Wednesday, June 29, 2016

Sphere Conferences က ကြီးမှူး၍ ၄ ကြိမ်မြောက် မြန်မာဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ဆွေးနွေး ဖလှယ်ပွဲ ကျင်းပ

Singapore Press Holdings လီမိတက၏် လုပ်ငန်းခွဲတစ်ခုဖြစ်သည့် ဆွေးနွေးဖလှယ်ပွဲများ စီစဉ်သည့် Sphere Conferences က ယနေ့တွင် ၄ ကြိမ်မြောက် မြန်မာဘဏ်လုပ်ငန်း နှင့် ငွေကြေးဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲ (MBFC 2016) ကို ဖွင့်လှစ်ကျင်းပခဲ့သည်။ ဆွေးနွေးဖလှယ်ပွဲကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၈ နှင့် ၂၉ ရက်နေ့တတိွု့င် ဆူးလေရှန်ဂရီလာဟိုတယ၌် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ကဏ္ဍများရှိ ကျွမ်းကျင်သူပေါင်း ၂၅၀ ကျော် တက်ရောက်ပြီး မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍတွင် လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် တိုးတက်မှုများ အကြောင်း၊ အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်များ အကြောင်းကို ဆွေးနွေးသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် အောက်ပါ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။
  • ၂၀၁၆ အလွန်တွင် ဖြစ်ပေါ်ပြောင်းလဲလာမည့် မူဝါဒရေးရာနှင့် ဘဏ္ဍာရေးကဏ္ဍအခြေအနေ။
  • နိုင်ငံခြားဘဏ်များနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း၏ ဂယက်ရိုက်ခတ်မှုနှင့် အကျိုးသက်ရောက်မှု။
  • မြန်မာနိုငင်ံရှိ ဘဏ်လုပ်ငန်းကဏ္ဍတွင် ဝန်ဆောင်မမျှုား တိုးတက်လာခြင်း - အသေးစားနှင့် အလတ်စားဘဏ်
    လုပ်ငန်းအကြောင်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့ပေးခြင်းအကြောင်း။
  • ပြောင်းလဲတိုးတက်နေသည့် ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍတွင် အသုံးပြုနေသည့် နည်းပညာများအကြောင်း။
  • ဘဏ်လုပ်ငန်းကဏ္ဍတွင် ကြုံတွေ့ရလေ့ရှိသည့် ဆုံးရှုံးနိုင်သည့် အခြေအနေကို စီမံခနခ့်ွဲခြင်း၊ လိုက်နာဆောင်ရွက်
    ရမည့် သတ်မှတ်ချက် စည်းမျဉ်းများအကြောင်းနှင့် ငွေကြေးခဝါချ တိုက်ဖျက်ရေး လုပ်ငန်းမူဘောင်များ အကြောင်း။


    MBFC 2016 ပွဲနှင့် ပတ်သက်သည့် အချက်အလက်များ ထပ်မံသိရှိလိုပါက www.mbfc.sphereconferences.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

Continue Reading...

Monday, June 27, 2016

MPT ၏ 100% Top-up Bonus အစီအစဉ်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT က သုံးစွဲသူ သန်း ၂၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်နှင့် အားပေးကြ သူ မိဘပြည်သူများအား ကျေးဇူးတုံ့ပြန်ခြင်း အထိမ်းအမှတ်အနေဖြင့် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၂ ရက်နေ့ အတွင်း ဖုန်းလက်ကျန်ငွေ ဖြည့်သွင်းသူများအား ၁၀၀%အထိ အပိုဆောင်း ငွေများ ပေးသွားမည် ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန် ကြေငြာလိုက်သည်။

MPT ၏ GSM/WCDMA/CDMA များ၏ ကြိုတင်ငွေ ပေးချေစနစ် သုံးစွဲသူအားလုံး ဤအထူး အစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပြီး အပိုဆောင်းရရှိသည့် ဖုန်းလက်ကျန်ငွေများသည် ရရှိသည့်ရက်မှ ၁၀ ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ကျန် ငွေဖြည့်သည့် ပမာဏ များလေ အပိုဆောင်းပမာဏ ၁၀၀% အထိ ရရှိနိုင်မည့် အခွင့်အရေးများလေဖြစ်မည် ဖြစ်သည်။

လက်ကျန် ငွေဖြည့်ပမာဏ (ကျပ်)
အပိုဆောင်းရရှိမည့် ရာခိုင်နှုန်း
အပိုဆောင်းရရှိမည့် ငွေပမာဏ (ကျပ်)
၁,၀၀၀
၂၀ %
၂၀၀
၃,၀၀၀
၃၃ %
၁၀၀၀
၅,၀၀၀
၄၀ %
၂၀၀၀
၁၀,၀၀၀
၁၀၀ %
၁၀၀၀၀
၂၀,၀၀၀
၁၀၀ %
၂၀၀၀၀
၃၀,၀၀၀
၁၀၀ %
၃၀၀၀၀

ယခုရရှိသော အပိုဆောင်း ဖုန်းလက်ကျန်ငွေများကို (MPT အချင်းချင်း) ဖုန်းခေါ်ဆိုမှုများ၊ (MPT အချင်းချင်း) စာတို ပေးပို့မှုများနှင့် အင်တာနက် အသုံးပြုနိုင်မည်ဖြစ်သည်။

GSM/WCDMA အသုံးပြုသူများသည် ဖုန်းလက်ကျန် ငွေဖြည့်ခြင်းကို ခဲခြစ်ငွေဖြည့်ကတ်ဖြင့်လည်းကောင်း၊ eTopup ဖြင့်လည်းကောင်း၊ ဘဏ်မှ တစ်ဆင့် ငွေဖြည့်ခြင်းဖြင့် လည်းကောင်း၊ Myanmar MM မှလည်းကောင်း၊ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး CDMA အသုံးပြုသူများ အတွက်မူ ခဲခြစ်ငွေဖြည့်ကတ်ကို ဝယ်ယူကာ ငွေဖြည့်ခြင်းဖြင့် လုပ်ဆောင် နိုင်မည်ဖြစ်သည်။ ငွေဖြည့်ကတ်များကို MPT အမှတ်တံဆိပ်ရှိသည့် အရောင်းဆိုင်တိုင်းတွင် အလွယ်တကူ ဝယ်ယူနိုင်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “MPT အနေနဲ့ သုံးစွဲသူတွေကို ငွေကြေးအရ အကုန်အကျ သက်သာစေချင်ပါတယ်၊ ဒါကြောင့် ဒီ အပိုဆောင်းငွေ အစီအစဉ်ဟာ MPT  ကနေပြီးတော့ သုံးစွဲသူတွေ အပေါ်ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ပြုလုပ်တဲ့ စိတ်ဝင်စားစရာ အစီအစဉ်တွေများစွာထဲက တစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။
Continue Reading...

Sunday, June 26, 2016

Vietjet မှ အသစ်တိုးချဲ့လိုက်သည့် ရန်ကုန်-ဟိုချီမင်း-ထိုင်နန် ခရီးစဉ်

ဗီယက်နမ်နိုင်ငံ၏ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Vietjet သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမှတဆင့် ထိုင်ဝမ်ရှိ ထိုင်နန်သို့ သွားရောက်လိုသော ရန်ကုန်ခရီးသွား များအတွက် နိုင်ငံတကာခရီးစဉ်အသစ်တစ်ခုကို တိုးချဲ့လိုက်ပြီဖြစ်သည်။



ဟိုချီမင်း-ထိုင်နန်ခရီးစဉ်သည် ဟိုချီမင်းနှင့် ထိုင်ဝမ်နိုင်ငံကြား ဒုတိယတိုးချဲ့လိုက်သည့် စီးပွားရေးနှင့် ခရီးသွား လုပ်ငန်းဖြစ်သည်။ အစမ်းပျံသန်းသည့် လေယာဉ်တွင် စီးနင်းလိုက်ပါလာသော ခရီးသွားများသည် ထိုင်ဝမ်ရိုးရာ အကများနှင့် စိတ်ဝင်စားဖွယ်ရာ လက်ဆောင်များကို လေယာဉ်ပေါ်တွင်ရရှိခံစားခဲ့ကြသည်။ ယင်းခရီးစဉ်သစ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် စနေနေ့တိုင်းတွင် ပျံသန်းမည်ဖြစ်ပြီး ပျံသန်းချိန် ၃ နာရီနှင့် ၁၅ မိနစ် ကြာမြင့်သည်။ ဟိုချီမင်းမှ (ဗီယက်နမ်စံတော်ချိန်) ၁၀း၄၅ နာရီတွင် ထွက်ခွာသော လေယာဉ်သည် ထိုင်နန်မြို့သို့ (ထိုင်ဝမ်စံတော်ချိန်) ၁၅း၀၀ နာရီတွင် ဆိုက်ရောက်သည်။ အပြန်လေယာဉ်သည် ထိုင်နန်မြို့မှ (ထိုင်ဝမ်စံတော်ချိန်) ၁၆း၀၀ နာရီတွင် ထွက်ခွာပြီး ဟိုချီမင်းသို့ (ဗီယက်နမ်စံတော်ချိန်) ၁၈း၁၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
Continue Reading...

Saturday, June 25, 2016

The Lake Suites မှ အထူးနှုန်းထားနှင့် တစ်မူထူးခြားသော ကံစမ်းမဲအစီအစဉ်များဖြင့် တတိယတာဝါအား မိတ်ဆက်

Hoang Anh Gia Lai (HAGL) Myanmar ၏ အဆင့်မြင့် လူနေတိုက်ခန်းများရှိသည့် The Lake Suites မှ ၎င်း၏ တတိယမြောက်တာဝါကို မိတ်ဆက်လိုက်ပါသည်။ ငှားရမ်းသူများ ပိုမိုစိတ်ဝင်စားမှုရှိစေရန် ကုမ္ပဏီမှ ကံစမ်းမဲအစီအစဉ်များနှင့် အလွန်သင့်တင့်သော ငွေပေးချေမှုစနစ်တို့ဖြင့် ငှားရမ်းပေးရန် စီစဉ်ထားပါသည်။

ငှားရမ်းနေထိုင်သူများ၊ ရင်းနှီးမြှပ်နှံသူများနှင့် မိသားစုများ၏ အဆင့်မြင့်လူနေတိုက်ခန်းများအပေါ် ပိုမိုယုံကြည်စိတ်ချပြီး လိုလားမှုနှုန်းမြင့်တက်လာစေရန် လှုံ့ဆော်ပေးခဲ့သည့် The Lake Suites ၏ ပထမတာဝါနှစ်ခု ငှားရမ်းမှုနှုန်း ရလဒ်ကောင်းအရ တတိယတာဝါကို မိတ်ဆက်လိုက်ပါသည်။


The Lake Suites မှ ငှားရမ်းနေထိုင်သူများအား ပြန်လည်၍ ကျေးဇူးတုံ့ပြန်သောအားဖြင့် ကျေနပ်ဖွယ်ရာ တုံ့ပြန်မှုများကို ပေးအပ်လိုသည့်အလျောက် ၎င်းမှ ဒေါ်လာ ၅၀,၀၀၀ တန်ဖိုးရှိသည့် ရွှေသားဆုမဲ၊ ဒေါ်လာ ၂၅,၀၀၀ တန်ဖိုးရှိသည့် ကားဆုမဲနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ကဲ့သို့သော ထူးခြားဆန်းသစ်သည့်  ကံစမ်းမဲဆုမဲများကို ပေးအပ်သွားမည် ဖြစ်ပါသည်။

အသစ်အသစ်သော ငွေပေးချေမှုစနစ်အစီအစဉ်မှ ငှားရမ်းသူများ စိတ်ကျေနပ်မှုရှိစေမည့် အရစ်ကျငွေချေမှုစနစ်တစ်ခုကို ပေးအပ်ပါသွားမည်ဖြစ်ပါသည်။ တစ်နှစ်အတွင်း ၉၀ ရာခိုင်နှုန်းငွေပေးချေသည့် ငှားရမ်းသူများအနေဖြင့် လျှော့ဈေး ၆ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။ နှစ်လအတွင်း ၉၀ ရာခိုင်နှုန်းငွေပေးချေသည့် ငှားရမ်းသူများအနေဖြင့် လျှော့ဈေး ၁၂ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပါသည်။ ၂၀၁၆ ဇွန်လ (၁)ရက်နေ့မှစ၍ ၂၀၁၆ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ အထူးနှုန်းထားဖြင့် ငှားရမ်ပေးနေပါသည်။

“ကျွန်တော်တို့အနေနဲ့ The Lake Suites ရဲ့ နောက်ထပ်တာဝါတစ်ခုကို မိတ်ဆက်ပေးရန်အတွက် ယုံကြည်စိတ်ချရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာပါပြီ။ ယခုလိုအခြေအနေမျိုးမှာ ကျွန်တော်တို့လူနေတိုက်ခန်းတွေရဲ့အဆင့်အတန်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ကြေငြာအစီအစဉ်တို့ ပေါင်းစပ်ထားမှုကြောင့် ငှားရမ်းသူများ စိတ်ဝင်စားမှုများ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု HAGL Myanmar မှ Managing Director ဖြစ်သူ Mr. Cao Duy Thinh မှ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွက် ၎င်းရဲ့ အမြင်ကို ပြောကြားခဲ့ပါသည်။

တတိယတာဝါ မိတ်ဆက်ပွဲကို HAGL Myanmar ၏ အရောင်းဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အထူးအစီအစဉ်နှင့် အသေးစိတ်အချက်အလက်များကို ဇွန်လ ၂၀ ရက်မှ ၃၀ ရက်နေ့အထိ Myanmar Plaza ၌ လေ့လာနိုင်ပါသည်။

The Lake Suites ၏ တတိယတာဝါ မိတ်ဆက်ခြင်းသည် ယခုနှစ်အတွင်း ၎င်း၏ စီမံကိန်းဒုတိယအဆင့် မိတ်ဆက်စဉ်ကကဲ့သို့ HAGL Myanmar ၏ အကြီးမားဆုံး ကြေညာချက်ပင် ဖြစ်သည်။ ဤစီမံကိန်းဒုတိယအဆင့်တွင် နောက်ထပ်ဈေးဝယ်စင်တာ တစ်ခုလည်းပါရှိပြီး၊ ရုပ်ရှင်ကြိုက်နှစ်သက်သူများအတွက် ရုပ်ရှင်ရုံတစ်ခု၊ ဖျော်ဖြေရေးနှင့် အခမ်းအနားပွဲများကို တင်ဆက်နိုင်သည့် နေရာများလည်း ပါဝင်ပါသည်။

Mr. Cao Duy Thinh မှ “The Lake Suites ရဲ့ယူနစ်များမှာ သင့်တင့်သော နှုန်းထားနဲ့ အကောင်းဆုံး အရည်အသွေးကို ရရှိနိုင်တဲ့အတွက် ရန်ကုန်ရှိ ဒီလူနေတိုက်ခန်းများကို ငှားရမ်းရင်းနှီးမြှုပ်နှံထားသည့် မည်သူတစ်ဦးတစ်ယောက်မဆို ပိုင်ဆိုင်မှုနှုန်းမြှင့်တက်နဲ့ပတ်သက်ပြီး စိတ်ပူပင်ရန်မလိုတော့ပါ” ဟု ယခင်နှစ် The Lake Suites မိတ်ဆက်စဉ်က ပြောကြားခဲ့ပါသည်။
Continue Reading...

Wednesday, June 22, 2016

ကမ္ဘောဇဘဏ်မှ အာဆီယံဒေသတွင်းထပ်မံတိုးချဲ့မှုအဖြစ် စင်ကာပူနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိ

ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာကိုယ်စာလှယ်ရုံးခွဲကို ၂၀၁၆ မေလအတွင်း စတင်ဖွင့်လှစ်ခွင့်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် စင်ကာပူနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ခွင့်ကို ယခုလတွင် တရားဝင်ရရှိခဲ့ခြင်းဖြင့် နိုင်ငံတကာခြေလှမ်း၌ ဒုတိယမြောက် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါသည်။

တရားဝင်ဖွင့်လှစ်ခွင့်လိုင်စင်ကို စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore) မှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဇဘဏ်အနေဖြင့် လအနည်းအတွင်း နိုင်ငံပြင်ပ၌ ကိုယ်စာလှယ်ရုံးဖွင့်ခွင့် ဒုတိယမြောက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။ ပြီးခဲ့သည့်မေလအတွင်းက ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံဘဏ် လုပ်ငန်းသမိုင်းတွင် ပထမဆုံး နိုင်ငံတကာခြေလှမ်းအဖြစ် ထိုင်းနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ခွင့် ရရှိခဲ့ပြီးဖြစ်သည်။ ယခုခြေလှမ်း သည် အာဆီယံနှင့် နိုင်ငံတကာတွင် မြန်မာစီပွားရေးလုပ်ငန်းများ တက်လှမ်းလာနိုင်မှုကို အထင်အရှား ဖေါ်ပြနိုင်ခဲ့ ပါသည်။

ကမ္ဘောဇဘဏ်၏ စင်ကာပူနိုင်ငံ ကိုယ်စားလှယ်ရုံးခွဲကို ဦးဇော်လင်းအောင်မှ ကိုယ်စားလှယ်အရာရှိချုပ် (Chief Representative Officer) အဖြစ် ဦးဆောင်သွားမည်ဖြစ်ပြီး ၄င်းသည် ကမ္ဘောဇဘဏ်၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာနှင့် SME ကဏ္ဍနှင့် ပတ်သက်သည်များကို ဦးဆောင်ဦးရွက်ပြုနေသူဖြစ်ပါသည်။

ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဦးဇော်လင်းအောင်မှ “စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ယခုအခါ တရုတ်နိုင်ငံထက် များပြား လာပြီဖြစ်ပါတယ်။ နိုင်ငံတကာရင်နှီးမြှုပ်နှံမှုတွေဟာလည်း စင်ကာပူနိုင်ငံမှတစ်ဆင့် ၀င်ရောက်လာခြင်းကြောင့်လည်ဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ဦးဆောင် ဘဏ်ကြီးဖြစ်တဲ့ ကမ္ဘောဇဘဏ်အနေနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများရဲ့ မြန်မာနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံမှုများကို ထိထိရောက်ရောက် ကူညီပေးနိုင်တော့မှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

ကမ္ဘောဇအုပ်စုသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်လျက်ရှိသည့်အတွက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB- Myanmar Center for Responsible Business)မှ ကမ္ဘောဇအုပ်စု ကုမ္ပဏီများကို မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုအရှိဆုံး အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့သည်။

လာမည် ၂၀၁၆ ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ယခုလအတွင်းက ထုတ်ပြန်ကြေညာမှုများရှိခဲ့သည်။ ယခုဖြစ်ပေါ်တိုးတက်မှုများသည် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူ လာစေနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် သီလ၀ါအထူးစီပွားရေးဇုန်ကဲ့သို့သော နိုင်ငံပေါင်း ၁၄ နိုင်ငံက ပါဝင်နေသည့် စီမံကိန်းကြီးတွင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၉၈.၁၅ သန်းအထိရှိနေပါသည်။

၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (FDI) ပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၃ ဘီလျံဖြင့် ဦးဆောင်ခဲ့ပါသည်။ အဓိက ရင်နှီမြှုပ်နှံသည့် ကဏ္ဍများမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေနှင့် ၀န်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါသည်။
Continue Reading...

Tuesday, June 21, 2016

မိုးရာသီမှ ခေတ္တ ရှောင်ရှားနိုင်မည့် စိတ်လှုပ်ရှားစရာ ဟိုချီမင်းစီးတီး ခရီးစဉ်များအတွက် Vietjet က လက်မှတ်အစောင် တစ်သိန်း ကို အနည်းဆုံး သုညကျပ်မှ စတင်၍ ဈေးနှုန်းပြင်ဆင် သတ်မှတ်

Vietjet သည် 3D နွေရာသီ အထူးအစီအစဉ် နွေရာသီ အထူးအစီအစဉ် ကို စတင်သည့် အနေနှင့် ဇွန်လ ၂၁ရက်မှ ၂၃ရက်အထိ ၃ရက်တာ အတွင်းတွင် လေယာဉ်လက်မှတ် ၁သိန်းကျော် သတ်မှတ်ထားသည့် ဈေးနှုန်းကို “၀”ကျပ်မှ စတင်၍ ရောင်းချပေးမည်ဖြစ်သည်။ အဆိုပါ အထူးအစီအစဉ်တွင် ရန်ကုန် - ဟိုချီမင်း ခရီးစဉ်အပါအဝင် နိုင်ငံတကာ ခရီးစဉ်များစွာ ပါဝင်သည့်အတွက် မြန်မာနိုင်ငံ၏ မိုးရာသီရှောင်လိုသူများအနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ခရီးသွားများသည် အဆိုပါ ပရိုမိုးရှင်း လက်မှတ်များဖြင့် ရန်ကုန်မှ သောကြာနေ့ နေ့လယ် ၁နာရီတွင် ထွက်ခွါပြီး တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် သက်တောင့် သက်သာ ပြန်လည်ရောက် ရှိမည်ဖြစ်သည်။ အဆိုပါ ပရိုမိုးရှင်း လက်မှတ်များကို ဇွန်လအတွင်း အထက်ဖေါ်ပြပါ နေ့ရက်များတွင် ကြိုတင် စာရင်းသွင်း ၀ယ်ယူထားသူများမှာ ၂၀၁၆ခုနှစ် သြဂုတ်လ ၁၀ရက်မှ ဒီဇင်ဘာ ၃၁ရက် (ပိတ်ရက်ရှည်များမပါ) အထိ အာရှနိုင်ငံများသို့ သွားရောက် လည်ပတ်နိုင်သည်။ ယခုဈေးနှုန်းနှင့် ခရီးစဉ် အချိန်သည် ပိတ်ရက်များတွင် ဟိုချီမင်းမြို့တော်တွင် သွားရောက်လည်ပတ် အပန်းဖြေလိုသည့် ခရီးသွားများ အတွက် အဆင်ပြေစေမည့် အစီအစဉ်လည်းဖြစ်သည်။



ဗီယက်နမ်၏ နာမည်ကျော် အစားအစာများ အရသာကို ခံစားရင်း ဈေးနှုန်း သက်သာပြီး အရည်အသွေးမှီ ဒေသခံ လူသုံးကုန် ပစ္စည်းများကို ၀ယ်ယူရင်း ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ များကို လေ့လာချင်သည့် မြန်မာခရီးသွားများ အတွက် ဟိုချီမင်းမြို့တော်သည်အသင့်တော်ဆုံ့း  နေရာ တစ်ခု လည်းဖြစ်သည်။ နှစ်ရက်တာ လည်ပတ် နိုင်မည့်ခရီးစဉ် အတွင်း မြို့တော် အလှအပကို လွယ်လွယ်ကူကူ ခံစားနိုင်ရန် ခရီးသွားများ မဖြစ်မနေ သွားရောက် လည်ပတ် သင့်သည့် အထင်ကရ နေရာ ၅နေရာ ကိုလည်း Vietjet မှ မိတ်ဆက်ပေး လိုက်သည်။ ယင်းနေရာများမှာ ကမ်းခြေများ၊ စိတ်လှုပ်ရှားစရာ အတွေ့အကြုံများကို ရှာဖွေနေသည့် မြန်မာလူငယ်များအတွက် Cu Chi ဒေသရှိ ၇၅ မိုင် (၁၂၁ ကီလို) ရှည်လျားပြီး ဝင်္ကဘာသဖွယ်ဖြစ်နေသည့် ဥမင်လိုဏ်ခေါင်းများ၊ ရိုးရာဆေးပညာ၏ အကိျုးကျေးဇူးကို လေ့လာလိုသူများအတွက် သမိုင်းဝင် FITO ပြတိုက်၊ ခေတ်မီ စက်ပစ္စည်းတွေနှင့် အနောက်တိုင်း ပုံစံပြင်ဆင်မွမ်းမံထားသော Dam Sen Water Park ၊ လမ်းဘေးစာများ စသည်တို့ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသားများအနေဖြင့် ၁၄ ရက်တာဗီဇာမလိုပဲ ဗီယက်နမ်နိုင်ငံသို့သွားရောက်လည်ပတ်နိုင်မည် ဖြစ်သည်။
Continue Reading...

Monday, June 20, 2016

မြန်မာအပါအ၀င် အာဆီယံငါးနိုင်ငံကို ဗီဇာတစ်ခုတည်းဖြင့်သွားလာနိုင်ရေး စီစဉ်


ကမ္ဘာလှည့်ခရီးသည်များအတွက် အာဆီယံငါးနိုင်ငံတွင် ဗီဇာတစ်ခုတည်းဖြင့် သွားလာနိုင်ရန် စီစဉ်လျှက်ရှိသည်။ (ဓာတ်ပုံ - စိုင်းဇော်) အာဆီယံငါးနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား- လာအို- မြန်မာ - ဗီယက်နမ် - ထိုင်းနိုင်ငံတို့ကြား ကမ္ဘာလှည့်ခရီးသွားများဗီဇာတစ်ခုတည်းဖြင့် သွားလာနိုင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။ ကမ္ဘာလှည့်ခရီးသွားများ သည် အာဆီယံငါးနိုင်ငံအနက် တစ်နိုင်ငံတွင် ဗီဇာရယူခဲ့ပြီး အခြားနိုင်ငံများသို့ ဝင်ရောက်မည်ဆိုပါက ဗီဇာထပ်မံလျှောက်ထား ရန် မလိုဘဲ အဆိုပါဗီဇာဖြင့် သွား ရောက်လည်ပတ်နိုင်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့် သွင်က ပြောသည်။ ‘‘အခုက အစည်းအဝေးမှာ တင်ပြနေကြတာပဲ ရှိပါသေး တယ်။ လုပ်ငန်းစဉ်အဆင်ပြေဖို့ က အချိန်ယူရဦးမယ်။ နိုင်ငံတွေရဲ့တရားဥပဒေစိုးမိုးမှုအပေါ် မူတည်နေသေးတယ်’’ဟု ဦးတင့်သွင်က ပြောသည်။ ဗီဇာတစ်ခုတည်းဖြင့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက် နမ်နှင့် မြန်မာနိုင်ငံတို့သို့ သွား လာလည်ပတ်နိုင်ရန် ဇွန်လ ၁၇ ရက်တွင် ကျင်းပခဲ့သည့် CLMVT-2016 ဖိုရမ်၌ တင်ပြဆွေးနွေးခဲ့ ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ သည် အာဆီယံနိုင်ငံများအနက် မလေးရှားနိုင်ငံမှအပ ဗီဇာကင်း လွတ်ခွင့်ရရှိထားကာ စင်ကာပူနိုင်ငံ၌ လာမည့် ဒီဇင်ဘာမှ စတင်၍ ဗီဇာကင်းလွတ်ခွင့်ရမည်ဖြစ် သည်။

 ဗီဇာကင်းလွတ်ခွင့်ဆိုသည် မှာ နှစ်နိုင်ငံကြား သာမန်နိုင်ငံ ကူးလက်မှတ်ရှိရုံဖြင့် အပြန်အလှန် လည်ပတ်နိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ကြား ဗီဇာကင်းလွတ်ခွင့်ကို ၁၄ ရက်ခွင့်ပြုထားပြီး လေဆိပ်အ ဝင်အထွက်များသာ ဖြစ်ကာ နှစ်နိုင်ငံ နယ်စပ်များ ပါဝင်ခြင်းမရှိ သေးဘဲ နယ်စပ်ဖြတ်ကျော်မှုများ တွင် အခက်အခဲများရှိနေဆဲ ဖြစ် သည်။ အဆိုပါ ဗီဇာစနစ်သည် တတိယနိုင်ငံမှ ကမ္ဘာလှည့်ခရီး သွားများ နိုင်ငံငါးခုခရီးစဉ်တစ်ခု တည်းသွားနိုင်ရန် ရည်ရွယ်ပြီး အာဆီယံနိုင်ငံများကြား တရားဥပဒေ စိုးမိုးရေးအပေါ် မူတည်၍ နယ်စပ် ဖြတ်ကျော်မှု အဆင်၊ မပြေသည် ကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
Continue Reading...

Sunday, June 19, 2016

ရိုဟင်ဂျာအမည်ကို မြန်မာအစိုးရအနေဖြင့် သုံးနှုန်းမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီလီအား ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီနှင့် ဇွန် ၂၀ ရက်က တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအ၀ိုင်းနှင့် ပတ်သက်ပြီး သုံးစွဲရာတွင် ရိုဟင်ဂျာအမည်ကို မြန်မာအစိုးရအနေဖြင့် သုံးနှုန်းမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။



ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ၏ ယခု မြန်မာနိုင်ငံခရီးစဉ်သည် NLD ပါတီ ဦးဆောင်သည့် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

ထို့အတူ နေပြည်တော်တွင် မေ ၂၂ ရက်က ပြုလုပ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင်လည်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်က အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လူမှုအသိုင်းအ၀ိုင်းနှစ်ခုအကြား တင်းမာမှုများ ဆက်ရှိနေပြီး အဆိုပါအရေးကို ဖြေရှင်းရာတွင် အမည်နာမ အငြင်းပွားမှုထက် အရေးကြီးသည့်အရာများ ရှိသေးကြောင်း ပြောကြားခဲ့သည်။
Continue Reading...

Tuesday, June 14, 2016

မြောက်အမေရိကမှာ ဝင်ငွေအများဆုံး ရနေတဲ့ The Conjuring 2 ဇာတ်ကား

အမေရိကန် သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်ကားThe Conjuring 2 သည် မြောက်အမေရိက၌ ပွဲဦး ထွက် သီးတင်းပတ်ကုန် ရုံတင် ပြသငွေ အများဆုံးရရှိသော ဇာတ်ကားဖြစ်သည်ဟု BoxOfficeMojo.com  က ဇွန်လ ၁၂ ရက်တွင်ပြော သည်။
The Conjuring 2 ရုပ်ရှင် ဇာတ်ကားကို ဇွန်လ ၁၀ ရက်တွင် မြောက်အမေရိက၌ စတင်ရုံတင် ခဲ့ရာ သီတင်းပတ်ကုန်တွင် ရုံတင် ပြသငွေ ကန်ဒေါ်လာ ၄၀ ဒသမ ၄ သန်းရရှိခဲ့သည်။ The Conjuring 2 ဇာတ်ကားသည် လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ ရုံတင်ပြသငွေ စုစုပေါင်း ကန်ဒေါ်လာ ၉၀ ဒသမ ၄ သန်း ရရှိထားသည်။
ယင်းဇာတ်ကားသည် ၂၀၁၃ က ထွက်ရှိခဲ့သော The Conjuring ဇာတ်ကား၏ နောက် ဆက်တွဲဇာတ်လမ်းဖြစ်သည်။ အဆိုပါဇာတ်ကားသည် သိပ္ပံ နည်းကျ အဖြေမထုတ်နိုင်သော အရာများကို စုံစမ်းလေ့လာသူများ ဖြစ်သည့် အက်ဒ်ဝါရန်းနှင့် လော် ရိန်းဝါရန်း ဇနီးမောင်နှံတွေ့ကြုံရ သည့် သည်းထိတ်ရင်ဖို ဖြစ်ရပ် ဆန်းများကို တင်ဆက်ထား သည်။

ယင်းဇာတ်ကားနောက်တွင် Warcraft ဇာတ်ကားက မြောက်အမေရိက၌ ရုံတင်ပြသငွေ ကန်ဒေါ်လာ ၂၄ ဒသမ ၄ သန်းဖြင့် ဒုတိယလိုက်နေပြီး Now You See Me ဇာတ်ကားက​ ရုံတင်ပြသငွေ၂၃ သန်းဖြင့် တတိယနေရာ ရရှိ ထားသည်။

Ref: 7Day Daily, UPI
Continue Reading...

ကမ္ဘာမှာ နေရာယူလာတဲ့ အာရှအမျိုးသမီးများ

အမေရိကန်၏ သြဇာအာဏာအကြီးဆုံး မဂ္ဂဇင်းဖြစ်သည့် Forbes Magazine မှ ပြုလုပ်သည့် ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ဦးဆောင် အမျိုးသမီး ၁၀၀ စာရင်း ထွက်ပေါ်လာပြီဖြစ်သည်။ ယင်းစာရင်းထဲတွင် Angela Merkel ၊ Hilary Clinton၊ Vietjet မှ CEO ဖြစ်သူ Nguyen Thi Phuong Thao  နှင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ကြသည်။



ကမ္ဘာပေါ်ရှိ အောင်မြင်သောအမျိုးသမီးများအား ငွေကြေးအရသော်လည်းကောင်း၊ စာနယ်ဇင်းများ၏ ဖော်ပြခြင်းခံရမှုပေါ်တွင် မူတည်၍ လည်းကောင်း၊ လွှမ်းမိုးမှု နှင့် သက်ရောက်မှုရှိခြင်းပေါ် မူတည်၍လည်းကောင်း စေ့စပ်သေချာစွာ လေ့လာမှုပြုပြီးနောက်တွင် အမေရိကန် အခြေစိုက် Forbes Magazine မှ ကမ္ဘာ့စွမ်းအားအမြင့်ဆုံး အမျိုးသမီး ၁၀၀ စာရင်းကို နိုင်ငံရေး၊ စီးပွားရေး၊ ပရဟိတ၊ ဘီလျံနာ၊ မီဒီယာနှင့် ငွေကြေး ကဏ္ဍများခွဲခြား၍ ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။



Vietjet CEO ဖြစ်သူ Nguyen Thi Phuong Thao သည် ၁ ဘီလျံဒေါ်လာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသည့် Furama Resort Danang, Ana Mandara, An Lam Ninh Van Bay, နှင့် ဟိုချီမင်းရှိ Phu Long Residence Area တို့အပါအဝင် ဗီယက်နမ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ အပန်းဖြေဥယျာဉ်များနှင့် ဟိုတယ်များကို ပိုင်ဆိုင်သူဖြစ်ပြီး သူမ၏ ဦးဆောင်မှုအောက်တွင် Vietjet သည် ဒေသတွင်း လေကြောင်းလိုင်းကဏ္ဍတွင် အကြီးမားဆုံး ဈေးကွက် ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး လုပ်ငန်းလုပ်ဆောင်မှု ၅ နှစ်တာအတွင်း နိုင်ငံတကာအဆက်အသွယ်များလည်း တိုးတက် လာခဲ့သည်။ လေကြောင်းလိုင်းနှင့် သူမ၏ အောင်မြင်မှုများသည် ရေရှည်တိုးတက် ဖွံ့ဖြိုးစေရန်အတွက် တိကျသေချာစွာ ပြင်ဆင်ထားသော ရင်းနှီး မြှုပ်နှံမှုအစီအစဉ်များကြောင့်လည်း ဖြစ်သည်။ Vietjet လုပ်ငန်း စတင်လိုက်ခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ လေကြောင်းလိုင်းကဏ္ဍကို ပြောင်းလဲတိုးတက်စေခဲ့သည်။ ယခုအခါ တွင် လေကြောင်းဖြင့်ခရီးသွားရန် ယခင်က အိပ်မက်သာမက်ခဲ့ဖူးသူတို့သည် ခေတ်မီ လေယာဉ်အသစ်ကြီးများဖြင့် လေကြောင်းခရီးကို လွယ်ကူစွာ သွားလာနိုင်ပြီဖြစ်သည်။

Vietjet သည် သက်သာသည့်နှုန်းထားများ၊ ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် ခရီးသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည့် ခေတ်သစ်လေယာဉ်ပျံသန်းမှုအယူအဆများဖြင့် ပြေးဆွဲလျက်ရှိသောဗီယက်နမ်နိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်သည်။ Vietjet သည် ခရီးသွားများအတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများသာမကဘဲ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုလည်းနောက်ဆုံးပေါ် e-commerce နည်းပညာများအသုံးပြု ၍ ဝန်ဆောင်ပေးလျှက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ၃နှစ်ကြာ လုပ်ငန်းလုပ်ကိုင်ပြီးနောက် Vietjet သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်းမှ အသိအမှတ်ပြုလက်မှတ်ကို မကြာသေးခင်ကရရှိခဲ့သည်။ Vietjet သည် ခရီးသွားများ၊ ခရီးသွားအေဂျင်စီများနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများမှ ရွေးချယ်သော TTG Travel Award 2015 ၏ “Best Asian Low Cost Carrier” ဆုကိုရရှိခဲ့သည်။ လှုမှုကွန်ယက်စီမံခန့်ခွဲရေးနှင့် လှုမှုကွန်ယက်ပေါ်ရှိအမှတ်တံဆိပ်များ၏ အချက်အလက်များကို လေ့လာဆန်းစစ်လျက်ရှိသည့် Socialbakers ကုမ္ပဏီက Vietjet အား ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်း သုံးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်အတွင်း ဗီယက်နမ်၏ လူကြိုက်အများဆုံး လေကြောင်းလိုင်းဆုကိုလည်း ရရှိထားပြီ ဖြစ်သည်။

Continue Reading...

Monday, June 13, 2016

Telenor က လူငယ်ဖိုရမ်အတွက် လျှောက်လွှာများစတင်ခေါ်ယူ

 နှစ်စဉ်ကျင်းပမြဲဖြစ်သော Telenor ၏ လူငယ်ဖိုရမ်အတွက် မြန်မာနိုင်ငံသားများကို လျှောက်လွှာခေါ်ယူနေကြောင်းသိရသည်။

လူငယ်ဖိုရမ်သည်၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်အတွင်း စတင်ကျင်းပမည်ဖြစ်ပြီး အဆိုပါ ဖိုရမ်ကျင်းပချိန်သည် နိုဗယ်ငြိမ်းချမ်းရေးဆုများ ချီးမြှင့်သည့်အချိန်နှင့်လည်း တိုက်ဆိုင်မှုရှိသည်။ လျှောက်လွှာများကို ဇူလိုင်လ ၁၄ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး ကန့်သတ်ချက်အနေဖြင့် အသက် ၂၀ မှ ၂၈ နှစ် အတွင်းဖြစ်ရမည်ဟု သိရသည်။

နော်ဝေနိုင်ငံတွင် ကျင်းပမည့် လူငယ်ဖိုရမ်သို့ တက်ရောက်ခွင့်ရရှိရန် လျှောက်ထားသူသည် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး ၊လူမှုရေး ပြောင်းလဲမှုများအတွက် စိတ်အားထက်သန်သူများမည် ဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ဖူးသူလည်း ဖြစ်ရမည်ဟု Telenor က ကြေညာထားသည်။ Telenor သည် ၎င်း၏ ကွန်ရက်တည်ရှိရာ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ လူငယ်များကို နှစ်စဉ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Ref: Internet Journal
Continue Reading...

ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်သည့် တူရကီနိုင်ငံခြားရေးဝန်ကြီးမစ္စတာ မာလက်ကာဘူတိုဂလူး ဦးဆောင်သောအဖွဲ့အား ဇွန်လ ၁၃ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခဲ့သည်။
တူရကီနိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်ရည်ရွယ်ကာ ပူးပေါင်းဆောင်ရွက်ရန် ရှိသည့်ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
တူရကီနိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံပြီးချိန်တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဆက်လက်တွေ့ဆုံသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် တူရကီနိုင်ငံတို့၏ သံတမန်ဆက်သွယ်မှုအား ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ထားသည်။
ဓာတ်ပုံ-ပိုင်စိုးသူ
Ref: 7Day Daily
Continue Reading...

Friday, June 10, 2016

ILO မှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပေါ်ပေါက်လာရေး Myanmar Start-Up Campaign အစီအစဉ်ကျင်းပမည်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO မှဦးဆောင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပေါ်ပေါက်လာစေရေးအတွက် Myanmar Start-Up Campaign အစီအစဉ်အား ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို ILO မှ ဦးဆောင်ပြီး မန္တလေးတိုင်းဒေသကြီးရှိ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များဖြစ်သော AAT Business Park နှင့် Great Diamond ရတနာဆိုင်တို့၏ ပံ့ပိုးပေးမှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။ ဆုများအဖြစ် စီးပွားရေးဆိုင်ရာသင်တန်းများ အပါအဝင် ငွေကျပ် သိန်း၅၀၊ သိန်း၃၀ နှင့် သိန်း၂၀ တန်ဖိုးရှိ ဆုများကို ရယူ၍ အောင်မြင်သောစီးပွားရေးလုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ရန် ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။
ရွေးချယ်ခံရသူများမှာ ပြည်တွင်းစီးပွားရေးပညာရှင်များနှင့် သင်တန်းဆရာများထံမှ လုပ်ငန်းအောင်မြင်မည့် အကြံဥာဏ်များ ရရှိမည်ဖြစ်သည်။
အဆိုပါအစီအစဉ်ကို စိတ်ဝင်စားသူများအနေဖြင့် ဇူလိုင် ၁ရက်မတိုင်မီ အောက်ဖော်ပြပါနေရာများ ရယူ၍ ပြန်လည်လျှောက်ထားနိုင်ပါသည်။

AAT Business Center: လမ်း (၈၀)၊ ၃၈လမ်းနှင့် ၃၉လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
Great Diamond GEMS & JEWEKKERY : လမ်း (၈၀)၊ ၃၂လမ်းနှင့် ၃၃လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
UAB ဘဏ်ခွဲအားလုံး
Home Aid Electric Center: ၈၄ လမ်း၊ ၃၁လမ်းနှင့် ၃၂လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဇီဝကဆေးဆိုင် : လမ်း (၃၀)၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
အေဒင်စတိုး : ၆၂လမ်းနှင့် မနော်ဟရီလမ်းထောင့်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။ တို့တွင် ရယူနိုင်သည်။
Continue Reading...

Friday, June 3, 2016

MPT နှင့် Facebook တို့ ပူးပေါင်း

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ Facebook နှင့် ပူးပေါင်း၍ အခမဲ့အသုံးပြုနိုင်သော Free Basics နှင့် Facebook Flex ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ 

၂၀၁၆ ခုနှစ် ဇွန်လ ၆ ရက်နေ့မှစတင်ကာ မြန်မာပြည်တွင် ပထမဆုံးအနေဖြင့် အင်တာနက်အသုံးပြုခပေးစရာမလိုသော Facebook ၏ ၀န်ဆောင်မှုတစ်ခုဖြစ်သည့် Facebook Flex   ကို MPT အသုံးပြုသူများအတွက်စတင်တော့မည်ဖြစ်သည်။ ဤစတင်မှုသည် Facebook ၏ ရည်ရွယ်ချက်တစ်ခု ဖြစ်သည့် လူအများအပြားကို အင်တာနက်အွန်လိုင်းအသုံးပြုနိုင်စေရေးအတွက်လည်း အဓိကကျသော စတင်မှု ဖြစ်သည်။ Facebook Flex ကို အသုံးပြုသူများသည် ပုံစံ ၂မျိုး (အခမဲ့ပုံစံ နှင့် ဒေတာအသုံးပြုပုံစံ)ကို ကူးပြောင်းအသုံးပြုနိုင်မည်ဖြစ်ပြီး - အခမဲ့ပုံစံအသုံးပြုနေစဉ်တွင် စာများတင်နိုင်ခြင်း၊ ကွန်မန့်ပေးနိုင်ခြင်း၊ လိုက်ခ်ပြုလုပ်နိုင်ခြင်းနှင့် အခမဲ့ စာရိုက်စကားပြောနိုင်ခြင်းတို့ ပြုလုပ်နိုင်သော်လည်း ဓာတ်ပုံနှင့် ဗီဒီယိုများကိုမူ ကြည့်ရှုနိုင်မည်မဟုတ်ပေ။





MPT အသုံးပြုသူများသည် Facebook Flex နှင့်အတူ Free Basics ကိုပါ အသုံးပြုခွင့်ရမည်ဖြစ်သည်။ Free Basics တွင် ဝက်ဆိုက်များကို ဖုန်းနှင့်အသုံးပြုကြည့်ရှုနိုင်ပြီး ယင်းဝက်ဆိုက်တွင် လူမှုအဖွဲ့အစည်းကို အထောက်အကူပြုသည့် အကြောင်းအရာများကို အခမဲ့ ဖတ်ရှုကာ အင်တာနက်မှမည်သည့် ကောင်းကျိုးများ ရနိုင်သည် ဆိုသည်ကို သိရှိခွင့်ရမည်ဖြစ်သည်။  ဤ Free Basics ၀န်ဆောင်မှုတွင် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများပါဝင်သော ဝန်ဆောင်မှု ၃၅ မျိုးကို ဖတ်ရှုနိုင်မည်။ 

MPT အသုံးပြုသူများသည် (feature phone ဖြစ်စေ၊ Android သို့မဟုတ် iPhone ဖြစ်စေ) မိုဘိုင်းဖုန်းများမှတဆင့် အခမဲ့ဖြစ်သော အခြေခံ application ကို ရယူသုံးစွဲနိုင်သည်။ Facebook Flex ကိုမူ mobile app များမှတဆင့် သို့မဟုတ်  www.facebook.com နှင့် အခမဲ့အခြေခံဝက်ဆိုက် www.freebasics.com တွင်လည်းကြည့်ရှုနိုင်သည်။


Facebook သည် မြန်မာပြည်တွင် လူသုံးအများဆုံး လူမှုကွန်ယက်တစ်ခုဖြစ်သည်။ ယနေ့အချိန်အထိစာရင်းများအရ Free Basics ၀န်ဆောင်မှုအပါအဝင် Facebook ၏ ၀န်ဆောင်မှုကို အသုံးပြူသူပေါင်း ၂၅ သန်းကျော်ကို အွန်လိုင်းနှင့် ချိတ်ဆက်နိုင်ရန် လုပ်ဆောင်ခဲ့နိုင်ပြီဟု ခန့်မှန်းထားရှိသည်။ 
Continue Reading...