ဟနွိုင်း - ဘူဆန်ခရီးစဉ်သစ်ကို ၂၀၁၆ ဒီဇင်ဘာ ၁၆ ရက်တွင် ပထမဆုံး စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Vietjet က တောင်ကိုရီးယား၏ ဒုတိယအကြီိးဆုံးမြို့တွင် ယနေ့ကြေညာလိုက်သည်။ အဆိုပါ ခရီးစဉ်သစ်မိတ်ဆက်ခြင်းကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမေရိကန်ဒေါ်လာ သုည ဒေါ်လာ (စည်းကမ်းသတ်မှတ်ချက်များရှိ) မှစတင်သည့် ပရိုမိုးရှင်း လက်မှတ်စောင်ရေ နှစ်သိန်းကို ရောင်းချပေးသွားမည်ဖြစ်သည်။ အဆိုပါ ဈေးလျော့ရောင်းချမှုသည်www.vietjetair.com မှ “It’s time to Vietjet” အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီိး ၂၀၁၆ ခုနှစ် နိုဝင်ဘာ၁၆ရက်မှ ၁၈ရက်အတွင်း အွန်လိုင်းမှ ကြိုတင်ဘွတ်ကင်မှာယူခြင်းများအားလုံးအတွက် အကျုံးဝင်မည်ဖြစ်သည်။
ယခုပြေးဆွဲမည့် ဟနွိုင်း - ဘူဆန်ခရီးစဉ်သစ်ကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ နှင့် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲသွားမည်ဖြစ်ပြီး ကြာမြင့်ချိန်မှာ လေးနာရီခွဲ ဖြစ်သည်။ လေယာဉ်သည် ဟနွိုင်းမှ မနက် ၁ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ဘူဆန် ၏ ဒေသစံတော်ချိန် မနက် ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။ အပြန်ခရီးစဉ်မှာမူ Busan ၏ ဒေသစံတော်ချိန် မနက် ၈ နာရီတွင် စတင် ထွက်ခွာမည်ဖြစ်ပြီး ဟနွိုင်းသို့ မနက် ၁၁ နာရီ ၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။
No comments:
Post a Comment