Wednesday, March 8, 2017

၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးစမတ်ဖုန်း” အဖြစ် Samsung Galaxy S7 edge ရွေးချယ်ခံရ

Share it Please


နှစ်စဉ်ကျင်းပလေ့ရှိသော Mobile World Congress ၂၀၁၇ ၏Global Mobile Awards (Glomo Awards) ဖြစ်သည့် အကောင်းမွန်ဆုံးသော Handsets and Devices အမျိုးအစားတွင် “Best Smartphone 2016” အဖြစ် Galaxy S7 edge ရွေးချယ်ဆုချီးမြှင့်ခံရကြောင်း Samsung Electronics မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

မိုဘိုင်းတီထွင်ဖန်တီးထုတ်လုပ်မှုတွင် ကမ္ဘာထိပ်တန်းဦးဆောင်သူအဖြစ်ရပ်တည်လျက်ရှိသော Samsung သည် ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးသော hardware၊ software နှင့် ဝန်ဆောင်မှုများအား အကောင်းမွန်ဆုံးဖြစ်စေရန် အမြဲတစေ စဉ်ဆက်မပြတ် ပြန်လည်ဖန်တီးဆန်းသစ် လုပ်ဆောင်လျက်ရှိသည်။ Galaxy S7 edge အား ပြန်လည်ဆန်းသစ်ထားသောဒီဇိုင်း၊ အရည်အသွေးမြင့် ကင်မရာ နှင့် အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်များဖြင့် ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

“Galaxy S7 edge ကို ၂၀၁၇ Glomo Awards မှာ “Best Smartphone 2016” အဖြစ် GSMA က အသိအမှတ်ပြုတဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပြီးတော့ ကျွန်တော်တို့ရဲ့ ဒီဇိုင်းပိုင်း နဲ့ တီထွင်ဆန်းသစ်မှုပိုင်း အနုစိပ်လက်မှုပညာမှာထားရှိတဲ့ ကတိကဝတ်ကို ပိုမိုတိုးတက်လာစေဖို့လည်း တွန်းအားထောက်ခံမှုဖြစ်လာပါတယ်။” ဟု Samsung Electronics ၏ Global Product Strategy, Mobile Communications Business မှ Vice President ဖြစ်သူ Junho Park မှပြောကြာဲး့သည်။ “ပြောင်းလဲဆန်းသစ်လာတဲ့မိုဘိုင်းနည်းပညာကတစ်ဆင့် သုံးစွဲသူတွေရဲ့မျှော်မှန်းချက်တွေကို ကျော်လွန်ပြီး စဉ်ဆက်မပြတ် ဖန်တီးခဲ့တဲ့အတွက် ဒီဆုဟာဆိုရင် ကျွန်တော်တို့ရဲ့ မပြောင်းလဲတဲ့ အကောင်းဆုံးကြိုးစားမှုတွေရဲ့ သက်သေပဲဖြစ်ပါတယ်” ဟု Junho Park မှဖြည့်စွက်ပြောကြားခဲ့သည်။

 “ဒီအပတ် Mobile World Congress မှာ GSMA ရဲ့ Glomo Awards ရရှိသူတွေနဲ့ Awards အတွက်အဆိုတင်သွင်းခံရသူတွေအားလုံးကို ကျွန်တော်တို့ ဂုဏ်ပြုလိုပါတယ်” ဟု GSMA ၏ Chief Marketing Officer Michael O’Hara မှ ပြောကြားခဲ့သည်။ “ ဒီ Glomo Awards ဟာဆိုရင် အလျင်အမြန်ပြောင်းလဲနေတဲ့ မိုဘိုင်းလောကမှာ ဆန်းသစ်တီထွင်မှုတွေရဲ့ မောင်းနှင်အားတွေ ဖြစ်တဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေကို အမှန်တကယ် ဖော်ထုတ်ပြသပေးတဲ့ ဆုတစ်ခုဖြစ်ပါတယ်။ ယခုပွဲကို တက်ရောက်ကြတဲ့ ဧည့်သည်တော်များ၊ အကဲဖြတ် ဒိုင်လူကြီးများ၊ ကူညီပံ့ပိုးကြသူများနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်။” ဟု Michael O’Hara မှ ဖြည့်စွက်ပြောကြားခဲ့သည်။


No comments:

Post a Comment