Monday, June 20, 2016

မြန်မာအပါအ၀င် အာဆီယံငါးနိုင်ငံကို ဗီဇာတစ်ခုတည်းဖြင့်သွားလာနိုင်ရေး စီစဉ်

Share it Please

ကမ္ဘာလှည့်ခရီးသည်များအတွက် အာဆီယံငါးနိုင်ငံတွင် ဗီဇာတစ်ခုတည်းဖြင့် သွားလာနိုင်ရန် စီစဉ်လျှက်ရှိသည်။ (ဓာတ်ပုံ - စိုင်းဇော်) အာဆီယံငါးနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား- လာအို- မြန်မာ - ဗီယက်နမ် - ထိုင်းနိုင်ငံတို့ကြား ကမ္ဘာလှည့်ခရီးသွားများဗီဇာတစ်ခုတည်းဖြင့် သွားလာနိုင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။ ကမ္ဘာလှည့်ခရီးသွားများ သည် အာဆီယံငါးနိုင်ငံအနက် တစ်နိုင်ငံတွင် ဗီဇာရယူခဲ့ပြီး အခြားနိုင်ငံများသို့ ဝင်ရောက်မည်ဆိုပါက ဗီဇာထပ်မံလျှောက်ထား ရန် မလိုဘဲ အဆိုပါဗီဇာဖြင့် သွား ရောက်လည်ပတ်နိုင်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့် သွင်က ပြောသည်။ ‘‘အခုက အစည်းအဝေးမှာ တင်ပြနေကြတာပဲ ရှိပါသေး တယ်။ လုပ်ငန်းစဉ်အဆင်ပြေဖို့ က အချိန်ယူရဦးမယ်။ နိုင်ငံတွေရဲ့တရားဥပဒေစိုးမိုးမှုအပေါ် မူတည်နေသေးတယ်’’ဟု ဦးတင့်သွင်က ပြောသည်။ ဗီဇာတစ်ခုတည်းဖြင့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက် နမ်နှင့် မြန်မာနိုင်ငံတို့သို့ သွား လာလည်ပတ်နိုင်ရန် ဇွန်လ ၁၇ ရက်တွင် ကျင်းပခဲ့သည့် CLMVT-2016 ဖိုရမ်၌ တင်ပြဆွေးနွေးခဲ့ ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ သည် အာဆီယံနိုင်ငံများအနက် မလေးရှားနိုင်ငံမှအပ ဗီဇာကင်း လွတ်ခွင့်ရရှိထားကာ စင်ကာပူနိုင်ငံ၌ လာမည့် ဒီဇင်ဘာမှ စတင်၍ ဗီဇာကင်းလွတ်ခွင့်ရမည်ဖြစ် သည်။

 ဗီဇာကင်းလွတ်ခွင့်ဆိုသည် မှာ နှစ်နိုင်ငံကြား သာမန်နိုင်ငံ ကူးလက်မှတ်ရှိရုံဖြင့် အပြန်အလှန် လည်ပတ်နိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ကြား ဗီဇာကင်းလွတ်ခွင့်ကို ၁၄ ရက်ခွင့်ပြုထားပြီး လေဆိပ်အ ဝင်အထွက်များသာ ဖြစ်ကာ နှစ်နိုင်ငံ နယ်စပ်များ ပါဝင်ခြင်းမရှိ သေးဘဲ နယ်စပ်ဖြတ်ကျော်မှုများ တွင် အခက်အခဲများရှိနေဆဲ ဖြစ် သည်။ အဆိုပါ ဗီဇာစနစ်သည် တတိယနိုင်ငံမှ ကမ္ဘာလှည့်ခရီး သွားများ နိုင်ငံငါးခုခရီးစဉ်တစ်ခု တည်းသွားနိုင်ရန် ရည်ရွယ်ပြီး အာဆီယံနိုင်ငံများကြား တရားဥပဒေ စိုးမိုးရေးအပေါ် မူတည်၍ နယ်စပ် ဖြတ်ကျော်မှု အဆင်၊ မပြေသည် ကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

No comments:

Post a Comment