Friday, June 10, 2016

ILO မှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပေါ်ပေါက်လာရေး Myanmar Start-Up Campaign အစီအစဉ်ကျင်းပမည်

Share it Please
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO မှဦးဆောင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပေါ်ပေါက်လာစေရေးအတွက် Myanmar Start-Up Campaign အစီအစဉ်အား ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို ILO မှ ဦးဆောင်ပြီး မန္တလေးတိုင်းဒေသကြီးရှိ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များဖြစ်သော AAT Business Park နှင့် Great Diamond ရတနာဆိုင်တို့၏ ပံ့ပိုးပေးမှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။ ဆုများအဖြစ် စီးပွားရေးဆိုင်ရာသင်တန်းများ အပါအဝင် ငွေကျပ် သိန်း၅၀၊ သိန်း၃၀ နှင့် သိန်း၂၀ တန်ဖိုးရှိ ဆုများကို ရယူ၍ အောင်မြင်သောစီးပွားရေးလုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ရန် ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။
ရွေးချယ်ခံရသူများမှာ ပြည်တွင်းစီးပွားရေးပညာရှင်များနှင့် သင်တန်းဆရာများထံမှ လုပ်ငန်းအောင်မြင်မည့် အကြံဥာဏ်များ ရရှိမည်ဖြစ်သည်။
အဆိုပါအစီအစဉ်ကို စိတ်ဝင်စားသူများအနေဖြင့် ဇူလိုင် ၁ရက်မတိုင်မီ အောက်ဖော်ပြပါနေရာများ ရယူ၍ ပြန်လည်လျှောက်ထားနိုင်ပါသည်။

AAT Business Center: လမ်း (၈၀)၊ ၃၈လမ်းနှင့် ၃၉လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
Great Diamond GEMS & JEWEKKERY : လမ်း (၈၀)၊ ၃၂လမ်းနှင့် ၃၃လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
UAB ဘဏ်ခွဲအားလုံး
Home Aid Electric Center: ၈၄ လမ်း၊ ၃၁လမ်းနှင့် ၃၂လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဇီဝကဆေးဆိုင် : လမ်း (၃၀)၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
အေဒင်စတိုး : ၆၂လမ်းနှင့် မနော်ဟရီလမ်းထောင့်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။ တို့တွင် ရယူနိုင်သည်။

No comments:

Post a Comment