Wednesday, August 17, 2016

Vietjet မှ ရန်ကုန်လမ်းမများတလျှောက် ကားတန်းဖြင့်လှည့်လည်မည့် အထူးအစီအစဉ်ပြုလုပ်

Share it Please
ရန်ကုန်မြို့၏ လူသွားအလာများသော လမ်းမများတလျှောက်တွင် Vietjet မှ အံ့အားသင့်ပျော်ရွှင်ဖွယ်ရာအစီအစဉ်တစ်ခုကို Vietjet အမှတ်တံဆိပ်ပါ ကား ၁၀ စီးဖြင့် သြဂုတ်လ ၁၈ ရက်၊ ကြာသပတေးနေ့ ညနေ ၃ နာရီမှ ၆ နာရီ အတွင်း ပြုလုပ်မည်ဖြစ်သည်။ ယင်း Vietjet ကားများသည် အာရှ၏ လူကြိုက်အများဆုံး တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သည့် Vietjet ၏ ရန်ကုန်-ဟိုချီမင်း နေ့စဉ်ပြေးဆွဲနေသည့် ခရီးစဉ်များအား မိတ်ဆက်ရန်အတွက် ရန်ကုန်မြို့အတွင်း လှည့်လည်ကာ အများပြည်သူအား အထူးကံစမ်းမဲဆုများ နှင့် လက်ဆောင်များကို ပေးအပ်သွားမည်ဖြစ်သည်။ 

စတင်ထွက်ခွာမည့်နေရာမှာ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာဖြစ်ပြီး Vietjet အမှတ်တံဆိပ်ပါ ကား ၅ စီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိရာဘက်သို့ ထွက်ခွာပြီး ကျန် ၅ စီးမှာ ရန်ကုန်မြို့ ဆူးလေသို့ ထွက်ခွာမည် ဖြစ်သည်။ လမ်းတလျှောက်တွင် Junction Square၊ စီးတီးမတ် Market Place၊ တော်ဝင်စင်တာ စသည့် အထင်ကရ နေရာများတွင် ရပ်တန့်ကာ လက်ဆောင်များဝေငှမည့်အပြင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှလည်း ဖြတ်သန်းမည်ဖြစ်သည်။ လမ်းတလျှောက်တွင် Vietjet လေယာဉ်မယ်ဝတ်စုံ ဝတ်ဆင်ထားသော မော်ဒယ်လ်လေးများမှ လက်ဆောင်ပစ္စည်းများ၊ လက်ကမ်းစာစောင်များ၊ ကံစမ်းမဲလက်မှတ်များကို ဝေငှသွားမည် ဖြစ်သည်။


မြန်မာပြည်အတွက် သီးသန့်ရည်ရွယ်သော ဤကားတန်းပွဲတော်မှ စိတ်ပါဝင်စားသူ ခရီးသွားများနှင့် လူထုအား မြန်မာပလာဇာတွင် သြဂုတ်လ ၁၉ နှင့် ၂၀ တွင် နံနက် ၁၀ နာရီမှ ၄ နာရီထိ ပြုလုပ်မည့် အထူးဈေးပွဲတော်သို့ လာရောက်ကြရန် ဖိတ်ခေါ်မည်ဖြစ်သည်။ ထိုပွဲတွင်လာရောက်သူများသည် ရန်ကုန်-ဟိုချီမင်းခရီးစဉ်အတွက် အသွားအပြန် သို့မဟုတ် အသွားတစ်ကြောင်းထဲလက်မှတ်များကို (၀)ကျပ်မှ စတင်ကာ ဝယ်ယူနိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။ ထိုဈေးနှုန်းလက်မှတ်များမှာ အစောင် ၅၀၀ ရှိနေပြီး ခရီးသွားရက်မှာ (အစိုးရရုံးပိတ်ရက်များမပါ) ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ မှ ၂၀၁၇ ခုနှစ် မတ်လ ၃၁ အတွင်းဖြစ်သည်။

Vietjet သည် ရန်ကုန်-ဟိုချီမင်း ခရီးစဉ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က စတင်ပျံသန်းပြေးဆွဲခဲ့ပြီး ထိုစဉ်က တစ်ပတ်လျှင် အသွားအပြန်ခရီးစဉ် ၅ ခုသာ ရှိခဲ့သော်လည်း ယခုအခါ တစ်ပတ်လျှင် အသွားအပြန်ခရီးစဉ် ၇ ခုအထိ တိုးချဲ့လိုက်ပြီဖြစ်သည်။ နိုင်ငံ ၂ ခုအကြား ပျံသန်းချိန်ကြာမြင့်မှုမှာ ၂ နာရီနှင့် ၁၅ မိနစ်ဖြစ်သည်။ ရန်ကုန်မှ (မြန်မာစံတော်ချိန်) နေ့လည် ၁ နာရီတွင်ထွက်ခွာပြီး ဟိုချီမင်းသို့ (ဗီယက်နမ်စံတော်ချိန်) နေ့လည် ၃း၃၅ တွင် ဆိုက်ရောက်သည်။ အပြန်ခရီးစဉ်မှာ ဟိုချီမင်းမှ (ဗီယက်နမ်စံတော်ချိန်) နံနက် ၁၀း၂၅ တွင်ထွက်ခွာပြီး ရန်ကုန်သို့ (မြန်မာစံတော်ချိန်) နေ့လည် ၁၂း၁၀ နာရီတွင် ဆိုက်ရောက်သည်။ 

No comments:

Post a Comment