Thursday, December 8, 2016

Global Entrepreneurship Congress လေ့လာရေးခရီးစဉ်

Share it Please

အာဖရိကတိုက်တွင် ပြုလုပ်မည့် Global Entrepreneurship Congress လေ့လာရေးခရီးစဉ် ၂၀၁၇ တက်ရောက်ရန် မြန်မာစွန့်ဦးတီထွင် ကိုယ်စားလှယ်အဖွဲ့အား GEN Myanmar ဦးဆောင်စေလွှတ်မည်ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ၅ ကြိမ် မြောက် ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်ရက်သတ္တပတ်၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် ၂၀၁၇ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် Global Entrepreneurship Congress 2017 (ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်ညီလာခံ ၂၀၁၇) တက်ရောက်ရန်နှင့် လေ့လာရေးခရီးစဉ်သွားရောက်ရန် မြန်မာစွန့်ဦးတီထွင်ကိုယ်စားလှယ်အဖွဲ့အား တောင်အာဖရိက နှင့် ကင်ညာနိုင်ငံသို့ GEN Myanmar မှ ဦးဆောင်စေလွှတ်မည် ဖြစ်သည်။
ကမ္ဘာတ၀န်းမှ စီးပွားရေးလုပ်ငန်းတည်ထောင်သူများအတွက် လုပ်ငန်းစတင်လည်ပတ်ခြင်း၊ လုပ်ငန်းသစ်များ တိုးချဲ့ခြင်းတို့ကို ကူညီနိုင်မည့်နည်းလမ်းသစ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ သုတေသနပညာရှင်များ၊ မူဝါဒရေးဆွဲသူများနှင့် အခြားသော စတင်စလုပ်ငန်းရှင် ထောင်ပေါင်းများစွာ စုဝေးတက်ရောက်ကြမည့် Global Entrepreneurship Congress အား  နှစ်စဉ်နှစ်တိုင်းကျင်းပခြင်းဖြစ်သည်။ ရက်သတ္တပတ်နီးပါးကြာမြင့်မည့် အဆိုပါညီလာခံတွင် နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အဆက်အသွယ်ကောင်းများရယူခြင်း၊ အသိအမြင်ကောင်းများ ရရှိနိုင်ခြင်း၊ ရှာဖွေတွေ့ရှိမှု အသစ်များအား လေ့လာနိုင်ခြင်း စသဖြင့် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် ပြင်ဆင်မှုများပြုလုပ် နိုင်မည်ဖြစ်သည်။
အဆိုပါ ကမ္ဘာလုံးဆိုင်ရာစွန့်ဦး တီထွင်ညီလာခံကို တောင်အာဖရိကနိုင်ငံ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဓိကအဆောက်အအုံဖြစ်သည့် စတင်စလုပ်ငန်းများဗဟိုဖြစ်ရာ ဂျိုဟန်နက်စ်ဘက်ခ်မြို့တွင် ၂၀၁၇ မတ်လ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ လေးရက်ကြာကျင်းပမည့် ညီလာခံပြီးနောက် Global Entrepreneurship Study Tour လေ့လာရေး ခရီးစဉ်စတင်ရန် GEN Myanmar မှ စီစဉ်ထားသည်။ အဆိုပါလေ့လာရေး ခရီးစဉ်မှာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘက်ခ်မြို့နှင့် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တို့တွင် တည်ရှိသောအာဖရိကတိုက်၏ အကောင်းဆုံး စွန့်ဦိးတီထွင်လုပ်ငန်းဆိုင်ရာဗဟိုနှစ်ခုရှိ တာဝန်ရှိသူများနှင့်  မြန်မာ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား တွေ့ဆုံချိတ်ဆက်ပေးမည့် ခရီးစဉ်ဖြစ်သည်။

မြန်မာ (Global Entrepreneurship Network-Myanmar) အား အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(USAID)၏ အထောက်အပံ့ပေးထားသည့် Building Markets မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
Global Entrepreneurship Congress လေ့လာရေးခရီးစဉ်နှင့် ပက်သက်ပြီး ပိုမိုသိရှိလို၍ဖြစ်စေ၊ စားရိတ်ငြိမ်း လိုက်ပါခွင့် ပညာသင်ဆုလျှောက်ထားလို၍ဖြစ်စေ http://bit.ly/GENMyanmar_GeniusCoffee_ Scholarship တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။

No comments:

Post a Comment