ခွာပြီး ရန်ကုန်သို့ နေ့လည် ၁၂း၁၀ နာရီ (မြန်မာစံတော်ချိန်) တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။


ရန်ကုန်မှ ဟိုချီမင်းသို့ ရောက်ရှိလာသော ခရီးသည်များသည် ဗီယက်နမ်၏ အထင်ကရ လည်ပတ်ရန်နေရာများနှင့် စီးပွားရေးအချက်အချာနေရာ ၁၇ ခု သို့ လည်ပတ်နိုင်မည်ဖြစ်သည့်အပြင် ဗီယက်နမ်မှတဆင့် အာရှ၏ ခရီးသွားလာမှု အများပြားဆုံးမြို့များဖြစ်သည့် ဘန်ကောက်၊ စင်ကာပူ၊ ထိုင်ပေ (ထိုင်ဝမ်)၊ ကွာလာလမ်ပူ၊ ဆိုးလ်နှင့် တရုတ်စသည့် ဒေသများသို့လည်း ချိတ်ဆက်ခရီးစဉ်များအဖြစ် သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။
Continue Reading...

Bosch ၏ စီးပွားရေးလုပ်ငန်း နယ်ပယ် အသီးသီးတွင် တိုးတက်မှု ရလဒ်ကောင်းများ ဆက်လက်ရရှိ

ကမ္ဘာအနှံ့တွင် နည်းပညာဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် Bosch က ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မော်တော်ယာဉ်သုံး ဆက်စပ်အပိုပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး Power Tools ပစ္စည်းရောင်းချသည့်လုပ်ငန်းတွင် တိုးတက်မှုရလဒ်ကောင်းများ အဓိကရရှိခဲ့ခြင်းကြောင့် ရောင်းအားပမာဏ မြင့်တက်မှုသည် ကိန်းဂဏန်း နှစ်လုံးထိ ရရှိခဲ့ပါသည်။ “အရှေ့တောင်အာရှဒေသအတွင်း မြန်မာနိုင်ငံဟာ Bosch အတွက် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အဓိကဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့  မော်တော်ယာဉ်ကဏ္ဍနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်နေတဲ့အတွက် Bosch နည်းပညာမြင့် ထုတ်ကုန်နဲ့ ၀န်ဆောင်မှု အမျိုးမျိုးကို ဈေးကွက်အတွင်း လိုအပ်ချက် မြင့်တက်လျက်ရှိပါတယ်” ဟု BOSCH လုပ်ငန်းစု၏ မြန်မာနိုင်ငံဈေးကွက်ကိုယ်စားလှယ် Andre de Jong က ပြောသည်။ “ဘ၀တစ်သက်တာ စက်မှုနည်းပညာဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဒေသတွင်းဈေးကွက်မှာ ထူးခြား ကောင်းမွန်တဲ့ အရည်အသွေးမြင့် ၀န်ဆောင်မှုတွေကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
Continue Reading...

Tuesday, July 5, 2016

ကမ္ဘောဇဘဏ်မှ ဘဏ်ခွဲ ၄၀၀ ပြည့်အထိမ်းအမှတ်ကျင်းပ

ကမ္ဘောဇကုမ္ပဏီအုပ်စုမှ ကမ္ဘောဇဘဏ်လီမိတက်သည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းတွင် ၄၀၀ မြောက်ဘဏ်ခွဲကို တိုးချဲ့ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဘဏ်ခွဲအသစ်ဖွင့်လှစ်သည့်နေ့ရက်သည် ၁၉၉၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည့် တောင်ကြီးမြို့ရှိ ကမ္ဘောဇဘဏ်၏ ပထမဦးဆုံးဘဏ်ခွဲ ၂၂ နှစ်ပြည့်သည့်လနှင့်လည်း တိုက်ဆိုင်နေခဲ့ပါသည်။



ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဇဘဏ်လီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဦးအောင်ကျော်မျိုးမှ ဘဏ်၏ ၀န်ဆောင်မှုများကို ယုံယုံကြည်ကြည်အသုံးပြုကြသည့် မိဘပြည်သူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့ပါသည်။ “ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုနေကြတဲ့ မိဘပြည်သူများက ဒီအောင်မြင်တဲ့ သမိုင်းကြောင်းမှာ အရေးကြီးတဲ့အစိတ်အပိုင်းကနေ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံတိုးတက်လာတာနဲ့အမျှ ကမ္ဘောဇဘဏ် ကလည်းဘဏ်ခွဲများပိုမိုဖွင့်လှစ်နိုင်ရေးအတွက် ကမ္ဘောဇအုပ်စုတစ်ခုလုံးရဲ့ ကြိုးစား အားထုတ်မှုနဲ့အတူ နှစ်ရှည်လများကြိုးပမ်းခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုနေကြတဲ့ မိဘပြည်သူများကိုလည်းပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ အခွင့်အလမ်းတွေရရှိအောင် လုပ်ဆောင်နေပါတယ်။ ပိုမိုမြန်ဆန်ပြီးယုံကြည်စိတ်ချရတဲ့ဆက်သွယ်ရေးကို ဖြန့်ဝေနိုင်ရန် အဆင့်မြင့်တဲ့ အိုင်တီကွန်ရက်တစ်ခုကို ရင်းနှီးမြှုပ်နှံကာငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းများနဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို အသုံးပြုသူမိဘပြည်သူများရရှိရန်အတွက် ခိုင်မာတဲ့ဝန်ဆောင်မှုတွေပေးအပ်သွားမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။      
Continue Reading...

Monday, July 4, 2016

၂၁ရာစု ပင်လုံညီလာခံအတွက် အရေးကြီး မူဝါဒများ ဒေါ်အောင်ဆန်းစုကြည် ချမှတ်

လာမည့် ဩဂုတ်လကုန်မတိုင်မီ ကျင်းပဖွယ်ရှိသည့် ၂၁ရာစု ပင်လုံညီလာခံ(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ)ကျင်းပနိုင်ရေးအတွက် အရေးကြီးသည့်  မူဝါဒများအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်လိုက်သည်ဟု အစည်းအဝေးတက်ရောက်သူများက ပြောသည်။

နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ဇူလိုင် ၅ရက်က ကျင်းပပြုလုပ်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က မူဝါဒများ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ချမှတ်လိုက်သည့် မူဝါဒများမှာ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အနည်းဆုံး တစ်ခုတွင်ပင် အနိုင်ရရှိခြင်းမရှိသည့် နိုင်ငံရေးပါတီများ ညီလာခံတွင် ပါဝင်ခွင့်ရရေးအတွက် တတ်နိုင်သည့်နည်းလမ်းဖြင့် ဖြေလျှော့ပေးရန်၊ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ညီလာခံတက်ရောက်မည်ဆိုပါက ရရှိမည့်အခွင့်အရေးကို နည်းလမ်းရှာရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရံပုံငွေများအား NRPC ကသာ ကိုင်တွယ်သွားမည်ဟူသည့် မူဝါဒများ ချမှတ်ခဲ့ကြောင်း ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးဇော်ဌေးက အစည်းအဝေးအပြီးတွင် ပြောသည်။
Continue Reading...