Friday, September 23, 2016

Myanmar Build & Décor ပြပွဲတွင် နိုင်ငံတကာကုမ္ပဏီပေါင်း ၂၀၀ကျော် ပါဝင်ပြသမည်

Share it Please
ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၊ ပရိဘောဂများ၊ အိမ်တွင်းအလှဆင် ပစ္စည်းများအတွက် အကောင်းဆုံးပြပွဲဖြစ်သည့် တတိယအကြိမ် Myanmar Build & Décor ပြပွဲတွင် နိုင်ငံတကာမှ ကုမ္ပဏီပေါင်း၂၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ပြီး ထိုပြပွဲကို ၂၀၁၆ခုနှစ် အောက်တိုဘာလ ၆ ရက်မှ ၈ရက်အထိ Myanmar Event Park (MEP) တွင်ကျင်းပမည်ဖြစ်သည်။

ပြပွဲတွင် ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗီယက်နမ်၊ ကိုရီးယား၊ စင်ကာပူ၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနှင့်အခြား နိုင်ငံများမှ ပြည်တွင်းပြည်ပ ကုမ္ပဏီများ ပါဝင်ပြသမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များ၊ အိမ်တွင်းအလှဆင်ပညာရှင်များ၊ အိမ်ခြံမြေ အကျိုးဆောင်များ နှင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူများ မဖြစ်မနေ တက်ရောက်လေ့လာသင့်သည့် ပြပွဲတစ်ခုဖြစ်သည်။ ထိုပြပွဲတွင် ခေတ်အလိုက် ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုး ကိုလေ့လာနိုင်မည့်အပြင် ထုတ်လုပ်သူများနှင့် ဝယ်ယူသူများ တိုက်ရိုက်ချိတ်ဆက် နိုင်မည့် နေရာတစ်ခုဖြစ်သည်။


အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဈေးကွက်တွင် ရင်းနှီးမြှပ်နှံလိုသည့် နိုင်ငံတကာကုမ္ပဏီများအတွက် မြန်မာနိုင်ငံသည် စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်လာပြီး အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဈေးကွက်သည် လျင်လျင်မြန်မြန်ဖွံဖြိုးတိုးတက် နေသည်။ ၂၀၁၅ခုနှစ်တွင် ရင်းနှီးမြှပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈.၂ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၂၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃.၅သန်းအထိ တိုးမြှင့်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ လျင်မြန်စွာ တိုးတက်လာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အများပိုင်အခြေခံအဆောက်အဦး လိုအပ်ချက်များအတွက် အစိုးရ၏ရင်းနှီးမြှပ်နှံမှု တိုးတက် လာခြင်းနှင့် တိုးတက်များပြားလာသည့် လူဦးရေ၏ အိမ်ယာလိုအပ်ချက်များအတွက် ပြည်တွင်းပြည်ပ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားမှုပိုမိုများပြားလာခြင်းတို့ကြောင့် မြန်မာ့အိမ်ခြံမြေနှင့် ဆောက် လုပ်ရေးဈေးကွက်အား အပြုသဘောဆောင် ရှုမြင်သုံးသပ်ကြသည်။

Myanmar Build & Décor 2016 ပြပွဲသို့ ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်လေ့လာနိုင်ပြီး ပြပွဲမစခင် ကြိုတင်စာရင်းပေးသွင်း
သူများထဲမှ Bangkok Airways လေကြောင်းလိုင်းဖြင့် ရန်ကုန်-ဘန်ကောက် အသွား၊အပြန် လက်မှတ် ၃စောင် ကံစမ်းနိုင်
သည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။ ကြိုတင်စာရင်းပေးသွင်းခြင်းကို www.myanmarbuilddecor.com မှတဆင့်
စာရင်းပေးသွင်းနိုင်သည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်းနံပါတ် ၀၉ ၇၇၈၂၃၉၆၃၅ သို့မဟုတ် အီးမေးလ်လိပ်စာ info@icvex.com တွင်လည်း မေးမြန်းနိုင်သည်။ 

No comments:

Post a Comment