Sunday, December 25, 2016

နိုင်ငံတစ်ဝှမ်းရှိ စာတိုက်များ၌ MPT ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ပြီ

Share it Please


မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာတိုက်ပေါင်း ၇၈၂ ခုတွင် MPT ၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်နိုင်ပြီဖြစ်သည်။
စာတိုက်များတွင် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ရန်အတွက် MPT သုံးစွဲသူများသည် မှတ်ပုံတင်မည့် လက်ရှိဆင်းမ်ကတ်နှင့် နိုင်ငံသားမှတ်ပုံတင်ကတ်၊ ကျောင်းသားကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် အစရှိသည့် အထောက်အထားတစ်ခုခု၊ နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလတ်မှတ်တို့ကို ယူဆောင်လာရန် လိုအပ်ပါသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ပြုလုပ်ခြင်းကို မြန်မာ့စာတိုက်ပေါင်း ၇၈၂ တွင် ပြုလုပ်နိုင်ရုံမက မြန်မာနိုင်ငံတစ်ဝှမ်းရှိ အိတ်ချိန်းရုံးပေါင်း ၃၀၀ ကျော်တွင်လည်း ဆောင်ရွက်နိုင်ပြီး MPT လက်လီအရောင်းဆိုင်ပေါင်း ၃၅,၀၀၀ တွင်ပါ မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ ထို့အပြင် CB ဘဏ် ၊ KBZ ဘဏ်နှင့် Bestone မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင်လည်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်နိုင်ရန် MPT မှ စီစဉ်ပေးထားပြီးဖြစ်ပါသည်။ 

အွန်လိုင်းမှမှတ်ပုံတင်ခြင်းနည်းလမ်းအပါအ၀င် MPT အမှတ်တံဆိပ် အရောင်းဆိုင်များ၊ ဆင်းမ်ကတ်မှတ်ပုံတင် ပွဲတော်များ၊ ကျေးလက်ဒေသအရောက် ၀န်ဆောင်မှုပေးနေသော မော်တော်ယာဉ်များအပါအ၀င် အခြားသော ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာများနှင့် ပတ်သက် အသေးစိတ်သိရှိလိုပါက http://mpt.com.mm/en/sim-registration/ တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

No comments:

Post a Comment