Sunday, December 25, 2016

ချီလီ၌ ပြင်းအား ၇.၆ ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်

Share it Please


ချီလီနိုင်ငံ၌ ဒီဇင်ဘာ ၂၅ ရက် ပေကျင်းစံတော်ချိန် ၁၀နာရီ ၂၂မိနစ်က ကမ်းရိုးတန်းဒေသတစ်ခုဖြစ် သည့် Chiloe ကျွန်းအနီးကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၇.၆ ပမာဏရှိ အင်အားပြင်းငလျင်တစ်ခု လှုပ် ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာ (CENC) ကထုတ်ပြန်သည်။

ငလျင် လှုပ်ပြီးနောက် ဆူနာမီအန္တရာယ် သတိပေးချက်များ အရေးပေါ် ထုတ်ပြန်ခဲ့ပြီး တောင်ဘက် ကမ်းရိုးတန်း တလျှောက် နေထိုင်သူများအား ဘေးလွှတ်ရာသို့ ရွေ့ပြောင်းမှုများ ပြုလုပ်ခဲ့သော်လည်း ယခုချိန်တွင် ဆူနာမီသတိပေးချက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်သည်။

ချီလီနိုင်ငံ အရေးပေါ်ဋ္ဌာန က အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူမရှိကြောင်း ထုတ်ပြန်သည်။ ယင်းငလျင်သည် တောင်လတ္တီကျု ၄၃.၃၈ ဒီဂရီ၊ အနောက် လောင်ဂျီကျု ၇၃.၈၁ ဒီဂရီကို ဗဟိုပြု၍ မြေပြင်အနက် ၄၀ ကီလိုမီတာ ၌လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment