ကိုရီးယားနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးရှိ ပရိသတ်များပါ အားပေးကြတဲ့ Running Man ပရိုဂရမ်ရဲ့ လာမည့်နှစ် ပြိုင်ပွဲတွေမှာ လက်ရှိအဖွဲ့ဝင်တွေဖြစ်တဲ့ Song Ji Hyo နဲ့ Kim Jong Kook တို့ မပါဝင်တော့ပဲ အဖွဲ့ဝင်သစ် Kang Ho Dong ပါဝင်လာတော့မည် ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။
Song Ji Hyo ရဲ့ အေဂျင်စီ MY Company က ထိုသတင်းကို အတည်ပြုပေးထားပြီး “Song Ji Hyo အနေနဲ့ အနုပညာလုပ်ငန်းတွေရော ဒီအစီအစဉ်နှစ်ခုစလုံးမှာ အချိန်ပေးပြီး လုပ်ကိုင်ဖို့ မလွယ်ကူတဲ့အတွက် ထုတ်လုပ်သူတွေနဲ့ အချိန်အကြာကြီး ဆွေးနွေးညှိနှိုင်းပြီး ဒီဆုံးဖြတ်ချက်ကို ချလိုက်ရတာဖြစ်ပါတယ်။ သူမအနေနဲ့ Running Manက ထွက်လာ ပြီးနောက်မှာ သူမရဲ့ သရုပ်ဆောင်လုပ်ငန်းအပေါ်မှာ ပိုမိုအာရုံစိုက်ပြီး လုပ်ကိုင်နိုင်ဖို့ စီစဉ်ထားပါတယ်” လို့ပြောကြားခဲ့ပါ တယ်။
Kim Jong Kook ရဲ့ အေဂျင်စီ Maroo Entertainment ကလည်း Kim Jong Kook ရဲ့ နှုတ်ထွက်မှုကို အတည်ပြုခဲ့ပြီး နောက်ဆုံးရက်ကတော့ အတိအကျမသတ်မှတ်ရသေးဘူးလို့ဆိုပါတယ်။
မကြာသေးခင်ကလည်း Running Man ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Gary ကလည်း အသင်းမှ နှုတ်ဆက်ထွက်ခွါခဲ့ပါတယ်။
No comments:
Post a Comment