Wednesday, November 23, 2016

ဗီယက်နမ်ကို ဟန်းနီးမွန်းသွားနိုင်ရန် Vietjet လက်မှတ်များ လျော့ဈေးဖြင့်ရောင်းချလျက်ရှိနေ

Share it Please
ကြော်ငြာပို့စ်

သင့်မင်္ဂလာပွဲအတွက် စီစဉ်နေလား ?

ဗီယက်နမ်ကို ဟန်နီးမွန်းသွားပြီး သင့်မင်္ဂလာပွဲကို အများနဲ့မတူအောင် ဖန်တီးလိုက်ပါ




ဝါကျွတ်ကာလသင်္ကေတဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့နောက်ပိုင်းဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအရ လက်ထပ်မင်္ဂလာပွဲကျင်းပဖို့ အသင့်တော်ဆုံးအချိန်ဖြစ်သလို မင်္ဂလာမောင်နှံတွေ အတွက်လည်း မင်္ဂလာပွဲဆင်နွှဲဖို့ရာတင်မကပဲ လက်ထပ်ပြီးခါစ စုံတွဲတစ်တွဲရဲ့ ပထမဆုံးအားလပ် ရက်ကို အတူဖြတ်သန်းဖို့ စတင်ပြင်ဆင်နေကြတဲ့ အချိန်လည်းဖြစ်ပါတယ်။
ဟန်းနီးမွန်းဆိုတာ အခြားဒေသတစ်ခုမှာရှိတဲ့ ကမ္ဘာ့လောကနိဗ္ဗာန်ဘုံအလား နေရာတစ်ခုအတွက် ငွေကြေး အမြောက်အမြားသုံးစွဲခြင်းလို့ ဆိုပါတယ်။ ဒီကမ္ဘာပေါ်က စားရိတ်သင့်တင့်မျှတတဲ့ အကောင်းဆုံးဟန်းနီးမွန်းသွားစရာနေရာတွေထဲက အကောင်းတကာ့အကောင်းဆုံးတစ်ခုကို ဘာကြောင့် မရွေးချယ်ရမှာလဲ? ။ ဗီယက်နမ်နိုင်ငံရဲ့ ကြွယ်ဝတဲ့ သစ်ပင်ပန်းပင်တွေ၊ နွေးထွေးကြင်နာ တဲ့ အပြုံးတွေနဲ့ အစား အသောက်ကောင်းတွေဟာ သင့်ရဲ့မင်္ဂလာနှစ်ပတ်လည် ဒါမှမဟုတ် ချိုမြိန်တဲ့ ဟန်းနီးမွန်းခရီးစဉ်အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်စေမှာပါ။
Nha Trang
ဗီယက်နမ်နိုင်ငံရဲ့အဓိကအချက်အချာကျတဲ့ ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာ နိုင်ငံရဲ့သာယာ အလှပဆုံးကမ်းခြေတွေ တည်ရှိပြီး အလှဆင်ထားတဲ့ အုန်းပင်တွေ၊ တမူထူးခြားတဲ့ တံငါရွာလေး တွေနဲ့အတူ ဟန်းနီးမွန်းအားလပ်ရက်အတွက် အပြည့်စုံဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ကိုးကီလိုမီတာ ရှည်လျားတဲ့ ရွှေရောင်သဲပြင်ပေါ်မှာ ကြီးမားတဲ့ အုန်းပင်တွေ၊ အရောင်စုံပန်းပွင့်တွေနဲ့ အလှဆင်ထား တဲ့အပြင် ပင်လယ်ကမ်းခြေတလျှောက်လုံးမှာလည်း စားသောက်ဆိုင်၊ ဘားတွေရှိတဲ့ Nha Trang ဒေသ၊ Tran Phu ကမ်းခြေမှာ အပန်းဖြေဖို့အတွက် နေရာတစ်ခုကို ရွေးချယ်လိုက်ပါ။ 


Hue
ဟွေးဟာ စွန့်စားခြင်းကို ကြိုက်နှစ်သက်တဲ့ စုံတွဲတွေအတွက် ဗီယက်နမ်မှာ ဟန်းနီးမွန်းခရီးတစ်ခု စီစဉ်ဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ ရှုပ်ထွေးပြန့်ကျဲနေတဲ့ ပြန်လည်အောက်မေ့အမှတ်ရစရာ ဘုရားကျောင်းတွေနဲ့အတူ ကြာကန်ငယ်လေးတွေ၊ လှပတဲ့ဥယျာဉ်လေးတွေရဲ့အလည်က ပွဲကြည့်စင် ခရမ်းရောင်ကန့်သတ်နယ်မြေထဲက တော်ဝင်နန်းတော်က လက်ထပ်ပြီးစချစ်သူစုံတွဲတွေကို သွားရောက်စူးစမ်းရှာဖွေဖို့ တိုက်တွန်းနေပါတယ်။
တနည်းအားဖြင့် ရေမွှေးမြစ်(Huong မြစ်)ထဲမှာ အပျော်စီးသင်္ဘောစီးတာ ဒါမှမဟုတ် ဆိုင်ကယ်၊ စက်ဘီးတစ်စီးငှားပြီး စိမ်းလန်းတဲ့ဥယျာဉ်တွေ၊ ငြိမ်သက်အေးချမ်းတဲ့ ရေကန်တွေကိုကျော်ဖြတ်ပြီးရင် တော့ ဗီယက်နမ်အုပ်ချုပ်သူနောက်ဆုံးမင်းဆက် Nguyen ဘုရင်များရဲ့ အသေးစိတ်ကျပြီး ပြိုင်ဘက်ကင်း ဂူသင်္ချီိုင်းတွေကို ဗိသုကာရူ့ထောင်က စူးစမ်းလေ့လာခြင်းတို့ပြုလုပ်နိုင်ပါတယ်။
Hanoi
ဗီယက်နမ်မှာ ထူးခြားဆန်းပြားတဲ့ ဟန်နီးမွန်းကို ရှာဖွေနေတဲ့ လက်ထပ်ပြီးခါစစုံတွဲတွေအတွက် ဟနွိုင်းဟာ အကောင်းဆုံးခရီးသွားနေရာတစ်ခုပါ။ စိတ်ချမ်းမြှေ့စရာ လမ်းတစ်လျှောက် ညီညာပြန့်ပြူး တဲ့ သစ်ပင်တန်းတွေ၊ ရေကန်တွေ၊ ပန်းခြံတွေနဲ့ မြို့တော်ဟနွိုင်းဟာ စိတ်ဝင်စားဖွယ် တရုတ်-အင်ဒို ရောယှက်မှုတွေ၊ ပြင်သစ်ကိုလိုနီခေတ်ပုံစံ လွမ်းမိုး နေတဲ့ ပုံရိပ်တွေကို ထင်ဟပ်နေပါတယ်။ အိုဟောင်းနေတဲ့ရပ်ကွက်ရဲ့ ရုပ်ပုံကားချပ်တစ်ခုလို ကျဉ်းမြောင်းရှုပ်ထွေးတဲ့ လမ်းကျဉ်းတွေမှာ ခြေဦးတည့်ရာလျှောက်သွားမလား။ ဒါမှမဟုတ် ပြင်သစ်နိုင်ငံအပြင်က အကောင်းဆုံးကိတ်မုန့်တွေနဲ့ pastries တွေကို မြည်းစမ်းကြည့်မလား။
 
Ho Chi Minh City
စုံတွဲတွေ ဗီယက်နမ်ကို ဟန်းနီးမွန်းထွက်ဖို့ စီစဉ်တဲ့အခါ ခရီးစဉ်အစနေရာအဖြစ်ရွေးချယ်လေ့ရှိပြီး အများအားဖြင့် ဆိုင်ဂုံလို့ သိကြတဲ့ ဟိုချီမင်းမြို့ဟာ တောင်ဗီယက်နမ်ရဲ့မြို့တော်ဟောင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီမြို့ကြီးရဲ့ အရောင်စုံ မြင်ကွင်းတွေ၊ အသံတွေ၊ လှုပ်ရှားမူတွေဟာ လျင်မြန်စွာလည်ပတ်နေတဲ့ ချားရဟတ်တစ်စင်းလိုပါပဲ။ ကျောက်စိမ်းဧကရာဇ်ဘုရားမှာရှိတဲ့ ရွှေပိန်းချဇာတ်ရုပ်တွေနဲ့ ရိုးရာနတ်ဘုရားတွေရဲ့ သစ်သားပန်းပု အနုစိတ်လက်ရာတွေကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
Vietjet နဲ့အတူ စီးနင်းလိုက်ပါလာတဲ့ ဟိုချီမင်းလေဆိပ်ကိုရောက်တာနဲ့ လက်ထပ်ပြီးခါစ မြန်မာခရီးသွားစုံတွဲ တွေအနေနဲ့ ဗီယက်နမ်ရဲ့ကျော်ကြားတဲ့ ရိုမန်တစ်စခရီးသွားနေရာတွေကို တိုက်ရိုက်ဆက်သွယ် သွားလာနိုင်ပါတယ်။

လေယာဉ်ခရီးစဉ်အချိန်တွေ သိချင်လို့ ဖြစ်စေ ဒါမှမဟုတ်လို့ အွန်လိုင်းမှာ လေယာဉ်လက်မှတ်မှာယူချင်လို့ပဲ ဖြစ်ဖြစ် www.vietjetair.com (စမတ်ဖုန်းများအတွက် https://m.vietjetair.com) တွင် သို့မဟုတ် www.facebook.com/vietjetmyanmar မှ (“Booking” tab ကို နှိပ်ရုံဖြင့်)ဝယ်ယူနိုင်သည်။ ငွေပေးချေမှုများ ကို Visa, MasterCard, JCB နှင့် American Express ကတ်များဖြင့် ပေးချေနိုင်သည်။

No comments:

Post a Comment