Home
Labels
Advertorial
(3)
BUSINESS
(26)
ENTERTAINMENT
(3)
LIFESTYLE
(4)
POLITIC
(7)
TECHNOLOGY
(28)
TRAVEL/TOURISM
(17)
Tuesday, January 31, 2017
FrieslandCampina မှ ပိုမိုကျယ်ပြန့်သည့် ဖြန့်ချိရေးစနစ်သစ်ဖြင့် မြန်မာနိုင်ငံ ဈေးကွက်တွင် အားဖြည့်မြှုပ်နှံ
By:
Breakfast News
on 1:38 AM
Share it Please
Tweet
နယ်သာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး နို့ ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း
စုတစ်ခုဖြစ်သော
Royal FrieslandCampina သည် ဇွန်လ ၂၀၁၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင်း ကုန်ပစ္စည်းဖြန့်ချိရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။
ကုမ္ပဏီမှ
ထိပ်တန်းနိ့ထွက်ပစ္စည်းအမှတ်တံဆိ
ပ်များ ဖြစ်ကြသည့်
Dutch Lady, My Boy, Falcon, Ship, Foremost
နှင့်
Yomost
တို့ကို နိုင်ငံတဝှမ်းလုံး ဒေသတစ်ခုချင်းစီအလိုက် တာဝန်ယူဖြန့်ချိပေးနိုင်မည့်
ကိုယ်စားလှယ်များကို ခန့်အပ်ခဲ့သည်။
ကုမ္ပဏီအနေဖြင့် အဆင့်အတန်းမြင့်မားသည့် အဆိုပါ
ဖြန့်ချိရေးကွန်ရက်မှတစ်ဆင့် ဝယ်ယူအားပေးသူများနှင့် စားသုံးသူများထံ ပိုမိုထိရောက်စွာ ဖြန့်ဖြူးရောင်းချပေး နိုင်ရန် ရည်ရွယ်ဖြင်းဖြစ်သည်။
FrieslandCampina အနေဖြင့် မြန်မာနိုင်ငံတွင် နို့ဆီ၊နို့စိမ်း မှ အာဟာရဖြည့် ကြာရှည်ခံ နွားနို့ အထိ နို့ထွက်ပစ္စည်း အမျိုးအစားများစွာကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်
ရှိပါသည်။ ထပ်မံတိုးချဲ့လိုက်သည့်
ဖြန့်ချိရေးစနစ်သည် ကုန်ပစ္စည်းများကို နေရာမရွေး ဝယ်ယူနိုင်စေရန်၊ မည်သည့်နေရာတွင် ဝယ်ယူသည် ဖြစ်စေ ဈေးနှုန်းမှန်ကန်မှုရှိနိုင်ရန်နှ
င့် ပစ္စည်းပြတ်လပ်မှုမရှိစေရန်အတွက် ဝန်ဆောင်မှုပေးနိုင်သည့်အပြင်
စားသုံးသူများအနေဖြင့်
မြန်ပြည်တစ်ဝှမ်းရှိ လက်လီအရောင်းဆိုင်များမှသည် စူပါမားကတ်များအထိ၊
စားသောက်ဆိုင်များသာမက လက်ဖက်ရည်ဆိုင်များတွင်ပါ ဝယ်ယူရရှိနိုင်စေရန်အတွက် အချိန်မီပို့ဆောင်
ပေးနိုင်ခြင်းဖြင့် FrieslandCampina အား ဈေးကွက်တွင်နေရာကောင်းရှိစေမည်ြ
ဖစ်သည်။
ဖြန့်ချိရောင်းချရေးကွန်ရက်သစ်
မှ လုပ်ငန်းပါတနာများ သို့မဟုတ် ထုတ်ကုန်ရောင်းချမှုများနှင့်
ပတ်သက်၍
သိလိုသည်များရှိပါက နီးစပ်ရာ ဖြန့်ဖြူးရောင်းချသူများထံသို့ လည်းကောင်း၊ ၀၁-၂၃၀-၅၃၇၄/၅ သို့လည်းကောင်း ဆက်သွယ်နိုင်သည်ဟု သိရသည်။
What's Related?
Coca-Cola မြန်မာနှင့် ILO မှ လက်လြီ...
MPT Branded ဆိုင်များကို စနေ တနင်္ဂနေ...
Social Impact Forum 2017 ကျင်းပမည်
No comments:
Post a Comment
Subscribe to:
Post Comments (Atom)
Top
No comments:
Post a Comment