Huawei နည်းပညာကုမ္ပဏီ (ရန်ကုန်) သည် ၎င်း၏ ၄၆ ခုမြောက် ခေတ်မီလေ့ကျင့်သင်ကြားရေးစင်တာ ဖွင့်ပွဲကို အမှတ် ၁၆၊ ကမ္ဘောဇရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါစင်တာဖွင့်လှစ်လိုက်ခြင်း သည် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) ကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာေ စရန် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရေးဟူသော ဦးတည်ချက်နှင့်အညီ Huawei မှ ကြိုးပမ်းလျက်ရှိသော ဆောင်ရွက်ချက်များထဲမှ တစ်ခု ဖြစ်လာသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးစိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယဉ်ကျေးမှုဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Mr. Tian Shanting၊ မြန်မာနိုင်ငံရှိ Huawei ၏ လုပ်ဖော်ကိုင်ဖက် ကိုယ်စားလှယ်တော်ပေါင်း ၈၀ တို့နှင့်အတူ Huawei ကုမ္ပဏီကိုယ်စားပြု Huawei နည်းပညာကုမ္ပဏီ (ရန်ကုန်) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Zhang Liman တို့ တက်ရောက်ခဲ့ကြပါသည်။
Mr. Zhang Liman က “တာဝန်သိစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးအနေနဲ့ ကျွန်တော်တို့ဟာ အိုင်စီတီကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးပြီး မြန်မာနိင်ငံရဲ့ အိုင်စီတီကဏ္ဍဖွံ့ဖြိုးရေး နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက် လိုအပ်တဲ့ အကူအညီများပေးဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Huawei ရဲ့လေ့ကျင့်သင်ကြားရေးစင်တာ ၄၅ ခု ရှိပါတယ်။ ယနေ့ ကျွန်တော်တို့ ၄၆ ခုမြောက် လေ့ကျင့်သင်ကြားရေးစင်တာကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်လိုက်တယ်။ နောက်ဆုံးပေါ် အိုင်စီတီအထောက်အ ကူပြု ပစ္စည်းများပါဝင်တဲ့ ကျွန်တော်တို့ရဲ့ ခေတ်မီသင်ကြားလေ့လာရေးစင်တာမှာ အစိုးရဌာနတွေ၊ တက္ကသိုလ် ကျောင်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ၊ ပြီးတော့ မြန်မာနိုင်ငံက ကျွန်တော်တို့ Huawei အဖွဲ့တွေ လာရောက်လေ့လာနိုင်ပါတယ်။ မိမိတို့ရဲ့ အိုင်စီတီစွမ်းဆောင်ရည်တွေကို မြှင့်တင်လိုပြီး အိုင်စီတီကဏ္ဍအတွက် အကျိုးပြုဖို့ စိတ်ဆန္ဒပြင်းပြတဲ့ အိုင်စီတီနယ်ပယ်ထဲက မိတ်ဖက်ပါတနာတွေနဲ့လည်း လက်တွဲသွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
Huawei မှ အသိအမှတ်ပြု သင်တန်းများ တက်ရောက်ပြီးစီးချိန်တွင် အတန်းအောင်မြင်စွာပြီးမြောက်ေ ကြာင်း အသိအမှတ်ပြုလတ်မှတ်များ ပေးအပ်သွားမည် ဖြစ်ပါသည်။
စိတ်ပါဝင်စားသော အဖွဲ့အစည်းများအနေဖြင့် သင်ကြားရေးပရိုဂရမ်များအတွက် လျှောက်ထားနိုင်ပြီး Huawei လေ့ကျင့်ရေးစင်တာနှင့်ပတ်သက်၍ အထွေထွေသိရှိလိုပါက Mr. Zhoushunyang (ဖုန်း - ၀၉၉၇၅၃၂၈၀၉၁၊ အီးမေးလ်လိပ်စာ - zhoushunyang@huawei.com ) သို့ ဆက်သွယ် စုံးစမ်းနိုင်ပါသည်။
No comments:
Post a Comment