Monday, December 19, 2016

တူရကီနိုင်ငံ၌ ရုရှားသံအမတ် သေနတ်သမားတစ်ဦး လုပ်ကြံသတ်ခံရ

Share it Please
တူရကီနိုင်ငံမြို့တော် အင်ကာရာရှိ ဒီဇင်ဘာ ၁၉ရက်က ကျင်းပနေသော အနုပညာပြပွဲတစ်ခုတွင် တူရကီဆိုင်ရာ ရုရှားသံအမတ်ကြီး အင်ဒရေးကာလော့ဗ်သည် သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

တူရကီရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည့် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သံအမတ် ကာလော့ဗ်သေဆုံးခဲ့ပြီး အခြားဒဏ်ရာရရှိသူများလည်း ရှိသည်။ ယင်း သေနတ်သမားသည် ပစ်ခတ်မှုပြုလုပ်စဉ် ‘အလက်ပို’ နှင့် ‘လက်စားချေမှု’ စသည့်တို့ အော်ဟစ်ခဲ့သည်။

ရုရှားသံရုံးအပါအ၀င် ပြည်ပသံရုံးအများစု အခြေစိုက်သော အင်ကာရာရှိ ကန်ကာယာခရိုင်မှ အဓိက အနုပညာပြခန်းတစ်ခုဖြစ်သည့် Cagdas Sanatlar Merkezi တွင် ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လုပ်ကြံသတ်ဖြတ်ခြင်းသတင်းကို ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်ထံသို့ ပေးပို့ ခဲ့ပြီး လတ်တလောတွင် ရုရှားနိုင်ငံ လုံခြုံရေး အဖွဲ့ အစည်းများ နှင့် ဝန်ကြီးဌာနက အဆိုပါ ကိစ္စအပေါ်ဆွေးနွေးနေကြသည်။

ယင်း တိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် ရုရှားနိုင်ငံက ကြေညာခဲ့ပြီး ရုရှားထောက်လှမ်းရေး ကော်မတီက သံတမန်းနည်းလမ်းအရ အမှုဖွင့်ထားသည်။
ရုရှားသံအမတ် သတ်ဖြတ်ခံရခြင်းအပေါ် တရားဥပဒေကြောင်းအရ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့သည်။

No comments:

Post a Comment