Monday, January 23, 2017

Galaxy Note 7 ပေါက်ကွဲရခြင်းက ဘက်ထရီပြဿနာကြောင့်လို့ Samsung တရားဝင် ထုတ်ပြန်

Share it Please


ပြီးခဲ့သည့် လပိုင်းအတွင်းက ပေါက်ကွဲမှုပြဿနာကြောင့် ဈေးကွက်ထဲမှ ပြန်လည်သိမ်းဆည်း လိုက်ရတဲ့ Samsung Galaxy Note 7 ဗားရှင်းဟာ ဖုန်းဘက်ထရီချို့ယွင်းချက် ကြောင့် ဖြစ်တယ်လို့ ဆမ်ဆောင်းက တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

ဆမ်ဆောင်းက Galaxy Note 7 ကို ဖြန့်ချိရန် အလောတကြီး ပြင်ဆင်ခဲ့ကြပြီး ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဘက်ထရီရဲ့ ချို့ယွင်းချက်နှစ်ခုက Note 7 ဖုန်းအချို့ကို အပူလွန်ကဲစေခဲ့ပြီး အချို့ကမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီဖုန်းတွေမှာ ပါဝင်တဲ့ ဘက်ထရီက အရွယ်အစားကြီးမားလွန်းတာကြောင့် အပူလွန်ကဲမှုတွေ ဖြစ်ပွားခဲ့သလို ဘတ်ထရီတွေမှာ Positive (+) နှင့် Negative (-) တို့ကို ပိုင်းခြားထားတဲ့ အလွှာက ပါးလွှာနေပြီး အတွင်းပိုင်း ဆားကစ် ပတ်လမ်းတို ဖြစ်ပေါ်နိုင်ခြေ မြင့်တက်နိုင်ခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ယခုလို မီးလောင်ကျွမ်းမှုများလာခြင်း ဖြစ်ကြောင်း UL စစ်ဆေးချက်အဖြေကို ကိုးကားပြီး ဆိုပါတယ်။

ဆမ်ဆောင်းက ပထမပိုင်းဖြန့်ချိတဲ့ ဖုန်းတွေမှာသာ ပြဿနာဖြစ်ပွားခဲ့တာလို့ ဆိုခဲ့ပေမယ့် နောက်တကြိမ်ဖြန့်ချိတဲ့ ဖုန်းတွေမှာပါ တူညီတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့
တာကြောင့် နောက်ဆုံးမှာတော့ Note 7 ဖုန်းအားလုံးကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်။
ဒီပြဿနာကြောင့် ဆမ်ဆောင်းဟာ အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။

No comments:

Post a Comment