Tuesday, June 21, 2016

မိုးရာသီမှ ခေတ္တ ရှောင်ရှားနိုင်မည့် စိတ်လှုပ်ရှားစရာ ဟိုချီမင်းစီးတီး ခရီးစဉ်များအတွက် Vietjet က လက်မှတ်အစောင် တစ်သိန်း ကို အနည်းဆုံး သုညကျပ်မှ စတင်၍ ဈေးနှုန်းပြင်ဆင် သတ်မှတ်

Share it Please
Vietjet သည် 3D နွေရာသီ အထူးအစီအစဉ် နွေရာသီ အထူးအစီအစဉ် ကို စတင်သည့် အနေနှင့် ဇွန်လ ၂၁ရက်မှ ၂၃ရက်အထိ ၃ရက်တာ အတွင်းတွင် လေယာဉ်လက်မှတ် ၁သိန်းကျော် သတ်မှတ်ထားသည့် ဈေးနှုန်းကို “၀”ကျပ်မှ စတင်၍ ရောင်းချပေးမည်ဖြစ်သည်။ အဆိုပါ အထူးအစီအစဉ်တွင် ရန်ကုန် - ဟိုချီမင်း ခရီးစဉ်အပါအဝင် နိုင်ငံတကာ ခရီးစဉ်များစွာ ပါဝင်သည့်အတွက် မြန်မာနိုင်ငံ၏ မိုးရာသီရှောင်လိုသူများအနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ခရီးသွားများသည် အဆိုပါ ပရိုမိုးရှင်း လက်မှတ်များဖြင့် ရန်ကုန်မှ သောကြာနေ့ နေ့လယ် ၁နာရီတွင် ထွက်ခွါပြီး တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် သက်တောင့် သက်သာ ပြန်လည်ရောက် ရှိမည်ဖြစ်သည်။ အဆိုပါ ပရိုမိုးရှင်း လက်မှတ်များကို ဇွန်လအတွင်း အထက်ဖေါ်ပြပါ နေ့ရက်များတွင် ကြိုတင် စာရင်းသွင်း ၀ယ်ယူထားသူများမှာ ၂၀၁၆ခုနှစ် သြဂုတ်လ ၁၀ရက်မှ ဒီဇင်ဘာ ၃၁ရက် (ပိတ်ရက်ရှည်များမပါ) အထိ အာရှနိုင်ငံများသို့ သွားရောက် လည်ပတ်နိုင်သည်။ ယခုဈေးနှုန်းနှင့် ခရီးစဉ် အချိန်သည် ပိတ်ရက်များတွင် ဟိုချီမင်းမြို့တော်တွင် သွားရောက်လည်ပတ် အပန်းဖြေလိုသည့် ခရီးသွားများ အတွက် အဆင်ပြေစေမည့် အစီအစဉ်လည်းဖြစ်သည်။



ဗီယက်နမ်၏ နာမည်ကျော် အစားအစာများ အရသာကို ခံစားရင်း ဈေးနှုန်း သက်သာပြီး အရည်အသွေးမှီ ဒေသခံ လူသုံးကုန် ပစ္စည်းများကို ၀ယ်ယူရင်း ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ များကို လေ့လာချင်သည့် မြန်မာခရီးသွားများ အတွက် ဟိုချီမင်းမြို့တော်သည်အသင့်တော်ဆုံ့း  နေရာ တစ်ခု လည်းဖြစ်သည်။ နှစ်ရက်တာ လည်ပတ် နိုင်မည့်ခရီးစဉ် အတွင်း မြို့တော် အလှအပကို လွယ်လွယ်ကူကူ ခံစားနိုင်ရန် ခရီးသွားများ မဖြစ်မနေ သွားရောက် လည်ပတ် သင့်သည့် အထင်ကရ နေရာ ၅နေရာ ကိုလည်း Vietjet မှ မိတ်ဆက်ပေး လိုက်သည်။ ယင်းနေရာများမှာ ကမ်းခြေများ၊ စိတ်လှုပ်ရှားစရာ အတွေ့အကြုံများကို ရှာဖွေနေသည့် မြန်မာလူငယ်များအတွက် Cu Chi ဒေသရှိ ၇၅ မိုင် (၁၂၁ ကီလို) ရှည်လျားပြီး ဝင်္ကဘာသဖွယ်ဖြစ်နေသည့် ဥမင်လိုဏ်ခေါင်းများ၊ ရိုးရာဆေးပညာ၏ အကိျုးကျေးဇူးကို လေ့လာလိုသူများအတွက် သမိုင်းဝင် FITO ပြတိုက်၊ ခေတ်မီ စက်ပစ္စည်းတွေနှင့် အနောက်တိုင်း ပုံစံပြင်ဆင်မွမ်းမံထားသော Dam Sen Water Park ၊ လမ်းဘေးစာများ စသည်တို့ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသားများအနေဖြင့် ၁၄ ရက်တာဗီဇာမလိုပဲ ဗီယက်နမ်နိုင်ငံသို့သွားရောက်လည်ပတ်နိုင်မည် ဖြစ်သည်။

No comments:

Post a Comment