Saturday, June 25, 2016

The Lake Suites မှ အထူးနှုန်းထားနှင့် တစ်မူထူးခြားသော ကံစမ်းမဲအစီအစဉ်များဖြင့် တတိယတာဝါအား မိတ်ဆက်

Share it Please
Hoang Anh Gia Lai (HAGL) Myanmar ၏ အဆင့်မြင့် လူနေတိုက်ခန်းများရှိသည့် The Lake Suites မှ ၎င်း၏ တတိယမြောက်တာဝါကို မိတ်ဆက်လိုက်ပါသည်။ ငှားရမ်းသူများ ပိုမိုစိတ်ဝင်စားမှုရှိစေရန် ကုမ္ပဏီမှ ကံစမ်းမဲအစီအစဉ်များနှင့် အလွန်သင့်တင့်သော ငွေပေးချေမှုစနစ်တို့ဖြင့် ငှားရမ်းပေးရန် စီစဉ်ထားပါသည်။

ငှားရမ်းနေထိုင်သူများ၊ ရင်းနှီးမြှပ်နှံသူများနှင့် မိသားစုများ၏ အဆင့်မြင့်လူနေတိုက်ခန်းများအပေါ် ပိုမိုယုံကြည်စိတ်ချပြီး လိုလားမှုနှုန်းမြင့်တက်လာစေရန် လှုံ့ဆော်ပေးခဲ့သည့် The Lake Suites ၏ ပထမတာဝါနှစ်ခု ငှားရမ်းမှုနှုန်း ရလဒ်ကောင်းအရ တတိယတာဝါကို မိတ်ဆက်လိုက်ပါသည်။


The Lake Suites မှ ငှားရမ်းနေထိုင်သူများအား ပြန်လည်၍ ကျေးဇူးတုံ့ပြန်သောအားဖြင့် ကျေနပ်ဖွယ်ရာ တုံ့ပြန်မှုများကို ပေးအပ်လိုသည့်အလျောက် ၎င်းမှ ဒေါ်လာ ၅၀,၀၀၀ တန်ဖိုးရှိသည့် ရွှေသားဆုမဲ၊ ဒေါ်လာ ၂၅,၀၀၀ တန်ဖိုးရှိသည့် ကားဆုမဲနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ကဲ့သို့သော ထူးခြားဆန်းသစ်သည့်  ကံစမ်းမဲဆုမဲများကို ပေးအပ်သွားမည် ဖြစ်ပါသည်။

အသစ်အသစ်သော ငွေပေးချေမှုစနစ်အစီအစဉ်မှ ငှားရမ်းသူများ စိတ်ကျေနပ်မှုရှိစေမည့် အရစ်ကျငွေချေမှုစနစ်တစ်ခုကို ပေးအပ်ပါသွားမည်ဖြစ်ပါသည်။ တစ်နှစ်အတွင်း ၉၀ ရာခိုင်နှုန်းငွေပေးချေသည့် ငှားရမ်းသူများအနေဖြင့် လျှော့ဈေး ၆ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။ နှစ်လအတွင်း ၉၀ ရာခိုင်နှုန်းငွေပေးချေသည့် ငှားရမ်းသူများအနေဖြင့် လျှော့ဈေး ၁၂ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပါသည်။ ၂၀၁၆ ဇွန်လ (၁)ရက်နေ့မှစ၍ ၂၀၁၆ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ အထူးနှုန်းထားဖြင့် ငှားရမ်ပေးနေပါသည်။

“ကျွန်တော်တို့အနေနဲ့ The Lake Suites ရဲ့ နောက်ထပ်တာဝါတစ်ခုကို မိတ်ဆက်ပေးရန်အတွက် ယုံကြည်စိတ်ချရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာပါပြီ။ ယခုလိုအခြေအနေမျိုးမှာ ကျွန်တော်တို့လူနေတိုက်ခန်းတွေရဲ့အဆင့်အတန်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ကြေငြာအစီအစဉ်တို့ ပေါင်းစပ်ထားမှုကြောင့် ငှားရမ်းသူများ စိတ်ဝင်စားမှုများ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု HAGL Myanmar မှ Managing Director ဖြစ်သူ Mr. Cao Duy Thinh မှ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွက် ၎င်းရဲ့ အမြင်ကို ပြောကြားခဲ့ပါသည်။

တတိယတာဝါ မိတ်ဆက်ပွဲကို HAGL Myanmar ၏ အရောင်းဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အထူးအစီအစဉ်နှင့် အသေးစိတ်အချက်အလက်များကို ဇွန်လ ၂၀ ရက်မှ ၃၀ ရက်နေ့အထိ Myanmar Plaza ၌ လေ့လာနိုင်ပါသည်။

The Lake Suites ၏ တတိယတာဝါ မိတ်ဆက်ခြင်းသည် ယခုနှစ်အတွင်း ၎င်း၏ စီမံကိန်းဒုတိယအဆင့် မိတ်ဆက်စဉ်ကကဲ့သို့ HAGL Myanmar ၏ အကြီးမားဆုံး ကြေညာချက်ပင် ဖြစ်သည်။ ဤစီမံကိန်းဒုတိယအဆင့်တွင် နောက်ထပ်ဈေးဝယ်စင်တာ တစ်ခုလည်းပါရှိပြီး၊ ရုပ်ရှင်ကြိုက်နှစ်သက်သူများအတွက် ရုပ်ရှင်ရုံတစ်ခု၊ ဖျော်ဖြေရေးနှင့် အခမ်းအနားပွဲများကို တင်ဆက်နိုင်သည့် နေရာများလည်း ပါဝင်ပါသည်။

Mr. Cao Duy Thinh မှ “The Lake Suites ရဲ့ယူနစ်များမှာ သင့်တင့်သော နှုန်းထားနဲ့ အကောင်းဆုံး အရည်အသွေးကို ရရှိနိုင်တဲ့အတွက် ရန်ကုန်ရှိ ဒီလူနေတိုက်ခန်းများကို ငှားရမ်းရင်းနှီးမြှုပ်နှံထားသည့် မည်သူတစ်ဦးတစ်ယောက်မဆို ပိုင်ဆိုင်မှုနှုန်းမြှင့်တက်နဲ့ပတ်သက်ပြီး စိတ်ပူပင်ရန်မလိုတော့ပါ” ဟု ယခင်နှစ် The Lake Suites မိတ်ဆက်စဉ်က ပြောကြားခဲ့ပါသည်။

No comments:

Post a Comment