Tuesday, January 17, 2017

အမ်ပီတီ ဆင်းမ်ကတ်ကို MPT4U အက်ပလီကေးရှင်းဖြင့် မှတ်ပုံတင်ခြင်း နည်းလမ်းအဆင့်ဆင့်

Share it Please


အမ်ပီတီ၏ MPT4U အက်ပလီကေးရှင်းကိုအသုံးပြု၍ ကိုယ်တိုင်မှတ်ပုံတင်ခြင်းပြုလုပ်နိုင်မည့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ဖော်ပြပါ နည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါပြီ။ 

ပြုလုပ်ပုံ အဆင့်ဆင့်
ဒေါင်းလုတ်ပြုလုပ်ပုံ အဆင့်ဆင့်
၁) အသုံးပြုရန် App ကိုဒေါင်းလုတ် လုပ်ပါ။
Android အသုံးပြုသူများအတွက် အောက်ပါလင့်ခ်တွင် ဒေါင်းလုတ် လုပ်ပါ။
IOS အသုံးပြုသူများအတွက် အောက်ပါလင့်ခ်တွင် ဒေါင်းလုတ် လုပ်ပါ။

Log in ဝင်ရောက်ပုံအဆင့်ဆင့်
၁)  Log in ဝင်ရန်အတွက် Wifi ကိုပိတ်၍ MPT အွန်လိုင်းဒေတာကိုအသုံးပြုရမည်ဖြစ်ပါသည်။
၂) Web Self Care (care.mpt.com.mm) တွင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း မပြုလုပ်သေးလျှင် လျှို့ဝှက်နံပါတ်ကို ရိုက်ပါ။
၃) လျှို့ဝှက်နံပါတ်သည် အနည်းဆုံး ၈ လုံး ပါရှိရပါမည်။ ( ဂဏန်း သို့မဟုတ် အက္ခရာများ အားလုံးမဖြစ်ရပါ)

ဆင်းမ်ကတ်မှတ်ပုံတင်ဆောင်ရွက်ရန် ပြုလုပ်ပုံအဆင့်ဆင့်
၁) မိမိ၏ ကိုယ်ရေးအကျဉ်း (ကျွန်ုပ်) ကို ဝင်ပါ။
၂) မိမိ၏ နာမည်ကို ဖြည့်သွင်းပါ။
၃) မိမိ၏ မှတ်ပုံတင်နံပါတ်ကို ဖြည့်သွင်းပါ။
၎) ဓါတ်ပုံရိုက်ထားသော မိမိ၏ မှတ်ပုံတင် ရှေ့ဘက်ခြမ်းနှင့် နောက်ဘက်ခြမ်းကို ဖြည့်သွင်းပါ (သို့) ဓါတ်ပုံရိုက်ထားသော နိုင်ငံကူးလက်မှတ်ကို ဖြည့်သွင်းပါ။
၅) တင်သွင်းခြင်းဆောင်ရွက်ပါပြီ။


No comments:

Post a Comment