
ထိုင်ထ (စက္ကန့် ၆၀)
ငယ်ငယ်က ဆရာမဒဏ်ပေးရင် ထိုင်ထလုပ်သလို မဟုတ်ဘူးနော်.. ခြေ ၂ ဖက်ကို ပုခုံးနဲ့တစ်ညီထဲ ကားထားပြီး ကိုယ်ခန္ဓာအောက်ပိုင်း တင်နဲ့ ပေါင်သားတွေကို အားပြုပြီး ထိုင်ထလုပ်ပေးရမှာပါ.. ပြန်ပြီး မတ်တပ်ရပ်ချိန်မှာ ခါးမတ်မတ်ရှိပါစေ.. ဒီလေ့ကျင့်ခန်းက တင်သားနဲ့ ပေါင်သားတွေကျစ်လျစ် သွယ်လျစေပါတယ်..
ဒိုက်ထိုး (စက္ကန့် ၃၀)

ပထမ ထိုင်ထတုန်းကလိုပဲ လက် ၂ ဖက်က ပုခုံးနဲ့တစ်ညီထဲ ကားထားပြီး စက္ကန့် ၃၀ အတွင်း ဒိုက်ထိုးပေးပါ.. လက်မောင်းနဲ့ ရင်သား ကျောသားတွေ ကျစ်လျစ်စေပါတယ်..
တောင်တက်ပုံစံ (စက္ကန့် ၃၀)

ခုနက ဒိုက်ထိုးအနေအထားအတိုင်းပဲ ခြေထောက်ကို တစ်ဖက်ချင်းစီ ဝမ်းဗိုက်ဆီ ကွေးယူရတာပါ.. ဖြည်းဖြည်းချင်းယူပါ.. ကွေးယူနေတဲ့အချိန်မှာ ဝမ်းဗိုက်ကြွက်သားတွေကို ထိအောင် အာရုံစိုက်ထားပါ.. စက္ကန့် ၃၀ လုပ်ပေးခြင်းအားဖြင့် ဝမ်းဗိုက်သားတွေကို ချပ်ရပ်စေပါတယ်..
ဒူးကွေးထိုင် (စက္ကန့် ၆၀)

ခါးမတ်မတ်ထား ခါးထောက်ထားရာကနေ ခြေတစ်ဖက်ကို ရှေ့ကိုလှမ်းလိုက်ပြီး ခပ်ဖြည်းဖြည်းထိုင်ချပါ.. နောက်ခြေထောက်ဟာ ၉ ၀ ဒီဂရီကျလာတဲ့အထိ ထိုင်ရပါတယ်.. ပြီးရင် မူလအနေအထားဆီ ခပ်ဖြည်းဖြည်း ပြန်သွားလိုက်ပါ.. စက္ကန့် ၆၀ ဟိုဘက် ဒီဘက် ခြေပြောင်းရင်း ကစားပေးပါ..
ခြေကားခုန် (၄၅ စက္ကန့်)

စစ်တပ်တွေမှာ သန်မာအောင်လေ့ကျင့်ရာမှာ ဒီလေ့ကျင့်ခန်းပါဝင်ပါတယ်.. မူလ ရပ်နေရာကနေ ခြေကားပြီး ခုန်လိုက်ရင်း လက် ၂ ဖက်ကို အပေါ်ကို ဆန့်လွှဲထုတ်ပေးရတာပါ.. ဒီလိုခုန်နေချိန်မှာ အသက်ကို မှန်မှန်ရှူနေပါ.. အသက်မအောင့်ထားနဲ့နော်.. ဒီလိုပုံစံမျိုးအတိုင်း ၄၅ စက္ကန့် ခုန်ရပါမယ်..
ဒီတွေ အကုန်လုပ်တာမှ ၄ မိနစ်လောက်ပဲ ကြာတာဆိုတော့ မနက်ခင်းအိပ်ရာထ ရေမချိုးခင်လေးမှာ ဒါလေးတွေ လုပ်လိုက်.. ညနေဆိုလည်း ရုံးကပြန်လာပြီး ခဏအမောဖြေ ဒါလေး ၄ မိနစ်လောက်လုပ်ပြီးမှ ရေဝဝ သောက် ရေချိုးရင် လန်းလန်းဆန်းဆန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုလည်း ဖြစ်တယ်.. ကယ်လိုရီတွေလည်း လောင်ကျွမ်းစေပြီး ဗိုက်ချပ်ချပ် ပေါင်သွယ်သွယ် လက်မောင်းကျစ်ကျစ်လေးတွေ ဖြစ်နေမှာနော်..
----
Source Women's Health
Preview photo credit DEPOSITPHOTOS
No comments:
Post a Comment