Saturday, December 17, 2016

အရေးပေါ် အသက်ကယ်နည်း ၉ မျိုး

Share it Please
ခရီးသွားရင်း တစ်ယောက်ထဲ တောထဲ လမ်းပျောက်တဲ့အခါ ဒါမှမဟုတ် လူစုကွဲခဲ့တဲ့အခါမျိုးတွေမှာ ရှင်သန်နိုင်မယ့် နည်းလမ်းတွေဆိုပြီး ပြောလေ့ရှိကြပါတယ်.. အဲဒီထဲကမှ မှားယွင်းမှတ်သားမိနေတဲ့ အချက် ၉  ချက်နဲ့ အမှန်တကယ်လုပ်သင့်တဲ့ နည်းလမ်းတွေကို ခု breakfast news က ပြောပြလိုက်ပါတယ်နော်..

#မြွေကိုက်ခံရရင်

မြွေဆိပ်ကို စုတ်ထုတ်ရတယ်ဆိုတာ မဟုတ်ပါဘူး.. ဒဏ်ရာရဲ့ အထက်သွေးကြောနားကနေ တစ်ခုခုနဲ့ ကျပ်ကျပ်စည်းနှောင်ပြီး အမြန်ဆုံးသာ နီးစပ်ရာ ဆေးရုံကိုပို့ရမှာပါ..

#တောထဲလူကွဲကျန်ခဲ့ရင်

စားစရာတွေအရင်ရှာစုထားရမယ်ဆိုတာ မဟုတ်ပါဘူး.. ရေသာလျှင် အဓိကဖြစ်တာမို့ ရေသန့်ရနိုင်မယ့် ရင်းမြစ်နေရာကို ကြိုတင်လေ့လာထားသင့်ပါတယ်..


#အမိုးအကာ

အမိုးတော့မိုးထားပြီး အောက်ကမြေကြီးပေါ်မှာ ထိုင်နေရင် ချမ်းအေးတဲ့ ဒဏ်ကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး.. ခြောက်ခြောက်သွေ့သွေ့နဲ့ တတ်နိုင်သလောက် နွေးထွေးတဲ့အခင်းတစ်ခုကို ဖန်တီးပြီး နေရပါမယ်..


#သစ်ပင်တွေရဲ့ရေ

အပင်တွေ ပန်းတွေဟာ ရေကိုစုပ်ယူတာမို့ သူတို့အထဲက ရေတွေကို သောက်နိုင်တယ်ဆိုတာ မမှန်ပါဘူးနော်.. သောက်လို့ရတဲ့ အပင်မျိုးရင်းတွေ သီးသန့်ရှိတာမို့ တွေ့ရာ အပင်ကိုလှီးဖြတ်ပြီး ရေသောက်ယူလို့ မရနိုင်ပါဘူး..


#တောကောင်တွေနဲ့တွေ့ရင်

လှဲချသေချင်ယောင်ဆောင်နေတာဟာ အလုပ်မဖြစ်ပါဘူး.. ပျာပျာသလဲထွက်မပြေးဘဲ သူတို့ကို မျက်လုံးချင်းဆိုင်ကြည့်ထားရင်း ဖြည်းဖြည်းချင်း နောက်ဆုတ်ရပါမယ်..


#အကောင်တွေစားတာဆို စားလို့ရတယ်

တစ်ခါတလေ တောကောင်လေးတွေ စားနေတာမြင်လို့ အဆိပ်မဖြစ်ဘူးထင်ပြီး လိုက်စားလို့မရပါဘူး.. ကိုယ်သိတဲ့ သေချာတဲ့ အပင် အသီးတွေကိုမှ စားပါ..


#ကိုယ်တွင်းအပူချိန် ကျနေရင်

အလွန်အမင်း ကိုယ်အပူချိန်ကျ အေးခဲနေတဲ့လူနာကို နွေးအောင်ဆိုပြီး ရေပူပူထဲ ထည့်မစိမ်ရပါဘူး.. ကိုယ်ခန္ဓာကို အတင်းပွတ်တာလည်း မလုပ်ရပါဘူး.. နာကျင်နေတဲ့ အသားတစ်ရှူးတွေကို ပိုပျက်ဆီးစေနိုင်လို့ပါ.. အဲဒီ့အစား နွေးနွေးထွေးထွေးအိပ်ရာထဲ ထားပြီး တဖြည်းဖြည်းချင်း ကုသရပါမယ်..



----

Source iflscience , mixstuff 

No comments:

Post a Comment