Monday, June 13, 2016

Telenor က လူငယ်ဖိုရမ်အတွက် လျှောက်လွှာများစတင်ခေါ်ယူ

Share it Please
 နှစ်စဉ်ကျင်းပမြဲဖြစ်သော Telenor ၏ လူငယ်ဖိုရမ်အတွက် မြန်မာနိုင်ငံသားများကို လျှောက်လွှာခေါ်ယူနေကြောင်းသိရသည်။

လူငယ်ဖိုရမ်သည်၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်အတွင်း စတင်ကျင်းပမည်ဖြစ်ပြီး အဆိုပါ ဖိုရမ်ကျင်းပချိန်သည် နိုဗယ်ငြိမ်းချမ်းရေးဆုများ ချီးမြှင့်သည့်အချိန်နှင့်လည်း တိုက်ဆိုင်မှုရှိသည်။ လျှောက်လွှာများကို ဇူလိုင်လ ၁၄ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး ကန့်သတ်ချက်အနေဖြင့် အသက် ၂၀ မှ ၂၈ နှစ် အတွင်းဖြစ်ရမည်ဟု သိရသည်။

နော်ဝေနိုင်ငံတွင် ကျင်းပမည့် လူငယ်ဖိုရမ်သို့ တက်ရောက်ခွင့်ရရှိရန် လျှောက်ထားသူသည် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး ၊လူမှုရေး ပြောင်းလဲမှုများအတွက် စိတ်အားထက်သန်သူများမည် ဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ဖူးသူလည်း ဖြစ်ရမည်ဟု Telenor က ကြေညာထားသည်။ Telenor သည် ၎င်း၏ ကွန်ရက်တည်ရှိရာ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ လူငယ်များကို နှစ်စဉ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Ref: Internet Journal

No comments:

Post a Comment