Sunday, June 26, 2016

Vietjet မှ အသစ်တိုးချဲ့လိုက်သည့် ရန်ကုန်-ဟိုချီမင်း-ထိုင်နန် ခရီးစဉ်

Share it Please
ဗီယက်နမ်နိုင်ငံ၏ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Vietjet သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမှတဆင့် ထိုင်ဝမ်ရှိ ထိုင်နန်သို့ သွားရောက်လိုသော ရန်ကုန်ခရီးသွား များအတွက် နိုင်ငံတကာခရီးစဉ်အသစ်တစ်ခုကို တိုးချဲ့လိုက်ပြီဖြစ်သည်။



ဟိုချီမင်း-ထိုင်နန်ခရီးစဉ်သည် ဟိုချီမင်းနှင့် ထိုင်ဝမ်နိုင်ငံကြား ဒုတိယတိုးချဲ့လိုက်သည့် စီးပွားရေးနှင့် ခရီးသွား လုပ်ငန်းဖြစ်သည်။ အစမ်းပျံသန်းသည့် လေယာဉ်တွင် စီးနင်းလိုက်ပါလာသော ခရီးသွားများသည် ထိုင်ဝမ်ရိုးရာ အကများနှင့် စိတ်ဝင်စားဖွယ်ရာ လက်ဆောင်များကို လေယာဉ်ပေါ်တွင်ရရှိခံစားခဲ့ကြသည်။ ယင်းခရီးစဉ်သစ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် စနေနေ့တိုင်းတွင် ပျံသန်းမည်ဖြစ်ပြီး ပျံသန်းချိန် ၃ နာရီနှင့် ၁၅ မိနစ် ကြာမြင့်သည်။ ဟိုချီမင်းမှ (ဗီယက်နမ်စံတော်ချိန်) ၁၀း၄၅ နာရီတွင် ထွက်ခွာသော လေယာဉ်သည် ထိုင်နန်မြို့သို့ (ထိုင်ဝမ်စံတော်ချိန်) ၁၅း၀၀ နာရီတွင် ဆိုက်ရောက်သည်။ အပြန်လေယာဉ်သည် ထိုင်နန်မြို့မှ (ထိုင်ဝမ်စံတော်ချိန်) ၁၆း၀၀ နာရီတွင် ထွက်ခွာပြီး ဟိုချီမင်းသို့ (ဗီယက်နမ်စံတော်ချိန်) ၁၈း၁၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။

No comments:

Post a Comment