ထိုင်းနိုင်ငံရှိ
Kasikorn ဘဏ်နှင့် ကမ္ဘောဇဘဏ်တို့၏ သဘောတူလက်မှတ်ရေးထိုးခြင်းအစီအစဉ်အရ ထိုင်းနိုင်ငံ
ရှိ မြန်မာလုပ်သားများ မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲနိုင်ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံမှ ငွေလွှဲ ပေးပို့သူများအနေဖြင့် Kasikorn ဘဏ်၏မိုဘိုင်း Application ကိုအသုံးပြု၍ လွှဲနိုင်ပြီး မိမိလွှဲလိုက်သော ငွေအားကြည့်ရှု့ စစ်စေနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ငွေလွှဲလက်ခံသူအနေဖြင့်လည်း ကမ္ဘောဇဘဏ်၏ Online Banking အား အသုံးပြုကာ စစ်ဆေးနိုင်မည် ဖြစ်ပါသည်။ ငွေလက်ခံရရှိသူသည် မိမိလက်ခံရရှိသည့် ငွေပမာဏကို ၎င်းတို့၏ ငွေစုအကောင့်ထဲတွင် စုဆောင်း၍ အတိုးငွေရရှိခံစားနိုင်မည် ဖြစ်ပါသည်။ ငွေလွှဲထုတ်ယူလိုပါကလည်း ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများတွင် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
ယင်းဝန်ဆောင်မှုသည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသောလူဦးရေ ၃ သန်းခန့်ရှိသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများ မိမိနေရပ်သို့ ငွေလွှဲပြောင်းပေးပို့ရန်အတွက် လွယ်ကူပြီး စိတ်ချယုံကြည်ရသည့် တရားဝင် ငွေလွှဲဝန်ဆောင်မှုဖြစ်ပါသည်။ ယခုဝန်ဆောင်မှုလုပ်ငန်းသည် ထိုင်းနိုင်ငံရှိ ငွေလွှဲ
ဝန်ဆောင်မှုလုပ်ငန်းများတွင် ယုံကြည်စိတ်ချရသည့် တရားဝင်ဝန်ဆောင်မှုဖြစ်ပြီး
မြန်မာ့စီးပွားရေးတိုးတက်မှုအတွ
က်လည်း ထောက်ပံ့ ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။
ကမ္ဘောဇဘဏ်၏ အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းဌာန
ငွေလဲနှုန်းမှာလည်း သင့်လျော်သည့် နှုန်းထားအတိုင်း သတ်မှတ်ထားမည်ဖြစ်သောကြောင့် အသုံးပြုသူများ ပိုမိုအဆင်ပြေမည် ဖြစ်ပါသည်။
ဤစနစ်ကို ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယား
No comments:
Post a Comment