Sunday, December 18, 2016

အလုပ်ရှင်တွေ သေချာပေါက်ဖတ်မယ့် အလုပ်လျှောက်လွှာ

Share it Please
အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ လူးကပ်စ်ဟာ အများနဲ့မတူ တမူထူးတဲ့ အလုပ်လျှောက်လွှာပုံစံကို ရေးပြီး အလုပ်လျှောက်ခဲ့ပါတယ်..

သူက မြို့ငယ်လေးတစ်မြို့မှာ နေထိုင်နေပြီး ဆန်ဖရန်စ္စကိုမြို့ကို ပြောင်းရွှေ့ချင်တာကြောင့် အလုပ်ရှာနေတာပါ.. ဒါပေမယ့် သူသိတယ်လေ.. ဒီလိုမြို့ကြီးမှာ မာကတ်တင်းအလုပ်ရဖို့အတွက်ဆိုတာ အရမ်းကို အပြိုင်အဆိုင်များပြီး ခက်ခဲတယ်ဆိုတာ.. ဒီတော့ သူဘာလုပ်သလဲ..

ဆန်ဖရန်စ္စကိုက နာမည်အကြီးဆုံး ပစ္စည်းပို့လုပ်ငန်းရဲ့ တီရှပ်တစ်ထည်ကို သူဝတ်လိုက်ပါတယ်.. ပြီးတော့ ဒိုးနပ်ဗူးတွေ ခပ်များများဝယ်ပြီး ဗူးတိုင်းမှာ အောက်က စာလေးတွေ တွဲထည့်ထားလိုက်တယ်..



================

အလုပ်လျှောက်လွှာတော်တော်များများ အမှိုက်ခြင်းထဲ ထည့်ခံရပါတယ်
ကျွန်တော့်လျှောက်လွှာကတော့ ခင်ဗျားတို့ဗိုက်ထဲ ထည့်ခံရပါတော့မယ်


မင်္ဂလာပါ.. 
မုန့်တွေမှားပို့တာ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်ကိုယ်တိုင် မုန့်ပို့သူလို ဟန်ဆောင်ပြီး 
ဒါလေး ခင်ဗျားတို့ လက်ထဲတကယ်ရောက်ရဲ့လားလို့ သေချာအောင်ပို့ခဲ့တာပါ.. 
ခင်ဗျားတို့သတိထားမိတဲ့အတိုင်းပါပဲ.. ကျွန်တော်က အလုပ်လုပ်ရင် သူများနဲ့မတူတဲ့ နည်းလမ်းကိုရွေးပြီး 
ပြီးစီးအောင်မြင်အောင်လည်း လုပ်တတ်ပါတယ်.. 
ကျွန်တော့်နာမည် လူးကပ်စ်ပါ..  ကျွန်တော့်မှာ မာကတ်တင်းလုပ်ငန်းအတွေ့အကြုံ ၅ နှစ်ရှိပါတယ်.. 
ခင်ဗျားတို့ ကုမ္ဗဏီကို ကျွန်တော်စိတ်ဝင်စားပြီး အလုပ်လာလုပ်ချင်ပါတယ်.. 
ကျွန်တော့်အကြောင်း စိတ်ဝင်စားရင် +++++++ ဒီလင့်ခ်လေးမှာ 
ကျွန်တော့် ကိုယ်ရေးအကျဥ်းနဲ့ အရင်အလုပ်အကြောင်းတွေ တင်ထားပါတယ်.. 
ခုလောလောဆယ်တော့ ++++ ဆိုင်က အရမ်းကောင်းတဲ့ ဒိုးနပ်ကလေးတွေ စားလိုက်ကြပါဦးခင်ဗျာ..

=====================

ဘယ်သူမဆို နာမည်ကြီးဆိုင်က ဒိုးနပ်ဗူးကို မြင်ရင် ဖွင့်ကြည့်မှာပဲဆိုတာကို လူးကပ်စ်က သိထားပါတယ်.. ဒါကိုက သူ့ရဲ့ တမူထူးခြားတဲ့ စိတ်ကူးဖြစ်ပြီး မာကတ်တင်းသမားကောင်းအဖြစ် သိသာစေတာပါပဲ.. ခုဆိုရင် လူးကပ်စ်ကို ပြန်လည်ဆက်သွယ်လာတဲ့ ကုမ္ဗဏီ ၁၀ ခုကျော် ရှိနေပြီဖြစ်ပြီး အင်တာဗျူးတွေ ဖြေနေပါပြီတဲ့..

ကျွန်တော်တို့လည်း ဘယ်လို တမူထူးခြားတဲ့ အကြံစည်တွေနဲ့ လုပ်ငန်းကို သိသာထင်ရှားစေမလဲ တွေးလို့ရအောင် ဒါလေးကို breakfast news အဖွဲ့သားတွေက မျှဝေလိုက်ပါတယ်..

No comments:

Post a Comment