CP Five Star မှအကြီးမားဆုံးသော “CP Five Star Challenge” အစားပြိုင်ပွဲနှင့်
ဟင်းချက်ပြိုင်ပွဲကြီးကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ပြည်သူ့ရင်ပြင်၏ကားပါကင်တွင် နေ့လည်(၁၂)နာရီမှ ညနေ(၅)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချ က်မှာ စားသုံးသူများအားပျော်ရွှင်စရာများဖန်တီးပေးခြင်းဖြင့် CP Five Star မှ စားသောက်ကုန်များနှင့်ထုတ်ကုန် အသစ်တီထွင်ခြင်းကို အထောက်အကူဖြစ်စေရန်ရည်ရွယ်ပါသည် ။ ယခုပွဲ၏အဓိကအချက်မှာ ပြီးခဲ့သောနှစ်မှစတင်ခဲ့သော ကျန်းမာရေးနှင့်ကောင်းမွန်သော အသက်ရှင်နေထိုင်မှုကို ဦးတည်ထားသည့် CP Five Star ၏အမြင်သဘောထားအရ “ပျော်ရွှင်မှုတွေ နေရာတိုင်းမှာရောက်ရှိနေပါပြီ” အစီအစဉ်ကို ဦးစားပေးတင်ဆက်ပေးခြင်း ဖြစ်ပါသည်။ ယခုပြိုင်ပွဲကိုပြုလုပ်ပေးခြင်ြး ဖင့် CP Five Star မှ အစားအသောက်ထုတ်ကုန်အသစ်များကို တင်ဆက်ပေးရန်နှင့် စားသုံးသူများမှလည်း အရသာကောင်းမွန်သောစားသောက်ကုန် များကို မြည်းစမ်းကြည့်နိုင်ရန်ဖြစ်ပါ သည်။
ပါဝင်ယှဉ်ပြိုင်နိုင်မည့်ပြိုင် ပွဲဝင်များအား အဆင်ပြေလွယ်ကူစွာပါဝင်နိုင်ရန် အတွက်၂၀၁၆ခုနှစ်၊ အောက်တိုဘာလမှစတင်ကာရွေးချယ် စုဆောင်းခဲ့ခြင်းဖြစ်ပါသည်။ လျှောက်လွှာကူပွန်များကိုမြန်မာ တစ်နိုင်ငံလုံးရှိ CP အရောင်းဆိုင်တိုင်းတွင်ဖြန့်ဝေေ ပးထားခဲ့ပြီးဖြစ်ကာ လျှောက်လွှာကူပွန်များရယူလိုပါက ပါဝင်ယှဉ်ပြိုင်လိုသူတစ်ဦးအနြေ ဖင့် CP Five Star မှရောင်းချသောစားသောက်ကုန်များ ကို (၂,၀၀၀ ကျပ်) ဖိုး ဝယ်ယူစေကာ ကိုယ်ရေးအချက်အလက်များနှင့် ဆက်သွယ်ရမည့်လိပ်စာဖြည့်သွင်း ပြီးသောလျှောက်လွှာများကို လက်မှတ်ထိုး၍ အမြို့မြို့အနယ်နယ်တိုင်းရှိ CP Five Star အရောင်းဆိုင်တိုင်းသို့ပြန်လည်ေ ပးပို့စေခြင်းဖြစ်ပါသည်။
လျှောက်လွှာပိတ်ပြီးသောအချိန်တွ င် CP Five Star ဆိုင်များမှလျှောက်လွှာများအားလုံးကိုစုစည်း၍ ရန်ကုန်မြို့ရှိ ရုံးချုပ်တွင် ပေးပို့ခဲ့ပြီး ကံစမ်းမဲအစီအစဉ်ဖြင့် အစားပြိုင်ပွဲကြီးတွင်ပါဝင်ယှဉ် ပြိုင်မည့်ပြိုင်ပွဲဝင်အယောက်( ၁၀၀)အား ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ရွေးချယ်ခြင်းခံရသောပြိုင်ပွဲ ဝင်အမည်များကို နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီမှ (၁၁)နာရီအတွင်းနှင့် ညနေ(၅)နာရီမှ (၆)နာရီအတွင်းပြန်လည်ထုတ်လွှင့် ခဲ့သည့် MRTV-4 ရုပ်သံလိုင်းမှ“ခေတ်သစ်ပျိုမေ”အ စီအစဉ် တွင် ထုတ်လွှင့် ကြေညာ ပေးခဲ့ပြီး လည်းဖြစ်သည်။
ပြိုင်ပွဲအစီအစဉ်များကို အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲ စသဖြင့် (၂)ပိုင်း ပိုင်းခြားထားမည်ဖြစ်ပါသည်။ အကြိုဗိုလ်လုပွဲတွင် ပြိုင်ပွဲဝင် (၁၀)ယောက်စီကို (၁)ဖွဲ့ ဖွဲ့၍စုစုပေါင်းပြိုင်ပွဲဝင်အဖွဲ့ ပေါင်း(၁၀)ဖွဲ့ပါဝင်ကာ (၁)ဖွဲ့စီမှ ကြက်ပေါင်ကြော်အမြန်ဆုံးစားနို င်သော သူများကိုရွေးချယ်ခဲ့ပါသည်။ အဖွဲ့တစ်ဖွဲ့စီမှ အနိုင်ရရှိသူများကိုဗိုလ်လုပွဲ အဆင့်သို့တက်ရောက်စေခဲ့ပြီး ဗိုလ်လုပွဲအစီအစဉ်မှာ အနည်းငယ်ကွဲပြားသောပုံစံဖြင့် ရွေးချယ်ဖိတ်ခေါ်ထားသော ဧည့်သည်အနုပညာရှင်များနှင့်အတူ( ၂)ယောက်တစ်တွဲ ယှဉ်ပြိုင်စေခဲ့ပါသည်။ တစ်ဖွဲ့ချင်းစီမှ CP ထုတ်ကုန်များကိုအဓိကအသုံးပြု၍ ဆန်းသစ်သောဟင်းပွဲများကိုပြင် ဆင်တင်ဆက်ခဲ့ပြီး အကဲဖြတ်ဒိုင်များအနေဖြင့် 5 Plus Channel, “Fast & Fresh Food” မှ master chef ဦးဆန်နီနှင့် CP မှအကဲဖြတ်ဒိုင် Ms.Rapiporn Aungkurasi တို့မှ ပြိုင်ပွဲဝင်များတင်ဆက်သော ဟင်းပွဲများ၏တီထွင်ဖန်တီးနိုင် မှု၊ အရသာနှင့် တင်ဆက်နိုင်စွမ်းများ အပေါ်မူတည်ကာ ဝေဖန်အကဲဖြတ်ပေး၍ အနိုင်ရရှိသူများကိုရွေးချယ်ပေး ခဲ့ပါသည်။ ပထမဆု အနိုင်ရရှိသူအနေဖြင့် ဆုငွေကျပ်(သိန်း၃၀)၊ ဒုတိယဆု ဆုငွေကျပ်(သိန်း ၂၀)နှင့် တတိယဆု ကျပ်(၁၀သိန်း)အပါအဝင် နောက်ဆုံးပြိုင်ပွဲအထိ ၀င်ရောက်ခဲ့သည့် ဆန်ခါတင်ပြိုင်ပွဲဝင်(၇)ယောက် အတွက်လည်း အခြားဆုပေါင်း(၇)ဆုကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသောလာေ ရာက်ကြည့်ရှုအားပေးသူများအနေဖြင့် လည်း နိုင်ငံကျော်အဆိုတော်များဖြစ် ကြသော ရဲရင့်အောင်နှင့် အိမ့်ချစ်တို့မှ တေးသံသာများဖြင့်ဖျော်ဖြေတင်ဆက် မှုများကို ကြည့်ရှုခံစားခွင့်ရခဲ့သည့်အြ ပင် CP Five Star အဖွဲ့မှလည်း ပျော်ရွှင်စရာဂိမ်းအစီအစဉ်များ၊ စိတ်ဝင်စားဖွယ်ရာဆုများစွာဖြင့်ေ ဖျာ်ဖြေတင်ဆက်ပေးခဲ့ပါသည်။
အခြားအသေးစိတ်အချက်အလက်များကို သိရှိလိုပါက Wired Media Myanmar Co., Ltd. မှ PR Executive မအေးမြတ်မွန်(ခ) Molly (၀၉-၄၅၀၈၁၉၈၄၂) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
No comments:
Post a Comment