Thursday, January 12, 2017

ရန်ကုန်မြို့ထဲက ဝိုင်ဖိုင်အခမဲ့သုံးနိုင်တဲ့ နေရာ ၂၀

Share it Please


5BB အမည်နဲ့ အခမဲ့ဝိုင်ဖိုင်ကွန်ရက်ကို ရွှေတိဂုံစေတီ၊ ဆေးတက္ကသိုလ် ၁၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဘူတာကြီး၊ ဗိုလ်ချုပ်ဈေး၊ ကရဝိက်ဥယျာဉ်၊ တပ်မ တော်ခန်းမ၊ Ya Kon(လေဆိပ်)၊ LOTTERIA (ပုလဲကွန်ဒို)၊ LOTTERIA (၆ မိုင်ခွဲ)၊ LOTTERIA (တရုတ်တန်း)၊ EATFINITY Restaurant ၊ ရွှေကောင်း(ဗဟန်း)၊ DIY၊ O-Shabu၊ Harmony (လှိုင်တက္ကသိုလ်)၊ Cafe Milano၊ LA Bar နဲ့  7th Joint Bar & Grill နေရာတွေမှာ လွှင့်ပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုနေရာတွေအပြင် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ နှစ်လအတွင်း တည်နေရာ ၅၀ ကို အခမဲ့ဝိုင်ဖိုင်ကွန်ရက် တပ်ဆင်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြည်တွင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Global Net က ပြောကြားထားပါတယ်။ ပြည်သူတွေ အခမဲ့အသုံးပြုနိုင်ဖို့ ဇန်နဝါရီ ၁၁ ရက်က ထုတ်လွင့်ခဲ့တာလည်း ဖြစ်ပါတယ်။

5BB အခမဲ့ဝန်ဆောင်မှုကို အမြန်နှုန်း 512 kbps ကနေ 1MB အထိအသုံးပြုဖို့ ထုတ်လွှင့်ပေးထားပြီး တစ်ဦးတစ်ယောက်တည်း အချိန်ကြာမြင့်စွာ ဝင်ရောက်အသုံး ပြုနေတာကို  ကာကွယ်ဖို့ မိနစ် ၃၀ ကို တစ်ကြိမ် ပြန်လည်ဝင်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment