Monday, October 24, 2016

KBZ ဘဏ်မှ UnionPay အကြွေးဝယ်ကတ်များ မိတ်ဆက်

ကမ္ဘောဇအုပ်စု၊ ကမ္ဘောဇဘဏ် လီမိတက်သည် KBZ UnionPay အကြွေးဝယ်ကတ်များကို သုံးစွဲသူများအား စတင်ထုတ်ပေးတော့မည် ဖြစ်ပါသည်။
အများမျှော်မှန်းထားသကဲ့သို့ပင် အကြွေးဝယ်ကတ်များသည် UnionPay International (UPI) ငွေပေးချေမှု ကွန်ရက်အောက်တွင် ရှိပြီး Classic ကတ်နှင့် Platinum ကတ်ဟူ ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ထားသည်။ သုံးစွဲသူများသည် အဆိုပါအကြွေးဝယ်ကတ်များနှင့် ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများအတွက် ငွေပေးချေနိုင်မည့်အပြင် ငွေသားထုတ်ယူမှုများကိုလည်း သုံးစွဲသူတစ်ဦးချင်းစီ၏ ဘာရေးအခြေအနေပေါ် မူတည် ကန့်သတ်ချက်တစ်ခုဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ငွေကြေးစီမံခန့်ခွဲမှုများအတွက် အသုံးဝင်လှသော အကြွေးဝယ်ကတ်များသည် ကမ္ဘောဇဘဏ်သုံးစွဲသူများ၏ ငွေပေးချေဆောင်ရွက်မှုများအတွက် လွယ်ကူသက်သာမှုရှိစေမည်ဖြစ်သည်။ လစာထုတ်ရက်အထိ မစောင့်ဆိုင်း နိုင်သောအခါမျိုးတွင်ဖြစ်စေ၊ သာမန်ငွေကြေးကိစ္စရပ်များ ဆောင်ရွက်ရာတွင်ဖြစ်စေ အဆိုပါအကြွေး ၀ယ်ကတ်များက လတ်တလောဖြေရှင်းပေးမှာဖြစ်ပြီး ရယူထားသည့် အကြွေးကျန်များကို သတ်မှတ်ထားသည့် ရက်တွင် မိမိယူထားသည့်စာရင်းအတိုင်း ပြန်လည်ပေးဆပ် နိုင်မည်ဖြစ်သည်။

Smart chip နဲ့ တည်ဆောက်ထားပြီး ကတ်လုံခြုံရေးအတွက် ပင်ကုတ်နံပါတ်ပါဝင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအနှံ့အပြားရှိ ATM စက်များအားလုံးနှင့် ကမ္ဘာတစ်ဝှမ်းရှိ UPI ကွန်ရက် အောက်တွင်ရှိသော ATM စက်များတွင် ငွေထုတ်ယူခြင်း ပြုလုပ်နိုင်သကဲ့သို့ အွန်လိုင်းမှ ငွေပေးချေခြင်း များအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ အကြွေးဝယ်ကတ် အသုံးပြုရာတွင် အခြေခံငွေကြေးစနစ်မှာ ကျပ်ငွေဖြစ်သည့် အတွက် ကမ္ဘောဇဘဏ်၏ အကြွေးဝယ်ကတ်ကိုင်ဆောင်ထားသူ မြန်မာခရီးသွားများအနေဖြင့် နိုင်ငံတကာမှ စတိုးဆိုင်များတွင် ငွေထုတ်ယူခြင်း၊ ငွေပေးချေခြင်းများကို အဆိုပါနိုင်ငံမှ ငွေကြေးလဲလှယ် နှုန်းထားအလိုက် ဆောင်ရွက်နိုင်မည်လည်း ဖြစ်ပါသည်။
Continue Reading...

Thursday, October 20, 2016

Care Myanmar အမည်ရ အစီအစဉ်ဖြင့် Huawei မှ သက်ကြီးရွယ်အိုများ၊ မိဘမဲ့ကလေးများ၊ နားမကြားသောကလေးများနှင့် ပျော်ရွှင်ဖွယ်သီတင်းကျွတ်ပွဲတော်ဆင်နွှဲ

သီတင်းကျွတ်ပွဲတော်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များ၏ အလေးထားရဆုံးသောရိုးရာပွဲတော်ကြီးများထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါသည်။ Huawei သည် သီတင်းကျွတ်ပွဲတော်ကို ကြိုဆိုသည့်အနေဖြင့် ‘Huawei, Care Myanmar’ အမည်ရ လှူဒါန်းမှုအစီအစဉ်တစ်ခုကို ပြုလုပ်ကာ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးများကျောင်းနှင့် နားမကြားသော ကလေးများကျောင်းတို့အပါအ၀င် လူမှုအဖွဲ့အစည်းကြီးများသို့ အထောက်အပံ့ပစ္စည်းများနှင့်တစ်ကွ မီးအိမ်ငယ်လေးများကို သွားရောက်လှူဒါန်းပြီး သီတင်းကျွတ်ပွဲတော်ကို အတူပါဝင်ဆင်နွှဲခဲ့ပါသည်။

မြန်မာတို့၏ အကြီးကျယ်ဆုံးသော ရာသီပွဲတော်ကြီးများထဲမှ တစ်ခုအပါအ၀င်ဖြစ်သော သီတင်းကျွတ်ပွဲတော် သည် ဂေါတမမြတ်စွာဘုရား နတ်ပြည်တွင် မိခင်မယ်တော်မာယာအား တရားမြတ်ဟောကြားပြီးနောက် လူပြည်သို့အဆင်း လူသားတို့မှ ဘုရားရှင်အား ကြိုဆိုသည့်အနေဖြင့် ကျင်းပသည့် အထိမ်းအမှတ်ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ ယခုကဲ့သို့ထူးမြတ်သောပွဲတော်တွင် မြန်မာလူမျိုးတို့သည် မိမိတို့၏ မိဘဆရာသမားများကို  စားသောက်ဖွယ်ရာများ၊ လိုအပ်သောအထောက်အပံ့ပစ္စည်းများ အစရှိသည်တို့ဖြင့် လိုက်လံကန်တော့ကာ မီးအိမ်လေးများကို ညအချိန်တွင် အိမ်များမှာ ချိတ်ဆွဲခြင်း၊ မီးရှူးမီးပန်းဖောက်ခြင်းတို့ဖြင့် ပွဲတော်ကိုဆင်နွှဲလေ့ရှိကြပါသည်။ 

Huawei မှ ၀န်ထမ်းများနှင့် ၄င်းတို့၏ဆွေမျိုးမိတ်သင်္ဂဟများ၊ စုစုပေါင်း အယောက် ၁၃၀ ခန့်သည် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းကြီး ၆ ခုသို့ နေ့စဉ်သုံးပစ္စည်းများ၊ အားဖြည့်အစားအစာများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ Huawei ၏ ဆုမွန်ကောင်းများအပါအ၀င် မြန်မာကျပ်ငွေ သိန်း ၁၃၀၀ ကျပ်နှင့်ညီမျှသော လှူဖွယ်ဝတ္ထုများကို သက်ကြီးရွယ်အိုများ၊ မိဘမဲ့ကလေးများ၊ နားမကြားသောကလေးများ အယောက် ၃၄၀၀ ခန့်အား အောက်တိုဘာလ ၁၅ ရက်နှင့် ၁၇ ရက်အတွင်းတွင် သွားရောက်လှူဒါန်းခဲ့ပါသည်။ 
Continue Reading...