Monday, December 19, 2016

မြန်မာ cocktail အရသာ မြည်းစမ်းနိုင်မည့် “The Toddy Bar”

Share it Please


Rangoon Tea House သည် အရသာ အသစ်အဆန်းကို မြည်းစမ်းလိုသည့် ပြည်တွင်းပြည်ပဧည့်သည်များ အတွက် မြန်မာအငွေ့အသက် ပေါင်းစပ်ထားသည့် cocktails အရသာသစ်ကို ခံစားနိုင်မည့် “The Toddy Bar” ကို ဖွင့်လှစ်လိုက်သည်။

“The Toddy Bar” သည် ထူးခြားသော မြန်မာ Cocktail Bar တစ်ခုဖြစ်ပြီး RTH Kitchenမှ အရံစားဖွယ်စုံများနှင့် ဓနိပင်ပေါက်ရောက်ရာ မြန်မာနိုင်ငံတစ်ခွင်ကို အမှီပြုပြီး သေချာကောင်းမွန်စွာ စီမံဖျော်စပ်ထားသော cocktail များကို ပေါင်းစပ်ဖွဲ့စည်းထားရန် ရည်ရွယ်ထားသည်။ Cocktail menu ကို London မြို့ရှိ Roka and Electric House ၊ New York မြို့ရှိ Angel’s Share နှင့် Tokyo မြို့ရှိ Kawabun Nagoya စသည်တို့ကို ဖန်တီးခဲ့သည့် Hideyuki Saito မှ ဖန်တီးပေးထားခြင်းဖြစ်သည်။

 Rangoon Tea House ၏ ပူးတွဲတည်ထောင်သူ တစ်ဦးဖြစ်သူ ဦးထက်မြတ်ဦးမှ “Rangoon Tea House ကို ဖွင့်ထားတာ အချိန်ကာလအားဖြင့် သိပ်အကြာကြီးမဟုတ်ပေမယ့် အထူးသဖြင့် မြန်မာဟင်းလျာတွေကို ရန်ကုန်မြို့မှာ တည့်ခင်းရောင်းချတဲ့အတွက် ကျွန်တော်တို့ရဲ့ စားသုံးသူတွေကိုအကောင်းဆုံး အတွေ့အကြုံ တွေကိုပေးရဖို့က အရေးအကြီးဆုံးလို့ နားလည်သဘောပေါက်ထားပါတယ်။ ပြည်တွင်းက ဗိသုကာ ဒီဇိုင်းပညာရှင် M Interiors တို့နဲ့ပူးပေါင်းပြီး စားသောက်ဆိုင်ရဲ့ အောက်ထပ်ကို ကျယ်ဝန်းပြီး ဆူညံတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင် အတွေ့အကြုံနဲ့လုပ်ထားပြီး အပေါ်ထပ်ကိုတော့ တိတ်ဆိတ်ငြိမ်သက်ပြီး ရိုမန်းတစ်ဆန်တဲ့ မြန်မာယမကာဆိုင် အတွေ့အကြုံတို့ကို ဖန်တီးဖော်ပြနိုင်တာဖြစ်ပါတယ်။ The Toddy Bar ကတော့ နိုင်ငံတကာမှာ ကျော်ကြားပြီး ဆုရရှိထားတဲ့ mixologist Hideyuki Saito ကဖန်တီးထားတဲ့ မြန်မာအငွေ့အသက် ပေါင်းစပ်ထားတဲ့ cocktails အရသာကို နိုင်ငံတကာ အဆင့်မီအထိ ၀င်ဆံ့အောင်ရည်ရွယ်ထားပါတယ်။” ဟု ပြောကြားခဲ့သည်။

 Rangoon Tea House သည် အမှတ် ၇၇-၇၉ အထက်ပန်းဆိုးတန်းလမ်းတွင် တည်ရှိပြီး နေ့စဉ် နံနက် ၆နာရီ မှ ၁၀နာရီအတွင်း ဆိုင်ဖွင့်လှစ်ထားသည်။ ကြိုတင်နေရာမှာယူချင်သူများအတွက် ဖုန်းနံပါတ် +၉၅ ၉၉၇၉၀၇၈၆၈၁ သို့ ဆက်သွယ်နိုင်သည်။ ဈေးနှုန်းများမှာ လက်ဖက်ရည်တစ်ခွက်လျှင် ၁၅၀၀ ကျပ်၊ အဆာပြေမုန့်တစ်ပွဲလျှင် ၂၅၀၀ ကျပ်နှင့်အဓိက ဟင်းလျာတစ်ခုလျှင် ၃၀၀၀ ကျပ်စသည်ဖြင့် အသီးသီးရှိသည်။

Rangoon Tea House သည် ရန်ကုန်မြို့၏ ရှေးရိုးဓလေ့လက်ရာများပါရှိသည့် အဆောက်အဦး တွင် ပြောင်းရွှေ့ဖွင့်လှစ်ထားပြီး အရသာ အသစ်အဆန်းကို မြည်းစမ်းကြည့် လိုသော မြန်မာလူမျိုးများ အတွက် မြန်မာအစားအစာကိုရရှိနိုင်သော နေရာတစ်ခုအဖြစ်ကို ပြောင်းလဲဖန်တီးထားခြင်းဖြစ်သည်။ 

Rangoon Tea House သည် ကောင်းမွန်လှသော မြန်မာအစားအစာ များကို မြည်းစမ်း ကြည့်ချင်သော နိုင်ငံတကာ ခရီးသွားများနှင့် ပြည်တွင်းနေသူများအတွက်ပါ ကောင်းမွန်သော အတွေ့အကြုံ များ


ရရှိနိုင်သည့် နေရာဖြစ်ပါသည်။
 

No comments:

Post a Comment