Tuesday, June 14, 2016

ကမ္ဘာမှာ နေရာယူလာတဲ့ အာရှအမျိုးသမီးများ

Share it Please
အမေရိကန်၏ သြဇာအာဏာအကြီးဆုံး မဂ္ဂဇင်းဖြစ်သည့် Forbes Magazine မှ ပြုလုပ်သည့် ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ဦးဆောင် အမျိုးသမီး ၁၀၀ စာရင်း ထွက်ပေါ်လာပြီဖြစ်သည်။ ယင်းစာရင်းထဲတွင် Angela Merkel ၊ Hilary Clinton၊ Vietjet မှ CEO ဖြစ်သူ Nguyen Thi Phuong Thao  နှင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ကြသည်။



ကမ္ဘာပေါ်ရှိ အောင်မြင်သောအမျိုးသမီးများအား ငွေကြေးအရသော်လည်းကောင်း၊ စာနယ်ဇင်းများ၏ ဖော်ပြခြင်းခံရမှုပေါ်တွင် မူတည်၍ လည်းကောင်း၊ လွှမ်းမိုးမှု နှင့် သက်ရောက်မှုရှိခြင်းပေါ် မူတည်၍လည်းကောင်း စေ့စပ်သေချာစွာ လေ့လာမှုပြုပြီးနောက်တွင် အမေရိကန် အခြေစိုက် Forbes Magazine မှ ကမ္ဘာ့စွမ်းအားအမြင့်ဆုံး အမျိုးသမီး ၁၀၀ စာရင်းကို နိုင်ငံရေး၊ စီးပွားရေး၊ ပရဟိတ၊ ဘီလျံနာ၊ မီဒီယာနှင့် ငွေကြေး ကဏ္ဍများခွဲခြား၍ ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။



Vietjet CEO ဖြစ်သူ Nguyen Thi Phuong Thao သည် ၁ ဘီလျံဒေါ်လာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသည့် Furama Resort Danang, Ana Mandara, An Lam Ninh Van Bay, နှင့် ဟိုချီမင်းရှိ Phu Long Residence Area တို့အပါအဝင် ဗီယက်နမ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ အပန်းဖြေဥယျာဉ်များနှင့် ဟိုတယ်များကို ပိုင်ဆိုင်သူဖြစ်ပြီး သူမ၏ ဦးဆောင်မှုအောက်တွင် Vietjet သည် ဒေသတွင်း လေကြောင်းလိုင်းကဏ္ဍတွင် အကြီးမားဆုံး ဈေးကွက် ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး လုပ်ငန်းလုပ်ဆောင်မှု ၅ နှစ်တာအတွင်း နိုင်ငံတကာအဆက်အသွယ်များလည်း တိုးတက် လာခဲ့သည်။ လေကြောင်းလိုင်းနှင့် သူမ၏ အောင်မြင်မှုများသည် ရေရှည်တိုးတက် ဖွံ့ဖြိုးစေရန်အတွက် တိကျသေချာစွာ ပြင်ဆင်ထားသော ရင်းနှီး မြှုပ်နှံမှုအစီအစဉ်များကြောင့်လည်း ဖြစ်သည်။ Vietjet လုပ်ငန်း စတင်လိုက်ခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ လေကြောင်းလိုင်းကဏ္ဍကို ပြောင်းလဲတိုးတက်စေခဲ့သည်။ ယခုအခါ တွင် လေကြောင်းဖြင့်ခရီးသွားရန် ယခင်က အိပ်မက်သာမက်ခဲ့ဖူးသူတို့သည် ခေတ်မီ လေယာဉ်အသစ်ကြီးများဖြင့် လေကြောင်းခရီးကို လွယ်ကူစွာ သွားလာနိုင်ပြီဖြစ်သည်။

Vietjet သည် သက်သာသည့်နှုန်းထားများ၊ ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် ခရီးသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည့် ခေတ်သစ်လေယာဉ်ပျံသန်းမှုအယူအဆများဖြင့် ပြေးဆွဲလျက်ရှိသောဗီယက်နမ်နိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်သည်။ Vietjet သည် ခရီးသွားများအတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများသာမကဘဲ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုလည်းနောက်ဆုံးပေါ် e-commerce နည်းပညာများအသုံးပြု ၍ ဝန်ဆောင်ပေးလျှက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ၃နှစ်ကြာ လုပ်ငန်းလုပ်ကိုင်ပြီးနောက် Vietjet သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်းမှ အသိအမှတ်ပြုလက်မှတ်ကို မကြာသေးခင်ကရရှိခဲ့သည်။ Vietjet သည် ခရီးသွားများ၊ ခရီးသွားအေဂျင်စီများနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများမှ ရွေးချယ်သော TTG Travel Award 2015 ၏ “Best Asian Low Cost Carrier” ဆုကိုရရှိခဲ့သည်။ လှုမှုကွန်ယက်စီမံခန့်ခွဲရေးနှင့် လှုမှုကွန်ယက်ပေါ်ရှိအမှတ်တံဆိပ်များ၏ အချက်အလက်များကို လေ့လာဆန်းစစ်လျက်ရှိသည့် Socialbakers ကုမ္ပဏီက Vietjet အား ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်း သုံးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်အတွင်း ဗီယက်နမ်၏ လူကြိုက်အများဆုံး လေကြောင်းလိုင်းဆုကိုလည်း ရရှိထားပြီ ဖြစ်သည်။

No comments:

Post a Comment