Thursday, August 11, 2016

ပြည်ပခရီးသွားလုပ်ငန်းလိုင်စင်အကြောင်း အင်တာဗျူး

Share it Please
Vietjet ၏ ဒုတိယဥက္ကဌဖြစ်သူ Mdm Thuy Binh နှင့်
 မြန်မာပြည် ပြည်ပခရီးသွားလုပ်ငန်းလိုင်စင်များ
ထပ်မံထုတ်ပေးခြင်းအကြောင်း မေးမြန်းခြင်း

1)   မြန်မာအစိုးရက ရက်ပိုင်းအတွင်းတုန်းက မြန်မာခရီးသွားလုပ်ငန်းကုမ္ပဏီတွေအတွက် ပြည်ပခရီးသွားလုပ်ငန်း လိုင်စင်တွေ ထပ်ပြီးခွင့်ပြုမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ပါသလဲ။
·         မြန်မာအစိုးရအနေနဲ့ ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် ၂၅၀ ထပ်ပြီးထုတ်ပေးလိုက်ပြီ ဆိုတော့ မြန်မာလူမျိုးတွေရော နိုင်ငံရဲ့ခရီးသွားကဏ္ဍအတွက်ပါ ကောင်းတဲ့အလားအလာ တစ်ခုအဖြစ် ယူဆ ပါတယ်။ ခရီးသွားလုပ်ငန်းအေဂျင်စီတွေကို လုပ်ငန်းလိုင်စင် ၂၅၀ ထပ်တိုးထုတ်ပေးလိုက်ပြီဆိုတော့ မြန်မာ ခရီးသွားတွေအနေနဲ့ ပြည်ပခရီးဝန်ဆောင်မှုတွေကို ပိုပြီးရရှိလာတော့မှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှု ဆိုရာမှာ ဈေးသက်သက်သာသာ လွယ်ကူစွာနဲ့ လေယာဉ်လက်မှတ်တွေဝယ်ယူနိုင်တာလည်း ပါပါတယ်။ ဒီလိုထုတ်ပေး ခြင်းက နိုင်ငံရဲ့ ခရီးသွားကဏ္ဍ တိုးတက်မှုကို အထောက်အကူပေးနိုင်မှာဖြစ်ပြီး အထူးသဖြင့် လေကြောင်း ခရီးသွားကဏ္ဍကို တိုးတက်စေမှာပါ။
·         အားလုံးလည်းသိတဲ့အတိုင်း ဗီယက်နမ်နဲ့ မြန်မာဟာ စီးပွားရေးအရရော ယဉ်ကျေးမှုအရပါ တူညီတဲ့အရာတွေ အများကြီးရှိပါတယ်။ ဗီယက်နမ်ကို လာရောက်လည်ပတ်တဲ့ မြန်မာခရီးသွားတွေ ပိုပိုများလာသလိုပဲ မြန်မာကို လည်ပတ်ကြတဲ့ ဗီယက်နမ်ခရီးသွားတွေလည်း များပြားလာပါတယ်။ ၂ နိုင်ငံအကြား ခရီးသွားလာသူ များပြားလာတာနဲ့အမျှ ဒီဈေးကွက်မှာ တိုးတက်မှုတွေရှိလာမယ်ဆိုတာ အခိုင်အမာယုံကြည်ထားပါတယ်။
·         ဒီနေ့ခေတ်ရဲ့ လေကြောင်းလိုင်းတစ်ခုအနေနဲ့ ဒီလိုမျိုး လိုင်စင်တွေထပ်မံထုတ်ပေးတာကို တကယ်ကို ကြိုဆို ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ တန်ဖိုးထားရတဲ့ ခရီးသည်တွေကို ပိုမိုဝန်ဆောင်မှုပေးနိုင်တော့မှာ ကြောင့် ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာရှိတဲ့ ကျွန်မတို့ရဲ့ ကျယ်ပြန့်တဲ့ချိတ်ဆက်မှုတွေကြောင့် ခရီးသွားဧည့်သည် တွေလိုအပ်တဲ့ အချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
2)   ခရီးသွားအေဂျင်စီတွေ ဒီ ပြည်ပခရီးသွားလုပ်ငန်းလိုင်စင်တွေ ရတဲ့အတွက် မြန်မာခရီးသည်တွေမှာ ဘယ်လိုအကျိုးကျေးဇူးရှိလာမယ်လို့ ထင်ပါသလဲ။
·         သေချာတာတစ်ခုကတော့ ဒီလိုလုပ်ငန်းလိုင်စင်ရှိတဲ့ အေဂျင်စီတွေပိုများလာတာဟာ ခရီးသွားမယ့်သူတွေ အတွက် ခရီးစီစဉ်ရတဲ့အခါ အချိန်ကုန်သက်သာပြီး ဈေးလည်းပိုသက်သာမယ် ဆိုတာပါပဲ။ ဗီယက်နမ်လိုနေရာမျိုးကို လည်ပတ်မယ်ဆိုရင် မြို့တော်ဟိုချီမင်းကနေပြီးတော့ တခြားဗီယက်နမ်ရဲ့မြို့တွေကို လည်း ချိတ်ဆက်လည်ပတ်နိုင်မယ့်အပြင် ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းတို့ဆီကိုလည်း ထပ်ပြီး ချိတ်ဆက်လည်ပတ်နိုင်ပါသေးတယ်။ ပြည်ပခရီးစဉ်ကို ပထမဆုံးသွားမယ့် ခရီးသွားတွေအတွက် ဒီလိုမျိုး နေရာအနှံ့အပြားလည်ပတ်မယ့် ခရီးစဉ်တွေဆိုရင် အေဂျင်စီတွေကတဆင့် သွားလာတာဟာ ပိုပြီး အဆင်ပြေလွယ်ကူစေမှာပါ။
3)   ဒီလိုင်စင်ရှိထားတဲ့ ခရီးသွားကုမ္ပဏီ တွေနဲ့ Vietjet က ဘယ်လိုမျိုး အတူတကွလက်တွဲလုပ်ဆောင်မှာပါလဲ။
·         ခရီးသွားကုမ္ပဏီတွေကနေတဆင့် Vietjet က ဗီယက်နမ်မှာ ရှိတဲ့ သွားလာလည်ပတ်လို့ကောင်းတဲ့နေရာတွေကို ညွှန်းပေးနိုင်ပါတယ်။ ခရီးသွားကုမ္ပဏီတွေအနေနဲ့ ခရီးသွားတွေ စိတ်ကြိုက်ရွေးချယ်ထားတဲ့နေရာတွေကို ခရီးစီစဉ်ပေးနိုင်အောင်လည်း ဈေးနှုန်းသက်သာတဲ့ လေယာဉ်ခရီးစဉ် တွေကို ပေးထားပါတယ်။ ဒါ့အပြင် မြန်မာအေဂျင်စီနဲ့ ဗီယက်နမ်က အေဂျင်စီချိတ်ဆက်ပြီး ခရီးစဉ် စီစဉ်တဲ့အခါ ပြည်တွင်းမှာ သွားလာမှုတွေအတွက်လည်း သွားလာရေးစီစဉ်ပေးပါတယ်။
4)   ခရီးသည်တွေအနေနဲ့ Vietjet နဲ့ ပျံသန်းခြင်းကြောင့် ဘယ်လို ထူးခြားကောင်းမွန်ချက်မျိုး ရရှိနိုင်မလဲ။
·         Vietjet နဲ့ပျံသန်းတာကြောင့် ခရီးသည်တွေ အနေနဲ့ အရည်အသွေးမြင့်လေယာဉ်တွေကို ဈေးသက်သက်သာသာနဲ့ စီးနင်းရပြီး ပျံသန်းစဉ် အချိန်မှာလည်း အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ မြန်မာအပါအဝင် တခြားသော အာရှ-ပစိဖိတ် နိုင်ငံများစွာကနေ လာတဲ့ လေ့ကျင့်သင်ကြားထားတဲ့ Vietjet ရဲ့ လေယာဉ်မောင်မယ်တွေရှိနေပါတယ်။ လေယာဉ်ပျံသန်းနေချိန် စီးနေချိန်တွေမှာ ပိုပြီးအရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ လေယာဉ်ပေါ်မှာ တည်ခင်းတဲ့အစားအသောက်တွေရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ထားပါတယ်။ ခရီးသွားတိုင်းအကြိုက်ဖြစ်စေဖို့ စီမံထားတဲ့ အာရှရဲ့ တမူထူးခြားတဲ့အရသာကိုပေးနိုင်တဲ့ ဟင်းလျာတွေ ဖြစ်ပါတယ်။
·         လက်ရှိမှာ Vietjet က A320s and A321s အပါအဝင် လေယာဉ်အစင်းပေါင်း ၄၀ နဲ့ တစ်နေ့ကို ခရီးစဉ်ပေါင်း ၃၀၀ ပျံသန်း နေပါတယ်။ ဗီယက်နမ်ကနေပြီးတော့ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်နဲ့ မြန်မာတို့ဆီကို ပျံသန်းနေတဲ့ခရီးစဉ်ပေါင်း ၅၃ ခုရှိနေပါပြီ။

5)   Vietjet နဲ့ခရီးသွားရတာ တခြားလေကြောင်းလိုင်းတွေနဲ့ ဘာများ ကွာခြားမှု ရှိသလဲ။
·         စတင်ခဲ့တဲ့နေ့ကတည်းက ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ဟာ ခရီးသွားတွေအတွက် အကောင်းဆုံး ပျံသန်းမှု အတွေ့အကြုံကိုပေးချင်တာပါ။ ကျွန်မတို့က ခေတ်မီလေယာဉ်သစ်တွေ ဝယ်ယူမှုမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားလုပ်ပါတယ်။ ဒီလေယာဉ်သစ်တွေက အကောင်းဆုံးအတွေ့အကြုံကိုပေးနိုင်တဲ့အပြင် ဆီစားလည်း သက်သာစေပါတယ်။ Vietjet က ပြောင်းလဲလို့လွယ်ကူတဲ့ လက်မှတ်ဝယ်ယူခြင်း သတ်မှတ်ချက်တွေ၊ ဝန်ဆောင်မှုတွေ၊ လေယာဉ်ပျံချိန်မှာ လုပ်ဆောင်ပေးတဲ့ ဖျော်ဖြေမှုတွေကို အမြဲဆန်းသစ်အောင် လုပ်ဆောင်ရင်း ခရီးသွားတွေရဲ့ လိုအပ်မှုတွေ လိုအပ်ချက်တွေကို အမြဲဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားနေတာပါ။ ခရီးသည်တွေကို လိုရာခရီးပို့ပေးရုံသက်သက်မဟုတ်ဘဲ မမေ့နိုင်တဲ့ အကောင်းဆုံး ခရီးစဉ်ဖြစ်အောင် စီစဉ်ပေးနေပါတယ်။ နိုင်ငံတစ်ခုချင်းစီရဲ့ အစားအသောက်တွေ ယဉ်ကျေးမှုတွေကို လေ့လာ ပြီးတော့မှ လေယာဉ်တွင်းအစားအသောက်ကို စီစဉ်ထားတာဖြစ်ပါတယ်။ လေယာဉ်မောင်မယ်တွေကလည်း ဖော်ရွေပျူငှာပြီး ပျော်စရာအစီစဉ်လေးတွေနဲ့ ဝန်ဆောင်ပေးဖို့ အမြဲအသင့်ရှိနေတာပါ။ ကျွန်မတို့ လေယာဉ်ခရီး စဉ်တွေမှာဆိုရင် မွေးနေ့ရှင်ကို မွေးနေ့လက်ဆောင်ပေးတာတို့၊ ချစ်သူတွေ ဇနီးမောင်နှံတွေအတွက် အထူး လက်ဆောင်တွေ စီစဉ်ပေးတာတို့က အမြဲလုပ်ပေးနေတဲ့အရာတွေပါ။
·         ဈေးနှုန်းသက်သာတဲ့ လက်မှတ်တွေအပြင် အချိန်ကုန်သက်သာပြီး ကောင်တာမှာတန်းမစီချင်သူတွေ၊ နေရာထိုင်ခုံရွေးချယ်ချင်သူတွေ၊ VIP နားနေခန်းသုံးချင်သူတွေ၊ လေယာဉ်အချိန်နဲ့ခရီးစဉ်ကို မကြာခဏပြောင်းလဲချင်သူတွေ၊ ကီလို ၃၀ အိတ်သယ်ချင်သူတွေနဲ့ ဂေါက်ရိုက်တံအိတ်ကိုပါ သယ်ယူချင်သူတွေအတွက်လည်း SkyBoss ဆိုတဲ့ ဝန်ဆောင်မှုလက်မှတ်တွေရောင်းချစီစဉ်ပေးနေပါသေးတယ်။







No comments:

Post a Comment