သီတင်းကျွတ်ပွဲတော်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များ၏ အလေးထားရဆုံးသောရိုးရာပွဲတော်ကြီးများထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါသည်။ Huawei သည် သီတင်းကျွတ်ပွဲတော်ကို ကြိုဆိုသည့်အနေဖြင့် ‘Huawei, Care Myanmar’ အမည်ရ လှူဒါန်းမှုအစီအစဉ်တစ်ခုကို ပြုလုပ်ကာ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးများကျောင်းနှင့် နားမကြားသော ကလေးများကျောင်းတို့အပါအ၀င် လူမှုအဖွဲ့အစည်းကြီးများသို့ အထောက်အပံ့ပစ္စည်းများနှင့်တစ်ကွ မီးအိမ်ငယ်လေးများကို သွားရောက်လှူဒါန်းပြီး သီတင်းကျွတ်ပွဲတော်ကို အတူပါဝင်ဆင်နွှဲခဲ့ပါသည်။
မြန်မာတို့၏ အကြီးကျယ်ဆုံးသော ရာသီပွဲတော်ကြီးများထဲမှ တစ်ခုအပါအ၀င်ဖြစ်သော သီတင်းကျွတ်ပွဲတော် သည် ဂေါတမမြတ်စွာဘုရား နတ်ပြည်တွင် မိခင်မယ်တော်မာယာအား တရားမြတ်ဟောကြားပြီးနောက် လူပြည်သို့အဆင်း လူသားတို့မှ ဘုရားရှင်အား ကြိုဆိုသည့်အနေဖြင့် ကျင်းပသည့် အထိမ်းအမှတ်ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ ယခုကဲ့သို့ထူးမြတ်သောပွဲတော်တွင် မြန်မာလူမျိုးတို့သည် မိမိတို့၏ မိဘဆရာသမားများကို စားသောက်ဖွယ်ရာများ၊ လိုအပ်သောအထောက်အပံ့ပစ္စည်းများ အစရှိသည်တို့ဖြင့် လိုက်လံကန်တော့ကာ မီးအိမ်လေးများကို ညအချိန်တွင် အိမ်များမှာ ချိတ်ဆွဲခြင်း၊ မီးရှူးမီးပန်းဖောက်ခြင်းတို့ဖြင့် ပွဲတော်ကိုဆင်နွှဲလေ့ရှိကြပါသည်။
Huawei မှ ၀န်ထမ်းများနှင့် ၄င်းတို့၏ဆွေမျိုးမိတ်သင်္ဂဟများ၊ စုစုပေါင်း အယောက် ၁၃၀ ခန့်သည် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းကြီး ၆ ခုသို့ နေ့စဉ်သုံးပစ္စည်းများ၊ အားဖြည့်အစားအစာများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ Huawei ၏ ဆုမွန်ကောင်းများအပါအ၀င် မြန်မာကျပ်ငွေ သိန်း ၁၃၀၀ ကျပ်နှင့်ညီမျှသော လှူဖွယ်ဝတ္ထုများကို သက်ကြီးရွယ်အိုများ၊ မိဘမဲ့ကလေးများ၊ နားမကြားသောကလေးများ အယောက် ၃၄၀၀ ခန့်အား အောက်တိုဘာလ ၁၅ ရက်နှင့် ၁၇ ရက်အတွင်းတွင် သွားရောက်လှူဒါန်းခဲ့ပါသည်။
No comments:
Post a Comment