Tuesday, February 28, 2017

Coca-Cola မြန်မာနှင့် ILO မှ လက်လီဖြန့်ချီသူများအတွက် ကျွမ်းကျင်မှုသင်တန်းများ ပို့ချမည်



Coca-Cola မြန်မာသည် နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) နှင့် ပူးပေါင်း ကာ လက်လီစီးပွားရေး ကျွမ်းကျင်မှုသင်တန်း ပို့ချရေး ပရောဂျက် တစ်ခု စမ်းသပ်ပြုလုပ်ခဲ့ရာမှ အောင်မြင်မှုများရရှိခဲ့သည့် အတွက် ၂၀၁၇ ခုနှစ်တွင်လည်း အဆိုပါ Coca-Cola လက်လီ စီးပွားရေးကျွမ်းကျင်သင်တန်းများ ကို လက်လီရောင်းချသူများနှင့် အရောင်းဆိုင်ပိုင်ရှင်များ အတွက် တိုးချဲ့ပို့ချသွားမည်ဖြစ်ပါသည်။ 

 အဆိုပါသင်တန်းတွင် အရောင်းမြှင့်တင်ရေး၊ အခြေခံစာရင်းအင်းပညာနှင့် ကုန်လှောင်ပစ္စည်း ထိန်းချုပ်မှု အစရှိသော အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု ဦးစီးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ကျွမ်းကျင်မှုများကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။ လက်လီအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် မိမိတို့အရောင်းဆိုင်၏ လုပ်ငန်းလည်ပတ်မှုကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲပြီး အရောင်းအားနှင့် ၀င်ငွေပိုမိုတိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

 ယခုဆိုလျှင် ရန်ကုန်မြို့မှ လက်လီရောင်းချသူပေါင်း အယောက် ၈၀ ကို ကျွမ်းကျင်သင်တန်းဆရာ ၁၂ ဦးဖြင့် သင်တန်းပို့ချပေးပြီးဖြစ်ကာ ၂၀၁၇ ခုနှစ်တွင်လည်း ရန်ကုန်မြို့နှင့် မန္တလေးမှ လက်လီရောင်းချသူများနှင့် အရောင်းစတိုးဆိုင်ပေါင်းများစွာအတွက် အဆိုပါသင်တန်းများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သင်တန်းအစီအစဉ် တိုးချဲ့လုပ်ဆောင်သွားမည့်အလျောက် လာမည့်နှစ်များတွင် မြန်မာနိုင်ငံတစ်ဝှမ်းမှ လက်လီရောင်းချသူများ ပိုမိုပူးပေါင်းပါဝင်လာနိုင်မည် ဖြစ်ပါသည်။ 

 အဆိုပါသင်တန်းသည် ILO Entrepreneurship နှင့် အသေးစားအလက်စားလုပ်ငန်း ကူညီထောက်ပံ့ရေး အဖွဲ့နှင့်ပူပေါင်းကာ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ပိုမိုထိရောက် ကောင်းမွန်သော Start & Improve Your Business (SIYB) သင်ရိုးညွန်းတမ်းကို အခြေခံထားသော သင်တန်းဖြစ်ပါသည်။ အဆိုပါ SIYB သင်ရိုးညွန်းတမ်းကို နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အကောင်အထည် ဖော်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံအတွက်လည်း Coca-Cola လက်လီစီးပွားရေးကျွမ်းကျင်မှုသင်တန်း အမည်ဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

 ယခုအစီအစဉ်ကို စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှလည်း ကူညီထောက်ပံ့ပေးထားပါသည်။ မြန်မာနိုင်ငံအစိုးရ ခန့်မှန်းထားမှုများအရ နိုင်ငံ့ စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး စီးပွားရေးအလျင်အမြန်တိုးတက်လာ သည်နှင့်အမျှ အဆိုပါလုပ်ငန်းများအား တဖြည်းဖြည်းတိုးတက်ကောင်းမွန်အောင်ဆောက်ရွက်ဖို့ အတွက် လိုအပ်ပါသည်။

 အဆိုပါသင်တန်းတွင် ဘာသာရပ် ၅ ခုရှိပြီး ဘာသာရပ်တစ်ခုစီလျှင် သင်တန်းပို့ချချိန် ၂ နာရီခန့်ကြာမြင့် မည်ဖြစ်ရာ သင်တန်းသား ၁၅ ယောက်မှ အယောက် ၂၀ အထိ ပါဝင်သင်ယူနိုင်ပြီးသင်တန်းတွင် မိမိတို့၏အတွေ့အကြုံများ ကိုလည်း ဝေမျှနိုင်မည်လည်းဖြစ်ပါသည်။ သင်တန်းပြီးဆုံးရန် အတွက် သင်တန်းသား တစ်ယောက်လျှင် စုစုပေါင်း သင်တန်းကာလ အချိန် ၁၀ နာရီ ခန့် ကြာမြင့် မည်ဖြစ်ပြီး  သင်ရိုးညွှန်တမ်းတွင် ဘာသာရပ်များထပ်တိုးရန် အတွက်လည်းဆောင်ရွက်လျက် ရှိနေပါသည်။
Continue Reading...

KBZ Gateway မှ VSAT နည်းပညာဖြင့် နိုင်ငံတစ်ဝှမ်းမှ ဘဏ်ခွဲများဖြင့် ချိတ်ဆက်





ကမ္ဘောဇအုပ်စုကုမ္ပဏီများမှ အဖွဲ့ဝင်ဖြစ်သော KBZ Gateway ကုမ္ပဏီလီမိတက်သည် ကမ္ဘောဇဘဏ်ခွဲများ၏ လုပ်ငန်းလည်ပတ်မှုနှင့် စွမ်းဆောင်ရည်တို့ကို မြင့်တင်ပေးရန်အတွက် ၎င်း၏ Very Small Aperture Terminal (VSAT) ဂြိုဟ်တုနည်းပညာသုံး ကွန်ရက်ဆက်သွယ်ရေးစနစ်နှင့် အိုင်စီတီဝန်ဆောင်မှုများကို နိုင်ငံတစ်ဝှမ်းရှိ ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ ကျော်တွင် ချိတ်ဆက်လိုက် ခြင်းကြောင့် ပိုမိုမြန်ဆန်သည့် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ 

KBZ Gateway ၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ကမ္ဘောဇဘဏ်ခွဲများ၏ ချိတ်ဆက်မှုကွန်ယက်စနစ် သည် ထိရောက်သောကုန်ကျစရိတ်ဖြင့် လုပ်ငန်းလည်ပတ်မှုကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။ ၉၉.၉၇% ပြတ်တောက်ခြင်းမရှိ စိတ်ချရသော အဆင့်မြင့်ကွန်ရက်ချိတ်ဆက်မှုတို့အပါအ၀င် ဗဟိုအချက်အလက် သိမ်းဆည်းရာ ဌာနသို့ ချိတ်ဆက်ရန် ပင်မနှင့် အရန်ချိတ်ဆက်မှုလမ်းကြောင်းများပါရှိသောကြောင့် ကွန်ရက် တည်ငြိမ်မှု၊ အရည်အသွေးပြည့် ၀န်ဆောင်မှုပေးအပ်နိုင်မှု၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆုံးဖြတ် ချက်များ ပိုမိုကောင်းမွန်မှုစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။ VSAT ချိတ်ဆက်မှုကို ဝေးလံခေါင်သီသော အရပ်ဒေသများတွင်ပင်လျင် မြန်ဆန်စွာ ကွန်ရက်ချိတ်ဆက်ပေးနိုင်ခြင်း၊ ကွန်ယက်ဝန်ဆောင်မှုကို စနစ်တကျ စီမံနိုင်ခြင်း စသည့်အချက်များကြောင့် ဘဏ်ခွဲများ၏ လုပ်ဆောင်ချက်များကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ရုံးချုပ်များမှ စောင့်ကြည့်စီမံခန့်ခွဲနိုင်ခြင်း  အစရှိသည့်အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်ပါသည်။  

နိုင်ငံတစ်ဝှမ်းမှ စီးပွားရေးလုပ်ငန်းများနှင့် သုံးစွဲသူများအား သတင်းအချက်အလက်ဝန်ဆောင်မှုများ ထောက်ပံ့ ပေးနိုင်ရန် KBZ Gateway မှ ခေတ်မီဆန်းသစ်သော ဂြိုလ်တုဆက်သွယ်ရေးမြေပြင်အခြေစိုက်စခန်းကို ပဲခူးတွင်တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ 

ဝန်ဆောင်မှုဆိုင်ရာသဘောတူညီမှုစာချုပ်နှင့်အညီ ပြည်တွင်း ပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် သုံးစွဲသူများအတွက် လုံခြုံစိတ်ချရသော ဆက်သွယ်ရေးစနစ်ကို ကုမ္ပဏီမှ ၀န်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။ 

 KBZ Gateway၏ ၀န်ဆောင်မှုများအကြောင်းပိုမိုသိရှိလိုပါက www.kbzgateway.com တွင် ၀င်ရောက်ကြည့်ရှု ၍ဖြစ်စေ၊ channel ပါတနာအသီးသီးအား ဆက်သွယ်မေးမြန်း၍ဖြစ်စေ သိရှိနိုင်ပါသည်။

Continue Reading...

Thursday, February 2, 2017

MPT Branded ဆိုင်များကို စနေ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်ပါ ဖွင့်လှစ်မည်

MPT အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း (၁၃၀) ကျော်ကို အများပြည်သူ ရုံးပိတ်ရက်များဖြစ်သော စနေနေ့နှင့် တနင်္ဂနွေနေ့များတွင်ပါ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ သို့ဖြစ်ရာ သုံးစွဲသူ မိဘပြည်သူများအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများကို  ရုံးပိတ်ရက်များတွင်ပါပိုမို လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီဖြစ်သည်။



ယခုလာမည့် ဖေဖော်ဝါရီလ (၄) ရက်နေ့မှ စတင်ကာ မြန်မာတစ်ဝှမ်းလုံး၌ရှိသော MPT အမှတ်တံဆိပ် အရောင်းဆိုင်များကို ရုံးပိတ်ရက်များတွင်ပါ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအပါအဝင် MPT အရောင်းဆိုင်များ၏ အခြားသောဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်။ ယခုလိုဖွင့်လှစ်ပေးခြင်းမှာ MPT အမှတ်တံဆိပ်အရောင်းဆိုင်များသို့ ရုံးချိန်အတွင်း မလာရောက် နိုင်သူများနှင့် ရုံးဖွင့်ရက်များတွင် အလုပ်များသူများအတွက် သတင်းကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့် MPT အမှတ်တံဆိပ်အရောင်းဆိုင်များစာရင်းအပြည့်အစုံကို MPT ၏ ၀က်ဘ်ဆိုက် www.mpt.com.mm တွင်ဖြစ်စေ၊http://mpt.com.mm/wp-content/uploads/2017/02/MPT-Shop-List-1.pdf  တို့တွင်ဖြစ်စေ တိုက်ရိုက်ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
Continue Reading...