Monday, September 5, 2016

မြန်မာခရီးသွားများ Vietjet ၏ ဟိုချီမင်းခရီးစဉ်ကို ချိတ်ဆက်စီးနင်းကာ ထိုင်ပေနှင့် ကောင်းရွှမ်မြို့များသို့ သွားလာနိုင်ပြီ

Share it Please
ဟိုချီမင်းမြို့မှ တဆင့်အခြားဒေသများသို့ သွားရောက်လည်ပတ်မည့် မြန်မာခရီးသွားများအနေဖြင့် Vietjet မှ အသစ်ထပ်မံတိုးချဲ့လိုက်သည့် နိုင်ငံတကာ ခရီးစဉ် ၂ ခုကိုပါ သွားရောက်နိုင်တော့မည် ဖြစ်သည်။ ယင်းခရီးစဉ် ၂ ခုမှာ ဟနွိုင်း-ထိုင်ပေ နှင့် ဟိုချီမင်း-ကောင်းရွှမ် (ထိုင်ဝမ်)တို့ ဖြစ်သည်။ ထို့အပြင် ဟိုချီမင်း-ထိုင်နန် ခရီးစဉ်များကိုလည်း တစ်ပတ်လျှင် ၅ ကြိမ် အထိ တိုးမြှင့်ပေးဆွဲနေသောကြောင့် ခရီးသွားများ  ပိုမိုအဆင်ပြေလွယ်ကူစေမည်ဖြစ်သည်။ ယခု ခရီးစဉ်သစ် များ စတင်သည့်ကာလအတွက် လက်မှတ်များကို အမေရိကန်ဒေါ်လာ ၁၄ နှင့် အမေရိကန်ဒေါ်လာ ၉ တို့မှ စတင်ရောင်းချသွားမည်ဖြစ်သည်။

ဟနွိုင်း-ထိုင်ပေ ခရီးစဉ်ကို အောက်တိုဘာလ ၃၀ မှစ၍ နေ့စဉ်စတင်ပြေးဆွဲမည်ဖြစ်ပြီး ပျံသန်းချိန်ကြာမြင့်မှုမှာ ၂ နာရီ ၄၅ မိနစ်ဖြစ်သည်။ ဟနွိုင်းမှ နေ့လည် ၂း၁၅ တွင် ထွက်ခွာပြီး ထိုင်ပေသို့ ညနေ ၆ နာရီ (ထိုင်ဝမ် စံတော်ချိန်)တွင် ဆိုက်ရောက်ကာ အပြန်ခရီးစဉ်အတွက် ည ၇ နာရီတွင် ထွက်ခွာပြီး ဟနွိုင်းသို့ (ဗီယက်နမ်စံတော်ချိန်) ည ၈း၄၅ တွင် ဆိုက်ရောက်မည်ဖြစ်သည်။

No comments:

Post a Comment