Thursday, July 14, 2016

Vietjet မှ တောင်းဆိုသူများလာခြင်းကြောင့် ရန်ကုန်-ဟိုချီမင်းခရီးစဉ်များ ပိုမိုတိုးချဲ့

Share it Please
အာရှ၏လူကြိုက်အများဆုံး တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သည့် Vietjet မှ လူကြိုက်များတောင်းဆိုမှုများလာခြင်းကြောင့် ရန်ကုန်-ဟိုချီမင်းခရီးစဉ်များ၏ ပြေးဆွဲမှုအကြိမ်ရေကို ထပ်မံတိုးချဲ့လိုက် ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ခရီးသွားများ စီးပွားရေးကိစ္စရပ်များဖြင့် သွားလာမှုများပြားခြင်း ကြောင့် လူကြိုက်များနေသော ဤခရီးစဉ်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ တပတ်လျှင် ၇ ကြိမ်အထိ ပြေးဆွဲတော့ မည်ဖြစ်သည်။ ယင်းသို့ တိုးချဲ့ပြေးဆွဲခြင်းကြောင့် မြန်မာခရီးသွားများအနေဖြင့် ဗီယက်နမ်၏ အံ့သြဖွယ်ရာ လှပမှုများနှင့် အပန်းဖြေခြင်းတို့အတွက် ရက်သတ္တပတ်တစ်ခု၏ နေ့ရက်တိုင်းတွင် ဈေးနှုန်းသက်သာစွာဖြင့် သွားလာနိုင်တော့မည် ဖြစ်သည်။



Vietjet မှ ရန်ကုန်-ဟိုချီမင်း ခရီးစဉ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ထိုအချိန် က တစ်ပတ်လျှင် အသွားအပြန်ခရီးစဉ် ၅ ခုသာ ပြေးဆွဲခဲ့သော်လည်း ယခုအခါ တစ်ပတ်လျှင် ခရီးစဉ် ၇ ခု အထိ ပြေးဆွဲ တော့မည်ဖြစ်သည်။ မြို့ ၂ မြို့အကြားပျံသန်းမှု ကြာမြင့်ချိန်မှာ ၂ နာရီ ၁၅ မိနစ်ခန့် ရှိမည်ဖြစ်သည်။ ရန်ကုန်လေဆိပ်မှ နေ့လည် ၁ နာရီ (မြန်မာစံတော်ချိန်) တွင် ထွက်ခွာပြီး ဟိုချီမင်းသို့ ညနေ ၃း၃၅ နာရီ (ဗီယက်နမ်စံတော်ချိန်)တွင် ဆိုက် ရောက်မည်ဖြစ်သည်။ အပြန်ခရီးစဉ်အတွက် ဟိုချီမင်းမှ နံနက် ၁၀း၂၅ နာရီ (ဗီယက်နမ်စံတော်ချိန်)တွင် ထွက်ခွာပြီး ရန်ကုန်သို့ နေ့လည် ၁၂း၁၀ နာရီ (မြန်မာစံတော်ချိန်) တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။


ရန်ကုန်မှ ဟိုချီမင်းသို့ ရောက်ရှိလာသော ခရီးသည်များသည် ဗီယက်နမ်၏ အထင်ကရ လည်ပတ်ရန်နေရာများနှင့် စီးပွားရေးအချက်အချာနေရာ ၁၇ ခု သို့ လည်ပတ်နိုင်မည်ဖြစ်သည့်အပြင် ဗီယက်နမ်မှတဆင့် အာရှ၏ ခရီးသွားလာမှု အများပြားဆုံးမြို့များဖြစ်သည့် ဘန်ကောက်၊ စင်ကာပူ၊ ထိုင်ပေ (ထိုင်ဝမ်)၊ ကွာလာလမ်ပူ၊ ဆိုးလ်နှင့် တရုတ်စသည့် ဒေသများသို့လည်း ချိတ်ဆက်ခရီးစဉ်များအဖြစ် သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။

No comments:

Post a Comment