Monday, June 13, 2016

ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

Share it Please
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်သည့် တူရကီနိုင်ငံခြားရေးဝန်ကြီးမစ္စတာ မာလက်ကာဘူတိုဂလူး ဦးဆောင်သောအဖွဲ့အား ဇွန်လ ၁၃ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခဲ့သည်။
တူရကီနိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်ရည်ရွယ်ကာ ပူးပေါင်းဆောင်ရွက်ရန် ရှိသည့်ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
တူရကီနိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံပြီးချိန်တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဆက်လက်တွေ့ဆုံသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် တူရကီနိုင်ငံတို့၏ သံတမန်ဆက်သွယ်မှုအား ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ထားသည်။
ဓာတ်ပုံ-ပိုင်စိုးသူ
Ref: 7Day Daily

No comments:

Post a Comment