Monday, September 5, 2016

Huawei မှ ကိုယ်စားလှယ်တော်များ မြန်မာအစိုးရနှင့်အဖွဲ့အား ဘေဂျင်းတွင် ဧည့်ခံတွေ့ဆုံ

Share it Please
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဖြစ်လဲ နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် အစိုးရ ခရီးစဉ်ဖြင့် ရောက်ရှိနေသဖြင့် Huawei မှ တာဝန်ရှိသူများသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ခရီးစဉ်တွင်ပါဝင်ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများနှင့် ဘေဂျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာတွင် သြဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံကာ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုခေတ်ဖြစ်ထွန်းလာစေရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။



တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် Huawei မှ အစိုးရရေးရာ ဥက္ကဌ Mr. Jimmy Pang, Huawei Technologies Co., Ltd. (ရန်ကုန်)၏ CEO ဖြစ်သူ Mr. Zhang Liman, Huawei ၏ ICT planning ကျွမ်းကျင်ပညာရှင်နှင့် Huawei Technologies Co., Ltd. (ရန်ကုန်)မှ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အကြီးတန်း အရာရှိများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ e-Government အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စွမ်းအင်ဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို ၀န်ကြီးဌာနအသီးသီးတို့နှင့် ပူးပေါင်းဆွေးနွေးခဲ့သည်။ Mr. Zhang Liman မှ “ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လက ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံရဲ့ စီပွားရေးဆိုင်ရာ မူဝါဒမှာ ဖော်ပြထားတဲ့အတိုင်း မြန်မာအစိုးရအနေနဲ့ data ID card system, ဒီဂျစ်တယ်အစိုးရမဟာဗျူဟာနဲ့ e-Government စနစ်တို့ကို တည်ဆောက်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။ ယင်းကဏ္ဍများ တိုးတက်လာစေဖို့ အင်တိုက်အားတိုက်နဲ့ အကောင်အထည်ဖော်နေတဲ့ မြန်မာအစိုးရရဲ့ကြိုးပမ်းမှုများအပေါ် ကျွန်တော်တို့ ဘက်ကလည်း ဆန်းသစ်တဲ့နည်းပညာတွေ၊ အားကိုးရတဲ့ဝန်ဆောင်မှုတွေ၊ ထိရောက်တဲ့ အကြံပေးမှုတွေနဲ့ ဆက်လက်ပြီး ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ Huawei အနေဖြင့် မြို့ပေါင်း (၁၀၀)ကျော်ပါဝင်တဲ့ နိုင်ငံပေါင်း (၃၀)ကျော်မှာ ပြည်တွင်းနဲ့ မြို့နယ်အဆင့် ICT (city-level ICT) စီမံကိန်းတို့တွင်သာမကဘဲ လုပ်ငန်းဆိုင်ရာ မူဝါဒအကြံပေးအနေနဲ့ပါ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဆွေးနွေးခဲ့ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ “e-government စနစ်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် Huawei ရဲ့ ကျယ်ပြန့်တဲ့ အတွေ့အကြုံနဲ့ ပံ့ပိုးမှုတွေက ကျွန်တော်တို့နိုင်ငံအတွက် အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပေမယ့် ဒီစိန်ခေါ်မှုတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပစ်ရပါမယ်။ မြန်မာနိုင်ငံအနေနဲ့ Huawei ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ကြိုဆိုနေပြီး e-Government ဖွံ့ဖြိုးလာရေးအတွက် Huawei ရဲ့ အကောင်းဆုံးနည်းလမ်းတွေကို အဆိုတင်သွင်းမှုအပြင် လျှပ်စစ်နှင့် စွမ်းအင်ကဲ့သို့ အဓိကျတဲ့ အခြားကဏ္ဍတွေမှာလည်း Huawei က ပူးပေါင်းဆောင်ရွက်သွားဖို့ စောင့်မျှော်နေပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ ပြောကြားခဲ့သည်။  

Huawei သည် “Better Connected Myanmar” ခေါင်းစဉ်ဖြင့် မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ ပြီးခဲ့သည့်လက ကြီးမှူးကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ပထမဦးဆုံး Myanmar Broadband Forum တွင် ၀ိုင်းဝန်းပံ့ပိုးပေးခဲ့သည်။ အဆိုပါပွဲတွင် အိုင်စီတီနယ်ပယ်အသီးသီးမှ အကြီးအကဲများတက်ရောက်ကာ မြန်မာ နိုင်ငံ၌ ကြိုးမဲ့အင်တာနက်စနစ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် နည်းလမ်းများ ပါဝင်ဆွေးနွေးနိုင်စေရန် ပံ့ပိုးပေးနိုင်ခဲ့သည့်အပြင် Huawei သည် မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်းများထွန်းကားလာစေရန် အခွင့်အလမ်း ကောင်းများကိုလည်း ကူညီဖန်တီးပေးနေသည့် မိတ်ဖက်ကောင်းတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။

No comments:

Post a Comment