Friday, January 27, 2017

MPT ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းရှိမရှိ မိုဘိုင်းလ်ဖုန်းများပေါ်မှ အလွယ်တကူ စစ်ဆေးနည်း

Share it Please


MPT သုံးစွဲသူများသည် က်ုတ်နံပါတ*601# သို့ခေါ်ဆိုခြင်းဖြင့် မိမိတို့၏ MPT ဆင်းမ်ကတ်များ မှတ်ပုံတင်ထားခြင်းရှိမရှိ လွယ်ကူလျင်မြန်စွာ စစ်ဆေးကြည့်ရှုနိုင်ပြီ ဖြစ်သည်။ 

အဆိုပါကုတ်နံပါတ်သို့ ခေါ်ဆိုပြီးနောက် သုံးစွဲသူ၏ဖုန်းမျက်နှာပြင်ပေါ်တွင် ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း ရှိမရှိ စာတန်းပေါ်လာမည်ဖြစ်ပါသည်။ ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်းမရှိပါက MPT ၀က်ဘ်ဆိုက်၏ Self-Care စာမျက်နှာသို့ တိုက်ရိုက်ဝင်ရောက်ကာ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့် လင့်ခ်တစ်ခုကို MPT မှ စာတိုဖြင့် ပေးပို့သွားမည် ဖြစ်ပါသည်။ 

ယခုအစီအစဉ်သည် မတ်လ ၃၁ ရက်နေ့မတိုင်မီ MPT သုံးစွဲသူများအားလုံး ဆင်းမ်ကတ်မှတ်ပုံတင် ပြီးစီးရေးအတွက် MPT-KSGM Joint Operations မှ ဆောင်ရွက်ပေးလျက်ရှိသော နည်းလမ်းများထဲမှ တစ်ခု ဖြစ်ပါသည်။ MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းဝန်ဆောင်မှုများကို ဆိုင်များ၊ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း အထူးပွဲတော်များ၊ စာတိုက်ရုံးများ၊ ဘဏ်များ၊ အိတ်ချိန်းရုံးများ အစရှိသည့်နေရာပေါင်း များစွာတို့တွင် အလွယ်တကူ ဆောင်ရွက်နိုင်ပြီဖြစ်ပြီး မကြာသေးမီကလည်း MPT၏ Self-Care အက်ပလီကေးရှင်း MPT4U ကို အသစ်မွမ်းမံကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ထပ်မံထည့်သွင်းထားပါသည်။ 

ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းမရှိသေးသူများကိုလည်း MPT မှ SMS များ ပေးပို့ကာ အကြောင်းကြား နှိုးဆော်သွားမည် ဖြစ်ပါသည်။ စာတိုလက်ခံရရှိခြင်းနှင့် USSD ကုတ် အသုံးပြုမှုများမှာ အခမဲ့ ဖြစ်ပါသည်။

MPTရုံးများ နှင့် MPT အမှတ်တံဆိပ်ဆိုင်များ တွင်မှတ်ပုံတင်ထားပါက (၁၀) ရက်ခန့်စောင့်ဆိုင်းပြီးမှ စစ်ဆေးနိုင်မည်ဖြစ်ပါသည်။ *601# သို့ခေါ်ဆိုမှုကို CDMA သုံးစွဲသူများမှအပ MPT သုံးစွဲသူများအားလုံး အသုံးပြုနိုင်မည် ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် USSD Menu နှင့် အသိပေးချက်များ၏ ဘာသာစကားကို ပြောင်းလဲလိုပါက *106# သို့ခေါ်ဆိုပြီး၊ ဘာသာစကားအတွက် နံပါတ် (၉)ကို ရွေးချယ်ပါ၊ ထို့နောက် English ဘာသာစကားအတွက် နံပါတ် (၁) သို့မဟုတ် Myanmar ဘာသာစကားအတွက် နံပါတ် (၂) ကို ရွေးချယ်ပေးရန် MPT မှ အကြံပြုလိုပါသည်။

ထို့ပြင် https://care.mpt.com.mm/ မှတစ်ဆင့်ဝင်ရောက်ကာ Self-Care စာမျက်နှာတွင် ဆင်းမ်ကတ်မှတ်ပုံ တင်သူများနှင့် MPT4U အပလီကေးရှင်း မှတစ်ဆင့် မှတ်ပုံတင်သူများအတွက် ဒေတာအပိုဆု 400MB ကို လည်း ပေးအပ်သွားမည် ဖြစ်ပါသည်။ 



No comments:

Post a Comment