Tuesday, September 6, 2016

A321 လေယာဉ်အစီးသစ် ၂၀ ထပ်မံဝယ်ယူရန်အတွက် Vietjet နှင့် Airbus တို့ သဘောတူလက်မှတ်ရေးထိုး

Share it Please
Vietjet လေကြောင်းကုမ္ပဏီနှင့် Airbus တို့သည် A321 လေယာဉ် သစ် အစီး ၂၀- ထပ်မံဝယ်ယူခြင်းအတွက် သဘောတူညီချက်စာချုပ်ကို ယနေ့နံနက် (ဗီယက်နမ်စံတော်ချိန်) ၉ နာရီ က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၏ သမ္မတဖြစ်သူ Mr. Trần Đại Quang နှင့် ပြင်သစ်သမ္မတဖြစ်သူ Francois Hollande တို့က ဤအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ၂.၃၉ ဘီလျံဒေါ်လာ တန်ဖိုးရှိ လေယာဉ်များဝယ်ယူခြင်း လက်မှတ်ရေးထိုးမှုကို Vietjet ၏ အကြီးအကဲနှင့် ဥက္ကဌဖြစ်သူ Nguyễn Thị Phương Thảo နှင့် Airbus ၏ အကြီးအကဲနှင့် ဥက္ကဌ ဖြစ်သူ Fabrice Brégier တို့က ပြုလုပ်ခဲ့ကြသည်။



ယခု Airbus မှ ဝယ်ယူလိုက်သည့် လေယာဉ်သစ် အစီး ၂၀ အား ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း Vietjet ထံသို့ ပေးအပ်သွားမည်ဖြစ်သည်။  

No comments:

Post a Comment