Thursday, July 14, 2016

Bosch ၏ စီးပွားရေးလုပ်ငန်း နယ်ပယ် အသီးသီးတွင် တိုးတက်မှု ရလဒ်ကောင်းများ ဆက်လက်ရရှိ

Share it Please
ကမ္ဘာအနှံ့တွင် နည်းပညာဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် Bosch က ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မော်တော်ယာဉ်သုံး ဆက်စပ်အပိုပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး Power Tools ပစ္စည်းရောင်းချသည့်လုပ်ငန်းတွင် တိုးတက်မှုရလဒ်ကောင်းများ အဓိကရရှိခဲ့ခြင်းကြောင့် ရောင်းအားပမာဏ မြင့်တက်မှုသည် ကိန်းဂဏန်း နှစ်လုံးထိ ရရှိခဲ့ပါသည်။ “အရှေ့တောင်အာရှဒေသအတွင်း မြန်မာနိုင်ငံဟာ Bosch အတွက် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အဓိကဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့  မော်တော်ယာဉ်ကဏ္ဍနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်နေတဲ့အတွက် Bosch နည်းပညာမြင့် ထုတ်ကုန်နဲ့ ၀န်ဆောင်မှု အမျိုးမျိုးကို ဈေးကွက်အတွင်း လိုအပ်ချက် မြင့်တက်လျက်ရှိပါတယ်” ဟု BOSCH လုပ်ငန်းစု၏ မြန်မာနိုင်ငံဈေးကွက်ကိုယ်စားလှယ် Andre de Jong က ပြောသည်။ “ဘ၀တစ်သက်တာ စက်မှုနည်းပညာဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဒေသတွင်းဈေးကွက်မှာ ထူးခြား ကောင်းမွန်တဲ့ အရည်အသွေးမြင့် ၀န်ဆောင်မှုတွေကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

No comments:

Post a Comment