Monday, December 19, 2016

Huawei ၏ GR 5 ဖုန်း ဝယ်လျှင် MPT မှ လက်ဆောင်များ ထပ်မံပေးမည်

Share it Please


Huawei ၏ နောက်ဆုံးထုတ် စမတ်ဖုန်းသစ် GR5 2017 ကို MPT မှတစ်ဆင့် ကြိုတင်မှာယူနိုင်ပြီး အများပြည်သူတို့ထံသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အားလုံးထက်စောစီးစွာ ကိုင်ဆောင်လိုသူများအတွက် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ MPT အမှတ်တံဆိပ် စတိုးဆိုင်များတွင်   ပြုလုပ်မည့် အရောင်းပြပွဲများတွင် သွားရောက်ကြည့်ရှု လေ့လာနိုင်ကာ ထိုအရောင်းပြပွဲများကို မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်၊ ဘားအံနှင့် တောင်ကြီးမြို့များတွင် ကျင်းပ သွားမည်ဖြစ်သည်။

GR5 ဖုန်းများကို ဆောလျင်စွာ ကြိုတင်မှာကြားမှုများ ပြုလုပ်မည့် သုံးစွဲသူများအတွက် MPT မှ အထူးလက်ဆောင်များဖြစ်သည့် Power Bank တစ်လုံး၊ အကောင်းစား ကျောပိုးအိတ်တစ်လုံးနှင့် 32GB ပမာဏရှိ SD ကတ်တစ်ခုတို့ကို အခမဲ့ရရှိနိုင်မည် ဖြစ်သည်။

MPT မှ Huawei GR5 2017 အတွက် အထူး Data Package များကို သီးသန့်ဖန်တီးပေးထားပြီး ဖုန်းတိုင်းတွင် ဆင်းမ်ကတ်တစ်ခု ပါဝင်မည်ဖြစ်ကာ သုံးစွဲသူ မှ ၆ လဆက်တိုက် တစ်လလျှင် ကျပ် ၅၀၀၀ ဖုန်းငွေ ဖြည့်သွင်းလျှင် အင်တာနက်ဒေတာ 4GB ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် MPT Special Edition ဖုန်းတွင် MPT4U, Lotaya, Facebook, Viber နှင့် Line အစရှိသည့် အသင့်သုံးစွဲနိုင်သော ဝန်ဆောင်မှုများကိုလည်း ကြိုတင်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ GR5 ဖုန်းသည် 4G စနစ် အသင့်ပါဝင်ပြီးသား ဖြစ်သည့်အတွက် ၂၀၁၇ ခုနှစ်တွင် MPT မှ မိတ်ဆက်မည့် 4G ကွန်ရက်ကို အပြည့်အဝ သုံးစွဲနိုင်မည် ဖြစ်သည်။

GR5 2017 ကို ဆွဲဆောင်မှုရှိသော သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။ ကျောဘက်တွင် ကင်မရာနှစ်လုံးပါဝင်ခြင်း ကြောင့် အသေးစိတ် (depth of field) မှအစ တိကျသေသပ်လှပသောပုံရိပ်များကို အလားတူ ဖုန်းများထက် ပိုမိုလျှင်မြန် သွက်လက်စွာ ရိုက်ကူးပေးနိုင်မည် ဖြစ်ပါသည်။


ထို့အပြင် 8MP ရှိသော ရှေ့ကင်မရာတွင် မြင်ကွင်းကျယ်ရိုက်ကူးနိုင်မည့် wide-angle lens ပါဝင်ခြင်း၊ ကြာရှည်ခံသော ဘက်ထရီသက်တမ်း၊ လက်ဗွေစနစ်ပါဝင်မှု၊ ပရောဆက်ဆာ မြန်ဆန်မှု၊ ၅.၅ လက်မရှိ အရောင်အသွေး စိုပြေတောက်ပသော HD မျက်နှာပြင်ကျယ် တို့ပါဝင်သည်။

No comments:

Post a Comment